Friday, May 11, 2012

 ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Ever November | 5/11/2012 09:38:00 AM | Best Blogger Tips


ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆီကော်စကီသည် မေလ ၁၀ ရက်နေ့ညနေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး ဆီကော်စကီက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်ကြောင်း၊ မြန်မာနိုင်ငံတွင် လွှတ်တော်ပီပြင်စွာ ဖြစ်ထွန်းလာမှုကို မြင်တွေ့ရသည့်အတွက် ၀မ်းသာကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း၊ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးသည် လွယ်ကူသည့် လုပ်ငန်းတစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိုလန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း ဦးစွာပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး ဆီကော်စကီ၏ ခရီးစဉ်သည် ပိုလန်နိုင်ငံ၏ အဆင့်မြင့်အစိုးရ အဖွဲ့ဝင်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အခန်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုခရီးစဉ်သည် ပိုလန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးနှစ် ၂၀ ကျော် အတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မျှဝေနိုင်မည်ဟု ပိုလန်က မျော်လင့်ထားသည်။ နိုင်ငံခြားရေးဝန်ကြီး ဆီကော်စကီ၏ ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် ကျောင်းနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများအတွက် ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်ခဲ့သည်။ ဘူမိဗေဒနယ်ပယ်တွင် သိပ္ပံနှင့်သုတေသန ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး၊ မြန်မာဘူမိဗေဒ ပညာရှင်များအတွက် Ph.D ပညာသင်ဆုများ ပိုလန်က ပေးမည် ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဆီကော်စကီနှင့်အတူ စီးပွားရေးကိုယ်စားလှယ်များ လိုက်ပါခဲ့ရာ သတ္ထုတွင်းလုပ်ငန်း၊ သင်္ဘောကျင်းလုပ်ငန်း၊ ရထားပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1