Monday, May 28, 2012

လှိုင်သာယာစက်မှုဇုန်၌ လုပ်ခလစာနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော် စက်ရုံအချို့မှာ ညှိနှိုင်းသဘောတူညီမှုများ ရရှိ

Ever November | 5/28/2012 09:06:00 PM | Best Blogger Tips
ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သဖြင့် ပျော်ရွှင်နေသော စက်ရုံဝန်ထမ်းများကို တွေ့ရစဉ်
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ခလစာနှင့် ပတ်သတ်၍ ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအချို့တွင် ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သောကြောင့် အချို့ဆန္ဒထုတ်ဖော်စက်ရုံ ၀န်ထမ်းများမှာ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ခြင်းများ ပြုလုပ်နေပြီးဖြစ်ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအများစုမှာ မေလတတိယပတ်နှင့် စတုတ္ထပတ်များအတွင်း ညှိနှိုင်းပြေလည်မှုများ ရရှိခဲ့ပြီး အနည်းဆုံး အခြေခံလစာ ကျပ် ၂၅၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ တိုးမြှင့်ပေးခြင်း၊ OT ကြေးများထပ်မံတိုးမြှင့်ပေးခြင်း၊ ခွင့်ရက်များရှိပါကလည်း လစာအတွင်း မှ ဖြတ်တောက်ခြင်းများကို ရုတ်သိမ်းပေးခြင်း အစရှိသည့် အလုပ်သမားများတောင်းဆိုသော အချက်အများစုကို ရရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံဝန်ထမ်းများထံမှ သိရှိရသည်။
ညှိနှိုင်းပြေလည်မှု ရရှိခဲ့သော စက်ရုံများမှာ UNNO Myanmar Yes အထည်ချုပ်စက်ရုံ၊ စပယ်ပွင့်အထည် ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန်(၅)ရှိ Global Footware ဖိနပ်စက်ရုံ၊ နေမင်းအောင်အထည်ချုပ် စက်ရုံ၊ Mo Z (မိုဇီး) အထည်ချုပ် စက်ရုံ၊ Asia Rose ဖိနပ်စက်ရုံတို့ဖြစ် ကြောင်း သိရှိရပြီး ကျန်စက်ရုံများမှာမှု ညှိနှိုင်းမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း သိရှိရသည်။

''အခုလို ကိုယ့်ဆန္ဒကို အောင်မြင်စွာနဲ့ ဖော်ထုတ်နိုင်ခဲ့တာ အရမ်းဝမ်းသာဖို့ကောင်းတယ်။ ဒါပေမယ့် ကတိပေးပြီး ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်တော့ နောက်တစ်ခါဆန္ဒထပ် တောင်ဆိုသွားမှာပါ''ဟု ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမတစ်ဦးက ပြောကြားခဲ့သည်။

မေလ၂၇ရက်နေ့အထိ လှိုင်သာယာ စက်မှုဇုန်အတွင်း ညှိနှိုင်းပြေလည်မှု မရရှိသေးသည့် စက်ရုံပေါင်းခြောက်ရုံခန့် ကျန်ရှိနေကြောင်း၊ ရန်ကုန်မြို့အတွင်း အခြားစက်မှုဇုံများတွင်လည်း ဆန္ဒထုတ်ဖော်နေသော စက်ရုံအများစုမှ ညှိနှိုင်းမှုများမှာ အဆင်မပြေမှုများ ရှိနေကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1