တနင်္လာ နေ့က Apollo ကဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် အဆိုရှင် Justin Beiber၏unplugged ဖျော်ဖြေပွဲမှာ အခက်အခဲများ ဖြစ်ခဲ့ရကာသီဆိုနေစဉ်အတွင်းအချို့သောစက်များတွင်ပါဝါ ပြတ်တောက်မှု ဖြစ်ခဲ့ရကြောင်း သိရသည်။ ယခုလို ဖြစ်ရပ်မှာ ဖျော်ဖြေပွဲ ပြီးခါနီး အချိန်တွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပြီး Beiber အနေဖြင့် ပွဲမပျက်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
ယခုပွဲမှာ သီးသန့် ပြုလုပ်သည့် ပွဲတစ်ခု ဖြစ်ပြီး ပွဲတွင် ဖျော်ဖြေသည့်
ပစ္စည်း ကိရိယာ အများစုမှာ ရုတ်တရက် မီးပြတ်ခဲ့ရကာ ပြတ်တောက်မှုများ
ဖြစ်ခဲ့ရကြောင်း ၎င်း၏ မန်နေဂျာ ဖြစ်သူ Scooter Braun မှ ပြောကြားခဲ့သည်။
ထို့အပြင် ယင်းအချိန်က မီးလောင်သည့် အချက်ပေး ခေါင်းလောင်းသံများလည်း
ထွက်ပေါ်လာခဲ့ကြောင်း ပြောခဲ့သည်။ ဘီဘာ အနေဖြင့် ယခုလို ပြတ်တောက်မှုများ
ကြုံခဲ့သော်လည်း ၎င်း၏ ပရိသတ်များမှာ သံပြိုင် သီဆိုမှုများဖြင့် သီဆိုမှု
ပြီးဆုံးအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
ယခုလို ပြတ်တောက်မှုတွင် စတိတ်စင်ပေါ်မှ ပစ္စည်း အချို့နှင့် မီးအလင်းပေးမှု
အချို့ကို ထိခိုက်ခဲ့ကာ ပွဲပြီးချိန် နီးကပ်သည့် အချိန်အတွင်း
ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ယခုလို ဖြစ်ရပ်မှာ မူလက ၁ မိနစ် ၂ မိနစ်ခန့်ဟုသာ
ထင်ခဲ့သော်လည်း မိနစ် ၄၀ ကျော်ကြာ အထိ ကြာမြင့်ခဲ့ရကြောင်းလည်း သိရသည်။
ယခုလို ဖြစ်ရပ်အတွက် Beiber မှာ ပြတ်တောက်မှုများ ဖြစ်နေစဉ် အတွင်း
ပရိသတ်များနှင့်အတူ အချိန်ုဖြုန်းခဲ့ကြောင်းလည်း သိရသည်။
AP
No comments:
Post a Comment