စိတ်လေနေမည်။တွးပူနေတတ်သည်။ရည်ရွယ်ချက်များနေမည်။ခရီးယာယီများမည်။
 
လုပ်ငန်းတချို့တစ်ပိုင်းတစ်စရပ်တန့်မှုရှိမည်။အချစ်ရေးမှာထင်သလိုဖြစ်မလာခြင်းကြုံမည်။ရှယ်ယာလုပ်ငန်းတွေ
 
အဆင်မပြေဖြစ်မည်။စာမေးပွဲဖြေခြင်း၊အင်တာဗျူးဖြေခြင်းတို့မုချကြုံမည်။
ထီထိုးပါ။သင့်မွေးသက္ကရာဇ်ကိုဂဏန်းပြု၍ထိုးလျှင်ပေါက်
   မည်။ချစ်နေသောသူနှင့်စိတ်ထိခိုက်မှုကြုံနိုင်ပြီး  ခင်မင်သူတစ်ယောက်က ချစ်ရေးဆိုခြင်းဖြစ်လာမည်။ 
 အကျိုးပေးဂဏန်း - ၁၊ ၂၊ ၃။
 အထူးဟော - တစ်မျိုးကောင်း တစ်မျိုးမကောင်းဖြစ်နေမည်။
 ယတြာ - တနင်္လာသားသမီးကို မွေးနေ့တွင် အကြော်၅ခုကျွေးပါ။
 တနင်္လာ
           သင်ထင်တာတွေဖြစ်မလာဘဲမထင်မှတ်တာတွေဖြစ်လာမည်။ရည်ရွယ်သောခရီးထက်
 မရည်ရွယ်သောခရီးကို 
အရင်သွားဖြစ်မည်။သင့်ရဲ့ကြိုးစားမှုကိုအားပေးအကူအညီပေးသူပေါ်မည်။ချစ်သူနှင့်အဆင်ပြေပြီးတဲ့အချိန်ရောက်မှ
 
