Monday, May 28, 2012

 အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့်ဇနီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိ

Ever November | 5/28/2012 08:20:00 PM | Best Blogger Tips
အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် ဇနီးကို နေပြည်တော် 
အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဇနီးတို့၏ဖိတ်ကြားချက်အရ ချစ် ကြည်ရေးခရီးလာရောက်သော အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း နှင့် ဇနီးသည် မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာ ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယ၀န်ကြီးချုပ်နှင့်ဇနီးအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြပြီး  ခေတ္တတည်းခိုသည့် ရွှေနန်း တော်ဟိုတယ်သို့ ဆက်လက်ထွက် ခွာခဲ့ကြကြောင်း မြန်မာ့ရုပ်မြင်သံ ကြားမှ သတင်းဖော်ပြချက်အရ သိရှိ ရသည်။
အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် မေလ ၂၇ ရက် နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံ တွင် နေထိုင်မည်ဖြစ်ပြီး မေလ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ကာ မေလ ၂၉ ရက်နေ့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် ပြီးခဲ့သည့် ၂၅နှစ် တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော အိန္ဒိယ ၀န်ကြီးချုပ်တစ်ဦးဖြစ်ပြီး ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်အား သွား ရောက်ဖူးမြော်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1