Wednesday, June 20, 2012

သတင်းစာဆရာ လူထုစိန်ဝင်း၏နောက်ဆုံးခရီးသို့ ပို့ဆောင်သူ တစ်ထောင်ဝန်းကျော်

Ever November | 6/20/2012 08:39:00 AM | Best Blogger Tips

သတင်းစာဆရာလူထုစိန်ဝင်း၏အသုဘအခမ်းအနားသို့ နိုင်ငံရေးပါတီဝင်များ၊(၈၈)မျိုးဆက်ကျောင်း
သားများ၊စာရေးဆရာများ၊ကဗျာဆရာများ၊စာဖတ်ပရိတ်သတ်များအပါအဝင်လူဦးရေ(၁၀၀၀)ဝန်ကျင်
ခန့်က ရေဝေးသုသာန်သို့လာရောက်၍ နောက်ဆုံးခရီးအား ဂါရဝပြုခဲ့ကြသည်။

“စာရေးသားမှု၊ တွေးခေါ်မှုတွေကို စံနမူနာပြအနေနဲ့ပြောပါလို့ဆိုရင်ဆရာလူထုစိန်ဝင်းဟာ စံနမူနာပြရမယ့် လူတစ် ယောက်ဖြစ်တယ်။သူ့ရဲ့အစဉ်အလာ၊သူ့ရဲ့ရပ်တည်ချက်၊သူ့ရဲ့တွေးခေါ်ပုံတွေကိုအမြဲတမ်းနမူနာ
ယူပြီးတော့အတုယူပြီးတော့ဆက်လုပ်သွားကြမယ်ဆိုရင် မြန်မာပြည်ရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ကာလရောက်တဲ့အချိန်မှာ သတင်းစာဆရာတွေရဲ့ရပ်တည်ချက်တွေဟာပိုပြီးတော့မြင့်မားလာလိမ့်မယ် တောက်ပြောင်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟုဝါရင့်သတင်းစာဆရာဆရာမောင်ဝံသက ရေဝေးသုသာန်တွင် ပြောကြားသည်။

ဆရာလူထုစိန်ဝင်းသည် ပုံမုန်အားဖြင့် တစ်ရက်လျှင်ဆောင်းပါးနှစ်ပုဒ်နှုန်းနေ့စဉ်ရေးသားခဲ့သော ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၎င်း၏နောက်ဆုံးဇွန်လ(၆)ရက်နေ့တွင် ရေးသားခဲ့သောဆောင်းပါးမှာ
“ပြန်လာပြီဗျို့”ဟူ၍ဖြစ်ပြီး ထိုဆောင်း ပါးကို ပြီးဆုံးအောင်ရေးမသွားနိုင်ခဲ့ပေ။

“အကယ်၍များ နောင်ဘဝဆိုတာရှိခဲ့ရင်စာရေးဆရာ၊သတင်းစာဆရာ၊လူငယ်တွေဘက်ကနေ၊လူငယ်တွေရှေ့ကနေပြီး တော့ ရပ်တည်မယ့်ပုဂ္ဂိုလ်မျိုးအနေနဲ့ခေါင်းဆောင်ရှေ့ဆောင်ပုဂ္ဂိုလ်မျိုးအနေနဲ့ဆက်ပြီးတော့ နောက်ဘဝအသစ်
မှာဆောင်ရွက်နိုင်ပါစေ ကြိုးပမ်းနိုင်ပါစေ အားထုတ်နိုင်ပါစေလို့ကျွန်တော်မှာကြားချင်ပါတယ်”ဟု ဝါရင့် သတင်စာဆရာ ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

ဆရာလူထုစိန်ဝင်းသည် ၁၉၆၄ ခုနှစ်မှစတင်ကာ လူထုသတင်းစာတိုက်တွင်ဂျာနယ်လစ်တစ်ဦးအနေဖြင့် စတင်လုပ်ကိုင်ခဲ့ပြီးအကျဉ်းထောင်(၂)ကြိမ်ကျခဲ့ကြောင်းသိရသည်။၁၉၈၀ ပြည့်နှစ်တွင်အင်းစိန်အ
ကျဉ်းထောင်မှပြန်လည်လွတ် မြောက်လာပြီး ညာဘက်ကိုယ်တစ်ခြမ်းသေနေရာမှ ဘယ်လက်ဖြင့်
စာရေးကျင့်ပြီး ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သူတစ်ဦးဖြစ်သည်။
“ကျွန်တော်တို့ မျိုးဆက်ကို ဆရာသင်ပေးခဲ့တဲ့ ကျေးဇူးတရားတွေကိုဖော်ထုတ်ရပါလိမ့်မယ်။ ဆရာဟာ စာအုပ်တွေထဲက ပြောခဲ့ယုံတင်မကပါဘူးကျွန်တော်တို့ ထောင်ထဲရောက်တဲ့အခါမှာ နောက်ဆုံးအချိန်တွေ
မှာစာဖတ်ခွင့်ရပါတယ်။ အဲဒီ့မှာ ဆရာဟာ သူ့စာအုပ်တွေကို မရောက်ရောက်အောင်ပို့ပါတယ်။ စာရေးရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်အားစိုက်ပြီးတော့ ရောက်အောင် ပို့ခိုင်းပါတယ်။ ကျွန်တော်တို့မျိုးဆက်တွေနဲ့ နောက်မျိုးဆက်တွေဟာဆရာ့စာအုပ်တွေ ဖတ်ပြီးတော့ ကျွန်တော်တို့ ပိတ်ဆို့ခဲ့သမျှကွာကျခဲ့တာတွေရှိပါတယ်”ဟု(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ကပြောသည်။

သတင်းစာဆရာဆရာလူထုစိန်ဝင်း(အသက် ၇၂ နှစ်)သည် ဇွန်လ ၁၇ ရက်နေ့ည(၁၁)နာရီခွဲ အချိန်တွင် နာတာရှည် အဆုတ်ရောဂါဖြင့်ရွှေဂုံတိုင်အထူးကုဆေးခန်းတွင် ကွယ်လွန်ခဲ့သည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1