Monday, May 28, 2012

Facebook ပေါ်က အပြောင်းအလဲများ

Ever November | 5/28/2012 08:25:00 PM | Best Blogger Tips
အရင်တုန်းက facebook ကို တနေ့ကို ၁၂ နာရီ နီးပါးလောက် သုံးနေတတ်တဲ့ ကျမကို ခုတော့ ခင်ပွန်းသည်က   မေးလာခဲ့တယ်။ facebookကို ဘာကြောင့် အရင်တုန်းကလို မသုံးတော့တာလဲတဲ့။
 
ကျမ ပြုံးရင်းသူ့ကို ပြောပြတယ်။ facebook သုံးရတာ အရင်ကလို မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းလောက်တုန်းကထိ facebook ကသုံးလို့ကောင်းနေခဲ့တယ်။
 
သတင်းတွေက စက္ကန့်တိုင်း တက်နေတော့ သတင်းတွေက လတ်ဆတ်တယ်၊ သတင်းဝက်ဆိုဒ်တွေ ၀င်မကြည့်ခင် facebook ဖွင့်လိုက်ရင်ပဲ သတင်းတွေအကုန်လုံးနီးပါး ဖတ်ခွင့် မြင်ခွင့်ရတယ်။
 
ခုတော့ ဒီလို မဟုတ်တော့ဘူး။ facebook ကနေ မထိတထိတွေ ပြောကြ၊ ရန်ဖြစ်ကြ၊ ဆဲကြနဲ့ မြင်ရတာ စိတ်ဆင်းရဲဖို့   ကောင်းတယ်လို့ ကျမက ခင်ပွန်းကို ပြန်ပြောဖြစ်ပါတယ်။
 
ကျမက ရန်ဖြစ်ခြင်းနဲ့ မရင်းနှီးပါဘူး။ သူများကိုလည်း ရန်မလုပ်ပါဘူး၊ ကိုယ့်ကို လာပြီး ရန်လုပ်ရင်လည်း မသိချင်ယောင်   ဆောင်နေခဲ့  ပါတယ်။ ရန်ဖြစ်ခြင်းဟာ မရင့်ကျက်သူတွေမှာ ဖြစ်တာလို့ နားလည်မိတော့ ရန်ဖြစ်ခြင်းကိုလည်း အားမပေးခဲ့မိဘူး။ အားပေးနေတဲ့ သူတွေကိုလည်း မနှစ်သက်ပါဘူး။
 
ရန်ဖြစ်တာထက်ပိုဆိုးတာက ဆဲကြတာပါ၊ တလောတုန်းကဆိုရင် တော်တော်ဆိုးပါတယ်။ facebook ကနေ ဆဲတာက facebook သုံးစွဲနေသူ အားလုံးကို ဆဲလိုက်သလိုပါပဲ။
 
ရန်ဖြစ်တာကို like လုပ်တဲ့ သူတွေကိုလည်း အံ့သြရ၊ ဆဲ တဲ့ အသုံးအနှုန်းတွေ မယဉ်ကျေးတာတွေကိုလည်း like လုပ်ထား တာတွေ တွေ့ရတော့ တော်တော်လေးလည်း အံ့သြရတယ်၊ စိတ်လည်း ပျက်ရပါတယ်။
 
ဘာမှ မဟုတ်သော အကြောင်းအရာတွေနဲ့ ရန်ဖြစ်ကြ ဆဲနေကြ မပြီးနိုင် မဆီးနိုင်တွေ ဖြစ်နေကြတဲ့အတွက် အရင်ကလို facebook ဟာ လတ်ဆတ်သော သတင်းဖလှယ်ရာ လူမှုကွန်ယက်အသွင်ကနေ ရန်ဖြစ်ရာ ကွန်ယက်တခုလို   ဖြစ်လာတော့တာပါပဲ။
 
ဒီကြားထဲမှာ သအရေဖျက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းရာတွေကို ဖတ်မိ မှတ်မိနေတော့ facebook ပေါ်က မိတ်ဆွေများအတွက်လည်း စိတ်ပူမိပါတယ်။
 
facebookပေါ်က မိတ်ဆွေများလို့ ပြောတာ အားလုံးကို ရည်ညွှန်းပါတယ်။ ကျမရဲ့မိတ်ဆွေ ၅ ထောင်ကျော်သာမက မိတ်တွေ ၅ ထောင်ကျော်ရဲ့ မိတ်ဆွေများလည်း ပါဝင်ပါတယ်။
 
facebook ပေါ်မှာ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေခဲ့ရင် တရားဥပဒေအရ တရားစွဲလို့ရကြောင်း သိရပါတယ်။
 
တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို နှုတ်ဖြင့် ထိပါးပါက သွားပုပ်လေလွင့်ပြောဆိုခြင်း( Slander) လို့ ခေါ်ပါတယ်။ စာဖြင့် ရေးသားထိပါးပါက သိက္ခာချခြင်း (Libel) လို့ ခေါ်ပါတယ်။ မိမိအသရေဖျက်ခဲ့သူကို လျော်ကြေးအဖြစ် ငွေကြေး (Damages)လျော်ကြေးအဖြစ် ပေးရမဲ့ ငွေပမာဏက အသရေဖျက်ခံရသူရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှု အတိုင်းအတာပေါ်မှာ မူတည်ပါတယ်။
 
သတင်းဂျာနယ်မှာ မဟုတ်ဘဲ အင်တာနက်က လူမှုကွန်ယက်တွေမှာ ရေးသားတဲ့ အတွက် အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရလိမ်မှာ မဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့။အင်တာနက်နဲ့ လူမှုကွန်ယက်တွေက တကမ္ဘာလုံးကို ပျံ့နှံ့စေတဲ့အတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ဂျာနယ်မဂ္ဂဇင်းတွေထက်ပိုပြီး ပျံ့နှံ့အားကောင်းခြင်း ဖတ်ရှု့သူအကန့်အသတ်မဲ့ခြင်းတွေကြောင့်   လျော်ကြေးပေးရမဲ့ ပမာဏကလည်းပိုပြီး များနိုင်ပါတယ်။
 
နာမည်ရင်းနဲ့ မဟုတ်သော ပရိုင်ဖိုင်းအမှန်နဲ့ မဟုတ်သူများကိုလည်း ဘယ်သူ ဘယ်ဝါဆိုတာကို ရှာဖွေပြီး တရားစွဲဆိုလို့ရတဲ့ အတွက် သုံးစွဲသူဟာ no profile နဲ့ မဟုတ်လို့ ဆိုပြီး အခြာသူ တဦးဦးကို မဆင်မခြင် လွန်လွန်ကျူးကျူးတွေ မပြောမိ၊ မရေးမိကြပါနဲ့ no profile တွေကိုလည်း ရှာဖွေပြီး တရားစွဲဆိုလို့ရပါတယ်။
 
ကျမအနေနဲ့ကတော့ facebook ထဲက မိတ်ဆွေတဦးဦးကနေ တဦး တယောက်ကို ပုဂ္ဂိုလ်ရေး ထိပါးရေးသားတာပဲဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာတွေကိုပဲဖြစ်ဖြစ် လွန်လွန်ကျူးကျုးတွေ ရေးသားနေကြတာကို ဖတ်မိတဲ့အခါတိုင်း စိတ်နောက်မိတဲ့အပြင် စိုးရိမ်မိပါတယ်။ facebook ထဲမှာ ရေးသားမှုကြောင့် ဘယ်သူ့ဘယ်သူကိုမှတော့ တရားစွဲဆိုမှုတွေနဲ့ မကြုံကြရသေးပါဘူး။ ကြုံရတဲ့အခါမျိုး ရှိလာနိုင်ကြောင်းကိုလည်း စေတနာနဲ့သတိပေးပါရစေ။
 
 
ပြီးတော့ ခုလို facebook မှာ ရန်ဖြစ်နေတာတွေကို ဖတ်ရတဲ့ သူတွေအနေနဲကလည်း စိတ်ညစ်နှုးရပါတယ်။ ကိုယ့်ကြောင့်   သူတပါး စိတ်အနှာက်အယှက်ဖြစ်စေခြင်းကို လူကြီးလူကောင်းတွေက ဆင်ခြင်ကြပါတယ်။
 
  facebook မှာ အချင်းချင်း ခင်မင်နေကြရာကနေ ဘာကြောင့် ခုလို ဖြစ်နေကြတာလဲ ဆိုတာလည်း စဉ်းစားလို့မရဘူး။ အထူးသဖြင့် ကျမ လေးစားတဲ့ သူတွေ ချစ်ခင်တဲ့သူတွေကို ရန်ဖြစ်တဲ့ ထဲမှာ တွေ့နေရရင်လည်း စိတ်ထဲ တမျိုးခံစားရတယ်။ ရန်မဖြစ်စေချင်ဘူး။ အားလုံးကို ရင့်ကျက်စေချင်တယ်။
 
အရင်ကလိုပဲ facebook မှာ သတင်းဖလှယ်ကြရင်း အားလုံးချစ်ချစ်ခင်ခင် လေးလေးစားစားနဲ့ပဲ ရှိစေချင်ပါတယ်ရှင်။
 
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

မေသင်္ကြန်ဟိန်း

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1