Sunday, June 17, 2012

ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းများနှင့် အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်းများ ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်

Ever November | 6/17/2012 01:04:00 PM | Best Blogger Tips
ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ
မှုဥပဒေကြမ်း၊လွှတ်တော်ဆိုင်ရာဥပဒေကြမ်းများနှင့်အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကြမ်းများ ပြ
ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရိုဟင်ဂျာအရေး တင်ပြဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စီစဉ်

ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်စတင်မည့် ပထမအကြိမ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ ကြမ်းများနှင့် အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရိုဟင်ဂျာအရေး တင်ပြဆွေးနွေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် လာမည့်စတုတ္ထအကြိမ် လွှတ်တော်တွင် လက်ရှိရခိုင် ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာအရေးကို အဆိုအဖြစ်လည်းကောင်း၊ မေးခွန်းများအဖြစ် လည်းကောင်း တင်ပြဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အခုတင်မယ့်ဥပဒေကြမ်းမှာ ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက် ပုံမှန်ထက် ပိုမိုချမ်းသာလာတယ်။ ပစ္စည်းဥစ္စာတွေ ပေါများလာတယ် ဆိုရင် ဘယ်လိုနည်းနဲ့ ချမ်းသာလာတယ်ဆိုတာကို ပြန်ရှင်းပြရမယ့် အချက်တွေပါမယ်  .  .  .
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြီးခဲ့တဲ့ တတိယအကြိမ် လွှတ်တော်မှာ စတင် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် စတုတ္ထအကြိမ် လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြန်ပြီးဆွေးနွေးပါမယ်။ အမျိုးသားလွှတ်တော်က သဘောတူအတည်ပြုရင် ဒီဥပဒေအတည်ဖြစ်ပါမယ်။ သဘောမတူရင် ပြည်ထောင်စုလွှတ်တော် တက်ပြီး ဆုံးဖြတ်ချက် ရယူရပါမယ်။ စတုတ္ထ အကြိမ် လွှတ်တော်မှာ အပြီးသတ်နိုင်ဖို့ ဆောင်ရွက်ကြမှာပါ”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “အခုအချိန်မှာ ထုတ်ပြန်ပြီး အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ပြစ်မှုပြစ်ဒဏ်တွေရှိပြီး ဖြစ်ပေမယ့် အဲဒါတွေနဲ့ မလုံလောက်တော့တဲ့ အတွက် အခုကျင်းပမယ့်လွှတ်တော် မှာ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေကြမ်းတစ်ရပ်ကို တင်မယ်။ အခုတင်မယ့် ဥပဒေကြမ်းမှာ ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက် ပုံမှန်ထက် ပိုမိုချမ်းသာလာတယ်။ ပစ္စည်းဥစ္စာတွေ ပေါများလာတယ်ဆိုရင် ဘယ်လိုနည်းနဲ့ ချမ်းသာလာတယ်ဆိုတာ ကို ပြန်ရှင်းပြရမယ့် အချက်တွေပါမယ်။ လူတစ်ယောက်ကို အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားတဲ့အခါမှာ တိုင်ကြားတဲ့လူကိုပြန်ပြီး အကာအကွယ်ပေးရမယ့်အပိုင်းတွေ ရှိတယ်။ အဲဒါမျိုးအချက်တွေ ထည့်သွင်း ရေးဆွဲထားပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “နိုင်ငံတကာ ပြောနေကြတာရှိတယ်။ ရိုဟင်ဂျာတွေသည် မြန်မာတိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ပါဝင်တယ် လို့ပြောနေကြတယ်။ အဲဒီအချက်ကို လာမယ့်လွှတ်တော်မှာ တင်ပြပြီး ဆွေးနွေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ရခိုင် ပြည်နယ်မှာ ယခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေစီစဉ် ဆောင်ရွက်ပေးမလဲ။ အဲလိုမျိုးမေးခွန်းတွေလည်း မေးလာနိုင်ပါတယ်။ အဆိုတွေလည်း လာနိုင်ပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းနေတုန်းပဲ ရှိပါသေး တယ်”ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က “ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရော၊ လ၀က၀န် ကြီးဌာနကထုတ်ပြန်တဲ့ နည်းဥပဒေတွေရော ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ မပါပါဘူး။ သို့သော် နိုင်ငံတကာက ရိုဟင် ဂျာသည် မြန်မာတိုင်းရင်းသားလူမျိုး တွေထဲကဖြစ်တယ်။ သူတို့ကို လက် ခံသင့်တယ်လို့ ပြောဆိုနေကြတာ တွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ မညီတဲ့ ပြောဆိုနေမှုတွေ ကို လွှတ်တော်မှာ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့ကိုလည်း ကျွန်တော်တို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစည်း အဝေးလုပ်သွားဖို့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး မေးခွန်းဆိုတာထက် အဆိုကိုတင်ဖို့ ဆန္ဒရှိပါတယ်။ ရခိုင်မှာ အများ ပြည်သူတွေအတွက် လုံခြုံရေးပိုင်းမှာ အားနည်းတာတွေရှိတယ်။ အဲဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ရခိုင်ပြည်နယ်အတွက် လုံခြုံရေးပိုင်း၊ ကာကွယ်ရေးပိုင်း ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး အဆိုတင်သွင်း တောင်းဆိုမှုတွေ ပြုလုပ်သွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1