AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကို ကာကွယ်နိုင်ဖို့ ဆေးဝါး သစ်တမျိုးကို
ပထမဆုံးအနေနဲ့ ဗဟိုအစိုးရ အတည်ပြုချက်ပေးဖို့ ၀ါရင့် အမေရိကန်
ဆေးပညာရှင်အဖွဲ့တဖွဲ့က ထောက်ခံ ချက်ပေးလိုက်ပါတယ်။
ကြာသာပတေးနေ့က သီးခြားလွပ်လပ်တဲ့ ဆန္ဒမဲပေးပွဲ နှစ်ခုပြုလုပ်ပြီး
အမေရိကန် ပြည်ထောင်စုအစား အသောက်နဲ့ ဆေးဝါး ဆိုင်ရာ အုပ်ချုပ်ရေး FDA ရဲ့
အကြံပေးအဖွဲ့က Truvada ဆေးဝါးကို ထောက်ခံ ချက် ပေးခဲ့ကြပါတယ်။
HIV ရောဂါစွဲကပ်နေသူတဦးနဲ့ အတူပေါင်းသင်းနေထိုင်ရ တာကြောင့်
ရောဂါကူးခံရဖို့ အလားအလာရှိတဲ့ လိင်တူချစ်သူ စုံတွဲနဲ့ လိင်မတူတဲ့ချစ်သူ
စုံတွဲတို့အတွက် မဲပေးဆုံးဖြတ်ခဲ့ တာပါ။ တနေ့တလုံးသောက်ရတဲ့ ဒီဆေးဝါးကို
HIV ရောဂါရှင်တွေ သောက်သုံးမယ့် ဆေးအဖြစ်ညွှန်ကြားပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ HIV ရောဂါကာကွယ်ကုသရေးအတွက် ပထမဆုံး ဆေးဝါး တမျိုးအဖြစ်
အတည်ပြုပေးဖို့ကို FDA ကခုမှ ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။ FDA အနေနဲ့
အကြံပေး အဖွဲ့ရဲ့ ထောက်ခံချက်ကို အမြဲလိုက်နာရမယ့် တာဝန်မရှိပေမဲ့ များသော
အားဖြင့်တော့ အကြံပေးအဖွဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလေ့ ရှိပါတယ်။ ဒီကိစ္စနဲ့
ပတ်သက်လို့ JUNE လ ၁၅ ရက်နေ့မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။
VOA
No comments:
Post a Comment