Monday, May 28, 2012

အောင်မင်္ဂလာအဝေးပြေးအတွင်းရှိ လမ်းများအား ပြင်ဆင်ချဲ့ထွင်သွားမည်

Ever November | 5/28/2012 08:44:00 PM | Best Blogger Tips
၂၀၁၂-၂၀၁၃ဘဏ္ဍရေးနှစ်တွင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိလမ်းများအား  ပြင်ဆင်ချဲ့
ထွင်   ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်မင်္ဂလာယာဉ်ရပ်နားစခန်းရှိ စည်ပင်အခွန်ဌာနခွဲက သိရသည်။ 
 
“ ဒီနှစ်ဘဏ္ဍရေးနှစ်မှာ ကားဝင်းကြီးထဲက လမ်းချဲ့ဖို့ ပြင်ဖို့ကိစ္စတွေကို အဓိကထားလုပ် သွားမှာပါ။ ၀င်းခြံ စည်းရိုးကိုလည်း လာမယ့်နှစ်တွင်း ပြင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ကားကြီးတွေ လမ်းကျဉ်းတော့ ရှောင် ရတိမ်းရ ခက်တာတွေကို တွေ့ရလို့ ကျွန်တော်တို့ အနေနဲ့ ညှိနှိုင်းဆွေးနွေးတင်ပြဆောင်ရွက် သွားဖို့ရှိတယ် ” ဟု အောင်မင်္ဂလာကားဝင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(အခွန်ဌာနခွဲ)် ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောသည်။     
 
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၏ ယာဉ်ဝင်ယာဉ်ထွက် ဂိတ်ဝင်ကြေးကောက်ခံမှုကို ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လုပ်ငန်းရှင် ဦးစိုးမြင့် က ကျပ်သိန်းနှစ်သောင်းဖြင့် လေလံဆွဲခဲ့ကြောင်းသိရသည်။
 
အဆိုပါ ကားဝင်အတွင်းမှ ရရှိသော အခွန်အခများကို တိုင်းဒေသကြီးအစိုးရအစိုးထံအပ်၍ ၄င်းမှ ပြန်လည်ခွဲ   ပေးသော ဘတ်ဂျတ်ငွေဖြင့် အောင်မင်္ဂလာကားဝင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုကြောင်း သိရှိရ သည်။
 
 “တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘတ်ဂျတ်ငွေနဲ့ လမ်းပြင်ဖို့ကိစ္စတွေ လုပ်သွားမှာပါ။ ဒီနှစ်ကိုတော့ ကျပ် သိန်း (၁၆၀၀)လောက်နဲ့ ကားလမ်းတွေပြင်ဆင်နိုင်မယ်လို့ မှန်းထားပါတယ်” ဟု ဦးဥာဏ်ထွန်းအောင်က ဆက်ပြော သည်။     
 
အဆိုပါ ကားဝင်းအတွင်း ဖွင့်လှစ်ထားသော ဆိုင်ခန်းများအား တစ်နှစ်စာလိုင်စင်ခွန် အနေဖြင့် စားသောက်ဆိုင် အတွက် တစ်လလျှင်(၂၅၀၀၀) ကျပ်၊ စတိုးဆိုင်ခန်းတစ်ခန်း အတွက်တစ်လလျှင် (၁၅၀၀၀ ) ကျပ်၊တည်းခိုခန်း များ အတွက်  (၁ယောက်ခန်း- ၂၀၀၀ ကျပ်၊ ၂ယောက်ခန်း-၄၀၀၀ ကျပ်) အခန်းအရေအတွက်ပေါ် မူတည်၍   ကောက်ခံကြောင်း သိရသည်။
 
“အရင်က ကျွန်မတို့ ဆိုင်ခန်းတစ်ခန်းအတွက်ကို လိုင်စင်ခွန်က နှစ်သောင်းပဲရှိတယ်။ အခုဆို နှစ်သောင်းခွဲ   ဖြစ်သွားတယ်။ ပြီးတော့ အိမ်တို့ အခန်းတို့ ငှားသလိုမျိုး ဆိုင်ခန်းငှားခက လစာကို (၄၅၀၀) ပေးရတယ်။ လိုင်စင်ခွန်ရော အခန်းခရော ပေါင်းလိုက်ရင် တစ်လကို စားသောက်ဆိုင်တစ်ခန်းကို သုံးသောင်းလောက်   ပေးရတယ်။” ဟု အောင်မင်္ဂလာကားဝင်းတွင် စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးက ဆိုသည်။  
 
အောင်မင်္ဂလာကားဝင်းကြီးအား ၂၀၀၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အ၀န်းမှာ (၆၈.၅၇၄)ဧကရှိကြောင်း၊ ကားဂိတ်ခန်းဖွင့်လှစ်ထားသော အခန်းအရေအတွက် (၂၄၃)ခန်းနှင့် ဆိုင်းခန်းအမျိုးမျိုး(၆၀၆)ခန်း ရှိသည်။
အောင်ကိုကိုလတ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1