Monday, May 28, 2012

တက္ကသိုလ်သမဂ္ဂ အဆောက်အဦ ပြန်လည် တည်ဆောက်ခွင့်ရရေး အတွက် ဗကသမှ ဦးဆောင်ကြိုးပမ်းမည်

Ever November | 5/28/2012 07:58:00 PM | Best Blogger Tips
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတက္ကသိုလ်သမဂ္ဂနေရာဟောင်း၌သမဂ္ဂအဆောက်အဦ ပြန်လည်တည်
 ဆောက်ခွင့် ပြုရန်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) က ဦးဆောင်၍ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဗကသမှ သတင်းရရှိ ပါသည်။

“ကျွန်တော်တို့သမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ် သွားနိုင်ရေးအတွက် အဲဒါကို လိုလားတဲ့သူတွေ အားလုံးရဲ့လက်မှတ်ကိုရအောင် ကြိုးစားသွားမယ်။ ကြိုးစားသွားမယ်ဆို တဲ့နေရာမှာ လက်ရှိကျောင်းသားတွေ ချည်းပဲမဟုတ်ဘူး။ ကျောင်းသားဟောင်းတွေလည်း ပါမယ်။ ပြည်သူ တွေလည်းပါမယ်။ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတအကြံပေးတွေရဲ့ လက်မှတ်တွေကိုပါ ရနိုင်အောင် ကြိုးပမ်းသွားမယ်။ ပြီးရင်သမဂ္ဂရဲ့ နာရေးနေ့မှာ သမ္မတကြီးဆီကို စာပို့တင်ပြသွားမယ်” ဟု ဗကသ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုသီဟ၀င်းတင်က ပြောပါသည်။

အထင်ကရ အမျိုးသားခေါင်းဆောင်များ အားလုံး သမဂ္ဂမှမွေးထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သမဂ္ဂ၏ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသောအားဖြင့် အနာဂတ် မျိုးဆက်ခေါင်းဆောင်များ မွေးမြူရန်အတွက်  . . .
သမ္မတကြီးထံ တောင်းဆိုရန် အတွက် ဗကသ မှ ကြေညာချက် ထုတ်ပြန်ထားပြီး အဆိုပါ ကြေညာချက်တွင် ၁၉၂၉ ခုနှစ်ကတည်းက အုတ်မြစ်ချ တည်ဆောက်ထားခဲ့သော တက္ကသိုလ်သမဂ္ဂ အဆောက်အဦသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတစ်လျှောက် ဦးဆောင်မှုအခန်းက ပါဝင်ခဲ့သဖြင့် ကျွန်ုပ်တို့နိုင်ငံ၏ အထင်ကရ အမျိုးသားခေါင်းဆောင်များ အားလုံး သမဂ္ဂမှ မွေးထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ သမဂ္ဂ၏အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသောအားဖြင့် အနာဂတ် မျိုးဆက်ခေါင်းဆောင်များ မွေးမြူ ရန်အတွက် ကျောင်းသားသမဂ္ဂများ ကို ပြန်လည်အသက်သွင်းရန် အထူးလိုအပ်နေပါကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါသည်။
ထို့ပြင် အဆိုပါ ကြေညာချက် ၌ နိုင်ငံတော်သမ္မတ၏ အကြံပေး အရာရှိဖြစ်သူ ဒေါက်တာဦးမြင့် အနေဖြင့်လည်း ပြည်သူတစ်ရပ်လုံးသို့ သမဂ္ဂအဆောက်အဦ ပြန်လည်ရ ရှိရေးဆိုင်ရာ ကိစ္စရပ်ကို အကြံပြု တင်ပြထားသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရှိရပါကြောင်းစသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်းလည်း သိရှိရပါသည်။
ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ရှိ သမဂ္ဂ အဆောက်အဦသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1