Sunday, June 17, 2012

အစိုးရသစ်လက်ထက် ပထမဆုံး လာဘ်စားမှု အရေးယူခြင်းအဖြစ် ကားမှောင်ခိုတင်သွင်းမှုတွင် ပါဝင်ပတ်သက်သည့် အကောက်ခွန်ဝန်ထမ်း ၃၅ ဦးအား အရေးယူ တင်သွင်းသူများကိုမူ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဆင့်ဆင့် စစ်ဆေးအရေးယူနေဟု သိရ

Ever November | 6/17/2012 01:22:00 PM | Best Blogger Tips
အစိုးရသစ်လက်ထက်တွင်ပထမဆုံးလာဘ်စားမှုများအပေါ်အရေယူးခြင်းအဖြစ်ကားမှောင်ခိုတင်သွင်းမှုတွင် ပါဝင်ပတ်သက်သည့်အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်း၃၅ဦးအားအရေးယူထားကြောင်းသတင်းရရှိပါသည်။

ပြည်ပမှကားများအား ဥပဒေပ တင်သွင်းရာတွင် ပတ်သက်ခဲ့သည့် အကောက်ခွန်ဦးစီးဌာန ၀န်ထမ်း ၃၅ ဦးတွင် ညွှန်ကြားရေးမှူး အဆင့်ရှိသည့်အရာရှိ ၂ ဦးအား အလုပ်မှထုတ်ပယ်ကာ ကျန် ၃၃ ဦး အားစီးပွားရေးနှင့် မသက်ဆိုင်သည့် အခြားဝန်ကြီးဌာနများသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် လက်ရှိရာထူးများထက် တစ်ဆင့်လျှော့ကာ ပြောင်းရွှေ့စေမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “နှစ်ယောက်ကတော့ Dismiss ပါ။ ကျန်တဲ့ ၃၃ ယောက်ကတော့ ရာထူးတစ်ဆင့်ချပြီး အခြားစီးပွားရေးနဲ့ မသက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေကို ပြောင်းရွှေ့တာပါ။ စုစုပေါင်း အကောက်ခွန်ဦးစီးဌာနက ၃၅ ယောက်ပါ”ဟု ဇွန်လ ၁၅ ရက်နေ့က ဖြေကြားခဲ့ပါသည်။

တင်သွင်းရာတွင် တစ်ရှူးများအကြောင်း ပြကာ ကွန်တိန်နာအတွင်း အချိုရည်ဘူးများဖြင့် ကာရံပြီး Super Custom ကားများကို မှောင်ခိုခဲ့ခြင်းလည်းပါဝင်ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က  မြန်မာ့စက်မှု ဆိပ်ကမ်းတွင် စစ်ဆေးဖမ်းမိခဲ့ခြင်းဖြစ်
ယင်းအပြင် ပြည်ပမှကားများအား မှောင်ခိုတင်သွင်းသည့် လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများ၊ အေးဂျင့် များကိုလည်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနပါဝင်သည့် စုံစမ်းစစ် ဆေးရေးအဖွဲ့မှ အဆင့်ဆင့် စစ်ဆေး အရေးယူလျှက်ရှိကြောင်းလည်း သတင်းရရှိသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးတယ်။ ပြီးတော့ အဆင့်ဆင့် တင်ပြလုပ်ဆောင် နေပါတယ်”ဟု ပြောပြခဲ့သည်။
ကားမှောင်ခိုတင်သွင်းသူများ အနေဖြင့် ပြည်ပမှ တင်သွင်းရာတွင် ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် ကားများ၊ ကားနှင့်ဆက်စပ်ပစ္စည်း များအား ကွန်တိန်နာနှင့် တင်ဆောင် မှောင်ခိုခဲ့ကြခြင်းပါ ပြုလုပ်ခဲ့ကြောင်း၊ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်းများတွင်ပါ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်သွင်းရာတွင် ကွန်တိန်နာ အတွင်း တစ်ရှူးများအကြောင်းပြကာ အချိုရည်ဘူးများဖြင့် ကာရံပြီး     Super Custom ကားများကို မှောင်ခိုခဲ့ခြင်းလည်း ပါဝင်ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာ့စက်မှုဆိပ်ကမ်းတွင် စစ်ဆေး ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သြဂုတ်လဆန်းပိုင်းတွင် ထပ်မံ၍ အေးရှားဝေါလ် ဆိပ်ကမ်း၌ ကား  အစီး ၂၀ စာပစ္စည်းအစုံလိုက် မှောင်ခိုတင်သွင်းခြင်းကို ဆက်လက် ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ကာလမှ ယခု ၁၁ လအကြာ ရောက်ရှိမှ အရေးယူခြင်းဖြစ်ပြီး တင်သွင်းသူများ အရေးယူရန် ကျန်ရှိနေသေးသည်။
ယခုအရေးယူမှုမှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံးလာဘ် စားမှုများအပေါ် ထင်ထင်ရှားရှား အရေးယူခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ နိုင်ငံနှင့်အများပြည်သူအပေါ် ဖိစီး စေသည့် နစ်နာစေသည့် လာဘ်စား မှုများအပေါ် ယခုကဲ့သို့အရေးယူမှုများ ဆက်လက်ပြုလုပ်ရန်လိုကြောင်းလည်း အခွန်အခများ အပြေအကြေသွင်းကာ ကုန်ထုတ်လုပ်နေရသူ များက ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1