ထိုသို့အမှုဖွင့်အရေးယူရာတွင်
 သက်ဆိုင်ရာရဲစခန်းများမှ လက်ခံခြင်းမရှိဘဲ တရားရုံး၌သာ ဦးတိုက်   
လျောက်ထားရန်    ဆုံးဖြက်ခဲ့သော်လည်း၊ 
အချိန်ကြာမြင်မည်နှင်ထိရောက်မှုမရှိမည်ကို စိုးရိမ်၍ ကုလ 
သမ္မဂ္ဂလူ့အခွင့်အရေးကော်မရှင်၌်သာ တိုင်ကြားရန်ဆုံးဖြက်ခဲ့ခြင်းဖြစ်သည်။ 
 “ဖြစ်ဖြစ်ခြင်း(၂၄)ရက်နေ့ကဘဲ
 ကျွန်တော်တို့ အပိုင်ဖြစ်တဲ့ အမှတ်(၂)ရဲစခန်းမှာ အမှုသွားဖွင့် တယ်။သူတို့က
 အမှတ်(၁)မှာဘဲ ဖွင့်ဖို့ပြောတယ်။ အမှတ်(၁)လည်း ရောက်ကော တရားရုံးမှာဘဲ 
ဦးတိုက်ဖို့ ပြောလိုက်တယ်။ ဒါပေမယ့်ကျွန်တော်တို့အနေနဲ့ 
ကုလသမ္မဂ္ဂလူ့အခွင်အရေး ကော်မရှင် မှာဘဲ တင်တော့မယ်”ပာု လူ့အခွင် 
့အရေးမြှင့်တင်ရေးကွန်ယက်(HRDP)မှ ကိုသိန်းမင်းထွန်က ပြောသည်။
 ပြည်မြို့မှ
 ရိုက်နှက်ခံရသူများက ၄င်းတို့ကို ရိုက်နှက်သော အာဏာပိုင်များအား 
ပုဒ်မ(၃၄၀)အကြမ်း ဖက်အမှုဖြင့် ဇွန်လ(၁)ရက်တွင် 
မြန်မာနိုင်ငံအခြေစိုက်ကုလသမ္မဂ္ဂလုအခွင့်အရေးကော်မရှင်တရားရုံး၌ 
တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။
 “ကျွန်တော်အနေနဲ့
 ဒီအမှုကို ဆိုးရွားသောအကြမ်းဖက်မှုအနေနဲ့ ပုံဖော်သွားမှာပါ။ပြီးတော့ တရား 
လွှတ်တော် အဆင့်ဆင့်  ကိုပို့မယ်။ ဒါပာာ အာဏာပိုင်ဘက်က 
ဖွဲစည်းပုံအခြေခံဥပဒေကို ချိုးဖောက် တာပါဆိုတာကို သက်သေပြမယ်။ 
နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုလည်းစာပို့ မယ်။”ပာု 
အကြမ်းဖက် ခံရသော ပြည်မြို့ခံများဘက်က အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ 
ဦးမြင်အေးက ဆိုသည်။
 အကြမ်းဖက်မှုဖြင့်
 ရိုက်နှက်ခံရသူများ၏ ကိုယ်စား တရားဆွဲဆိုမည့်သူများမှာ 
ကိုအောင်မိုးကျော်(ခ) ဖြူဖွေးနှင့် မဌေးဌေးတိုတို ဖြစ်ပြီး၊ 
တရားစွဲလိုသူများအနေဖြင့် အကြမ်းဖက်ရိုက်နှက်ရန် အမိန်ပေးခဲ့ သော 
ခရိုင်ရဲမှူးနှင့် မြို့နယ်ရဲမှူးတို့အား အဓိက ဦးတည် 
လျောက်ထားသွားမည်ဖြစ်သည်။
 ထိုပြင်
 ပြည်အကျဉ်းထောင်ထဲ၌ ဖမ်းဆီးခံရခြင်းနှင်ပတ်သတ်၍ 
မတရားဖမ်းဆီးရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ၄င်းနှင့်ပတ်သတ်၍လည်း 
ကုလသမ္မဂ္ဂလူအခွင့်အရေးကော်မရှင်၊နိုင်ငံတော်အဆင့် စစ်ဆေးရေးကော်မရှင် 
ရုံးများ၌ တရားစွဲဆိုမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင်အေးက 
ဆက်လက်ပြောသည်။
 ပြည်လျှပ်စစ်တောင်းဆိုမှုမှာ
 မေလ(၂၂)ရက်နေ့က စတင်၍ မေလ(၂၄)ရက်နေ့တွင် အာဏာပိုင်များမှ 
အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ပြည်မြို့ခံ(၆)ဦးအား ခေါ်ယူစစ်ဆေးစဉ် 
အကျဉ်းချကာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုကာ ပြန်လည်လွှတ်လိုက်ကြောင်း သိရသည်။
 အဆိုပါရိုက်နှက်ခံရသူများမှာ
 HRDP အဖွဲ့အစည်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ပါတီဝင် 
များဖြစ်ကြောင်းကိုလည်း ဒီချုပ်ပါတီဝင်တစ်ဦးဖြစ်သည့် ကိုမျိုးသူထွဋ်က 
ဆိုသည်။
စောဇင်ညီ(မြစ်မခ) 


No comments:
Post a Comment