Wednesday, June 20, 2012

သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအတွက် ဆေးတက္ကသိုလ် ၀င်ခွင့်လျှောက်လွှာခေါ်ယူ

Ever November | 6/20/2012 10:52:00 PM | Best Blogger Tips

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် နိုင်ငံတော်က
ထုတ်ပြန်ထားသော ဒေသစားရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများလျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ၂၀၁၂ ခုနှစ်၊  ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား၍ ဆေးသိပ္ပံပညာဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးကို ရှေးရှု၍လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀)တို့နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစားရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှေးရှု၍လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်ဆရာဝန်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆိုပါဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအား ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များသို့ ပညာသင်ခွင့်ရရှိစေရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ လိုအပ်သော ပညာအရည်အချင်းများအနေဖြင့် ၀င်ခွင့်လျှောက်ထားချိန်တွင် ၀င်ခွင့်လျှောက်ထားသူ၏ မိဘနှစ်ပါးမှာ တည်ဆဲနိုင်ငံသားဖြစ်မှု၊ ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ ဓနု၊ ပအိုင်ဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ )နှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစားရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများတွင် အမြဲတမ်းနေထိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ ရှစ်တန်း၊ ၉ တန်း၊ ၁၀ တန်းများကို ၎င်းဒေသတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အချက်အလက်များကိုလည်း ထုတ်ပြန်ထားပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း-၀၆၇-၄၁၁၂၃၉ နှင့် ၀၆၇-၄၁၁၁၄၈၊ ၄၁၁၁၄၉ လိုင်းခွဲ-၈၂၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1