Monday, May 28, 2012

ဘုရားသုံးဆူ ပြန်ပေးမှုတွေ သောင်းကျန်းလာ

Ever November | 5/28/2012 08:40:00 PM | Best Blogger Tips
လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ပြန်လည် အကြောင်းကြားခြင်း မရှိသေးသည့် ပြန်ပေးဆွဲမှု တခု တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထပ်မံဖြစ်ပွားခဲ့သည်။
ဘုရားသုံးဆူမြို့သည် ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားရာ နယ်စပ်မြို့တမြို့ ဖြစ်ပြီး လွန်ခဲ့သည့် မေလ ၈ ရက်နေ့တွင် လည်း လူ ၄ ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ရွေးယူရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

ဖမ်းဆီးခံရသူများမှာ ဘုရားသုံးဆူမြို့အနီး သီဟိုဠ်ခြံ အလုပ်သမား အသက် ၃၈ နှစ်ခန့်ရှိ ကိုသားပုနှင့် ကိုကျော်မြင့်နိုင် တို့ အပါအဝင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၃၊ နှင်းဆီလမ်းမှ အလုပ်သမားများနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ တပ်ရင်း ၃ ကျေးရွာရှိ ရာဘာခြံ အလုပ်သမားများ ပါဝင်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဘုရားသုံးဆူမြို့ခံ တဦးက ပြောသည်။

“လမ်းမှာ တွေ့သမျှ အကုန်လိုက်ဖမ်းတာပဲ။ သူတို့လုပ်ပုံက ဘာအစီအစဉ်မှ မရှိဘူး ထင်တယ်” ဟု သူက ပြောသည်။

သူ၏ အဆိုအရ ယခုပြန်ပေးအဖွဲ့မှာ ယခင် နိုင်ထွန်း ဦးဆောင်သည့်  “မွန်ပြန်လည် ထူထောင်ရေးပါတီ” တပ်ဖွဲ့ဝင်များ
ဖြစ်ပြီး လွန်ခဲ့သည့် သီတင်းပတ်တွင် ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးထံ ထိုင်းဘတ်ငွေ ၅ သိန်း တောင်းဆိုထားသည် ကို မရရှိသဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ယူဆနေသည်။

မေလ ၂၄ ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် စုပေါင်းဂိတ် ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ပြုလုပ်သည့် စစ်ဘက်၊ အရပ်ဘက်နှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးတွင် အစိုးရ အာဏာပိုင်အဖွဲ့မှ ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားနေသည့် ပြန်ပေးမှုကို မွန်ပြည်သစ်ပါတီအနေနှင့် ပါဝင်ဖြေရှင်းစေလိုကြောင်း အကူအညီ
တောင်းခဲ့သည်ဟု မွန်ပြည်သစ်၏ နိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့နှစ်ဖွဲ့နဲ့ သုံးဆူက ပြည်သူ့စစ်အဖွဲ့က သူတို့ (ပြန်ပေးသမား) သွားလာနိုင်တဲ့ လမ်းကနေ စောင့်နေ တယ်။ ကျနော်တို့ ကြားရတဲ့ သတင်းအရ ပြန်ပေးသမားတွေဟာ ထိုင်းဘက်ကမ်းကို ကူးသွားပြီ။ ကျနော်တို့ကို ထိုင်းနယ်မြေထဲ ၂ ကီလိုမီတာလောက် ဝင်ခွင့်ပြုပါလို့ ထိုင်းအာဏာပိုင်တွေကိုလည်း အကြောင်းကြားပြီးပြီ။ သူတို့က ဝင်ခွင့်မပြုတော့ ကျနော်တို့ အခက်တွေ့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ဖမ်းဆီးခံထားရသူများ၏ မိသားစုများနှင့် အဆက်အသွယ် ရပြီးပြီ ဖြစ်သော်လည်း
ပြန်ပေးသမားများက ငွေတောင်းခံခြင်းနှင့် ပတ်သက်ပြီး တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း သူက ပြောသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1