ချစ်သူနှင့်ဝေးရာသို့ထွက်ခွာဖြစ်မည်။ချစ်သူထံမှဓာတ်ပုံလက်ဆောင်ပစ္စည်းတို့ရမည်။လုပ်ချင်တာထက်
 လုပ်သင့်တာကိုဦးစားပေးလုပ်ပါ။ ကျန်းမာရေး ကောင်းပါသည်။ 
အတတ်ပညာအသစ်တို့သင်ယူတတ်မြောက်ဖြစ်မည်။ သင်တန်းအချို့တက်ဖြစ်မည်။ 
အောင်မြင်ပါလိမ့်မည်။ ၀င်ငွေထက်ထွက်ငွေကြမ်းမည်။ မြေ၊စက် 
တို့အကျိုးမပေးသေးပါ။ 
 အကျိုးပေးဂဏန်း - ၂၊ ၄၊ ၆။
 အထူးဟော - ဆန္ဒမစောနှင့်အောင်မြင်ရန်ရှိသည်။
 ယတြာ - တနင်္လာနေ့တွင် အရှေ့ရပ်၌ငါးအရှင် ၁၅ကောင်ဝယ်လွှတ်ပါ။
 အင်္ဂါ
           အတွေးတခြား
 အလုပ်တခြား ဖြစ်နေတတ်သည်။ သူတပါး၏ ငြိုငြင်ခြင်းခံရမည်။ အတိုက်အခံ 
တွေ့ကြုံမည်။ လုပ်ငန်းမှာ 
စိတ်ရှုပ်စရာကြုံမည်။အဝေးခရီးသွားရမည်။လုပ်ငန်းပြောင်းလဲမှု၊တိုးတက်မှုဖြစ်မည်။ဝင်ငွေကောင်းမည်။ရုတ်တရက်
 ခိုက်မိတတ်သည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ရှယ်ယာ 
လုပ်ငန်းတို့အဆင်မပြေဖြစ်မည်။ လူလိမ် ငွေလိမ်ခံရမည်။ တခုလပ်၊ မုဆိုးဖို၊ 
မုဆိုးမ တို့၏စွဲလန်းမှု ကြုံမည်။ မကြာမှီ အောင်မြင်တိုးတက်မှုရမည်။ 
ဆွေမျိုးသားချင်းအတွက်စိတ်ရှုပ် ရမည်။
 အကျိုးပေးဂဏန်း - ၃၊ ၅၊ ၀။
 အထူးဟော - ၀င်ငွေ၊ ထွက်ငွေကြမ်းမည်။ 
 ယတြာ - အင်္ဂါနေ့နံနက်တွင် အုန်းဆွမ်းဘုရားကပ်လှူပါ။
 ဗုဒ္ဓဟူး
           သင်၏
 ရည်ရွယ်ချက်တွေ ပန်းတိုင်တွေမြင့်မားအောင် 
ကြိုးစားမှုတွေမုချအောင်မြင်လာတော့ မည်။ မရေရာသော မသေချာသော အခြေအနေမှ 
သေချာရေရာသော အဆင့်သို့ရောက်ရှိလာတော့ မည်။ ထို့ကြောင့် သင်လျှောက်သည့် 
လမ်းမှာ 
ဆူးညှောင့်ခလုတ်ဖြစ်သည့်အပေါင်းအသင်းဆိုးနှင့်အောင်မြင်မှုမရခင်ချစ်သူထားခြင်းတို့ဆင်ခြင်လိုက်ပါ။
 အလုပ်လျှောက်သူတို့အလုပ်ရမည်။ စာမေးပွဲ ဖြေထားသူနှင့် 
အင်တာဗျူးဖြေဆိုထားသူတို့ အောင်မြင်မည်။ လက်ထပ်ရန် ရည်ရွယ်သူတို့လက်ထပ် 
ဖြစ်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်စီးပါ။ ပွတ်တိုက် မိတတ်သည်။ ထီထိုးပါ။ 
ထီပေါက်ကိန်းရှိသည်။ 
 အကျိုးပေးဂဏန်း - ၄၊ ၈၊ ၆။
 အထူးဟော - အတိုက်အခံများကြားမှ အောင်မြင်မည်။
 ယတြာ - ဗုဒ္ဓဟူးနေ့ တွင် အိမ်ဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။
 ကြာသပတေး
           ပွင့်လင်းစွာပြောဆိုတတ်မှုကြောင့်
 လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ဆရာလုပ်ပြီး ပြောဆိုမှုကြောင့် 
အကောင်းမထင်သူတို့ပေါ်မည်။ငွေသုံးကြမ်းခြင်းကြောင့်ကုန်ကျငွေများနေမည်။ရစရာငွေတို့ဝင်လာမည်။
 သို့သော် ငွေစုလို့မရသေးပါ။ နေထိုင်ရာ အိမ်၊ မြေ ပြောင်းရွှေ့ဖြစ်မည်။ ခြေ၊
 လက်တို့ အနာတရဖြစ်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်ပါ။ အချစ်ရေး 
အိမ်ထောင်ရေးကောင်းနေမည်။ အလုပ်အကိုင် အဆင်ပြေမည်။ အတိုက်အခံကြုံမည်။ 
ကျော်နိုင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ လုပ်ငန်းပြောင်းလဲမှုဖြစ်မည်။ 
ရာထူးတက်မည်။ ဆွေမျိုးအတွက် စိတ်ရှုပ်ရမည်။ မြေ၊ စက်အကျိုးမပေး ပါ။ ၀င်မည်၊ 
ထွက်မည်။ 
 အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
 အထူးဟော - အတိုက်အခံကြုံမည်။
 ယတြာ - ကြာသပတေးနံနက်တွင် အောင်သပြေ ၁၉ ညွန့် ဘုရားကိုကပ်လှူပါ။
 သောကြာ
           ရည်ရွယ်ချက်များနေမည်။
 တစ်ခုပြီးမှတစ်ခုလုပ်ပါက အောင်မြင်မည်။ မမျှော်လင့်ဘဲ ခရီးထွက်ရမည်။ 
ကျန်းမာရေးချူချာမည်။ ငွေလိမ်ခံရကိန်းရှိသည်။ ချစ်သူ (သို့) အိမ်ထောင်ဘက် 
နှင့်စကားများရတတ်သည်။ အလုပ်အကိုင် အဆင်မပြေတတ်ပါ။ ရန်ကြုံမည်။ 
အကြီးအကဲတို့၏ အပြစ်တင် ခံရမည်။ အပေါင်းအသင်းမှားတတ်သည်။ လုပ်တူကိုင်ဖက် 
ချင်းစိတ်ဝမ်းကွဲမည်။ ၀မ်းဗိုက်ရောဂါရတတ်သည်။ ခြေ၊ လက်တို့ခိုက်မိမည်။ 
ထီပေါက်မည်။ ထီထိုးပါ။ အရှေ့မြောက် ထောင့်က ထီဆိုင်ကိုထိုးပါ။
 အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
 အထူးဟော - အခက်အခဲတွေကျော်လွှားနိုင်မည်။ 
 ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီးပွဲကပ်လှူပါ။
 စနေ
           စိုးရိမ်ကြောင့်ကြ
 မှုများ သံသယ၀င်စရာများရည်ရွယ်ချက် ပျောက်သလိုများဖြစ်နေမည်။ သို့သော် 
သင့်အတွက် လမ်းမပျောက်သေးပါ။ မုချကံကောင်းအောင်မြင်မှုတွေရှေ့တစ်ကမ်းအတွင်း 
မုချရှိနေပါမည်။ ဒူးနာ၊ ခါးနာ၊ ဗိုက်နာတာတွေရှိမည်။ 
မစိုးရိမ်ရပါ။ပျောက်ကင်းသွားမည်။မိဘတို့ အတွက်သားကောင်း 
သမီးကောင်းဖြစ်လာပါမည်။ အပေါင်းအသင်းတွေအတွက်လည်း 
အပေါင်းအသင်းကောင်းတစ်ယောက်ဖြစ်လာပါမည်။အိမ်ထောင်ရေးမှာလည်းအိမ်ထောင်ဘက်ကောင်းတစ်ယောက်ဖြစ်
 
လာပါလိမ့်မည်။စီးပွားရေးနှင့်အလုပ်အကိုင်တို့ရက်ပိုင်းအတွင်းကောင်းသတင်းကြားရမည်။
 သင့်လုပ်ဆောင်ချက်တွေမုချအောင်မြင်ပါမည်။ 
 အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
 အထူးဟော - နောက် ၃ရက်ကျော်လျှင် သင့်ဆန္ဒတွေအောင်မြင်မည်။
 ယတြာ - စနေနေ့တွင် တန်ခိုးကြီးဘုရားကို ထီးဖွင့်ကပ်လှူပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင်)
မြစ်မခသတင်းမီဒီယာ 
 

No comments:
Post a Comment