Wednesday, June 20, 2012

အပေါ်ကားဈေး ၃၀% ကျဆင်းနေ၊ ကားဈေးဆက်လက် ကျဆင်းဖွယ်ရှိ

Ever November | 6/20/2012 09:54:00 AM | Best Blogger Tips
ရန်ကုန်ကားဈေးကွက်တွင် အပေါ်ကားများ ၃၀ ရာခိုင်နှုန်းခန့်ဈေးနှုန်းကျဆင်းကာ အရောင်းဝယ်ဖြစ် ပေါ်လျှက်ရှိပြီး ကားဈေးနှုန်း များဆက်လက်ကျဆင်းဖွယ်ရှိကြောင်း  ဟံသာဝတီကားရောင်းစခန်းက သိရသည်။
 
ရွှေးငါးဟုခေါ်သောလူကြိုက်များ အပေါ်နံပါတ်မြင့်ကား မော်ဒယ်(၂၀၀၂) သိန်းနှစ်ရာနှင့် အရောင်း အ၀ယ်ဖြစ်ပေါ်နေပြီး၊ ဗတ်တာ အမျိုးစား အင်ဂျင်ပါဝါ (၀.၃) ကားများသည် သင်္ကြန်မတိုင်ခင် ငွေ ကျပ်သိန်း (၂၃၀)နှင့်ရောင်းချနေရာမှ ယခုသိန်း(၂၀၀)နှင့် အရောင်းဝယ်ဖြစ်နေခြင်း ဖြစ်သည်။
 
အဆိုပါကားဈေးကျရဆင်းရခြင်းမှာ ကားတင်သွင်းခအခွန်အခများလျှော့ချနေခြင်းနှင့် ဒေါ်လာဈေး အတက်အကျ အပေါ်တွင် မူတည်နေကြောင်း ကားအကျိုးဆောင်များက သုံးသပ်ပြောဆိုကြသည်။
 
“ကားဈေးက ဒေါ်လာဈေးပေါ်မှာလည်း မူတည်တော့ ဒေါ်လာဈေးတက်လာရင်တော့ ဒီထက်မကျပါဘူး ဒါပေမယ့် ဒေါ်လာဈေး မတက်ဘူး အခွန်တွေလဲလျှော့တယ်ဆိုရင်တော့ ဒီထက်ကျဆင်းဖို့ရှိ တယ်”ဟု ကားအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုဂျော်နီ ကပြောသည်။
 
ယခုကားဈေးကွက်သည်သင်္ကြန်ပြီးကာလထက် ကျဆင်းနေခြင်းဖြစ်သလို၊ ကြိုက်ရောင်း ကြိုက်ဝယ် ဖြင့် ၀ယ်ယူမှုမျုားနေကြောင်းနှင့် ကားဈေးနှုန်။များ ကျဆင်းနေသော်လဲ အရောင်းဝယ်ဖြစ်ပေါ်လျက် ရှိကြောင်း ကိုဂျော်နီကဆက်ပြောသည်။
 
ရွှေငါးအပေါ်နံပါတ်မြင့်ကားများသည် ယခင်က မော်ဒယ် ၂၀၀၂ သိန်းနှစ်ရာကိုးဆယ်နှင့် အရောင်း ၀ယ်ဖြစ်နေကြောင်း၊ ပါဂျဲရိုးကားများသည် သိန်းငါးရာ့ငါးဆယ် ၀န်းကျင်လောက်နှင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
ရွှေငါးအပေါ်နံပါတ်မြင့်ကားများသည် ယခုအချိန်တွင် ကျပ်သိန်း(၁၈၀)နှင့်အရောင်းဝယ် ဖြစ်နေပြီး၊ ပါဂျဲရိုးကားများသည် သိန်းနှစ်ရာဝန်းကျင်နှင့်အရောင်းအ၀ယ်ဖြစ်နေသည်။
 
“အခုချိန်က ပိုက်ဆံလိုတဲ့သူကတော့ ချရောင်းနေတာပဲ ပိုက်ဆံရှိတဲ့သူကလည်း ဈေးကျတယ်ဆိုပြီး ၀ယ်နေတာ အရောင်းအ၀ယ် ကတော့ဖြစ်ပါတယ် ကားဈေးကအစိုးရအခွန်နှုန်းထားတွေနဲ့လည်း ဆိုင်တော့ ဈေးကတော့ ဆက်ကျဖို့ရှိတယ်”ဟု ၀ါရင့် ကားဝယ်ရောင်း   ကိုမောင်စိုးက ပြောသည်။
 
ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်သည် ယခင်ကထက်ဆက်လက်ကျဆင်းဖွယ်ရှိနေသော်လည်းလက်ရှိအချိန်တွင်အကျဈေးနှင့်     ပင်အရောင်းအ၀ယ်ဖြစ်နေကြောင်း ကားအကျိုးဆောင်များက ဆိုသည်။
 
“ကားဈေးတွေကျတော့ လူတိုင်းကားစီးနိုင်တော့ကောင်းတာပေါ့ ဒါပေမယ့် အရင်တုန်း သိန်းထောင်နဲ့ ချီပြီးပေးရတဲ့ သူတွေ အတွက်တော့ရှုံးတာပေါ့ ဒါပေမယ့် လူတိုင်းကားစီးနိုင်တဲ့ အခြေနေထိကျမယ် ဆိုရင်တော့ ကောင်းတာပေါ့”ဟု တာမွေမြို့နယ်က ကိုနေလင်းအောင်ကပြောသည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1