ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသော
 မြန်မာပို့ကုန်ငါးများအား ငါးဝမ်းဗိုက်ထဲသို့ ရေခဲချောင်းများ ထိုးထည့်၍ 
တင်ပို့ခြင်းသည် အသားက ရေနှင့်တိုက်ရိုက်ထိကာ အသားထဲ ရေရောက်သွား၍ 
ပွစိစိဖြစ်သွားနိုင်ကြောင်းနှင့် ထိုသိုဆက်လက်တင်ပို့နေပါက 
မြန်မာပြည်ငါးဈေးကွက်မှာ  ပျက်စီးသွာမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 “အသားအရေကို
 စုပ်တဲ့အခါမှာ အသားထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးက ပြန်ထွက်လာမလာကို 
စစ်ဆေးဖို့လိုနေပါပြီ။ အခြားနိုင်ငံတွေက အသားလွှာကို ပြုပြင်ပြီးစားတဲ့အတွက်
 ပြသာာနာသိပ် မရှိ ပေမယ့် အီရတ်နှိင်ငံက ကင်ပီးစားတဲ့အတွက် ရေခဲကို 
ပိုထည့်တဲ့အခါ နောက်ပိုင်း ငါးဈေးတွေတက် လာရင် ယှဉ်ပြီးရောင်းရတဲ့အတွက် 
မြန်မာပြည်ရဲ့ ငါးဈေးကွက်ပျက်မှာ စိုးပါတယ်။” ဟု ငါးလုပ်ငန်းရှင်   ဒေါက်တာမြင့်စိန်က ပြောသည်။   
 ငါး တစ်တန်(၁၀၀%)လျှင် ရေခဲ(၂၀%) ခန့်ပါ၍ အသားသည် (၈၀%) ရှိနေခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 မြန်မာနိုင်ငံတွင်
 ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးအတွင်းသို့ ရေခဲချောင်းထည့်၍ 
တင်ပို့ခြင်းကိစ္စအား လက်မခံ ပါကြောင်း၊ စစ်ဆေးတွေ့ရှိပါကလည်း 
အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ငါးအရည် အသွေး စစ်ဆေးရေးဌာနမှ ပြောသည်။  
“အာဆီယံနိုင်ငံတွေမလာခင်
 မြန်မာပြည်ငါးဈေးကွက်ကို မပျက်ချင်ပါဘူး။ ဒါပေမယ့် ၀ယ်သူက ရေခဲ 
ထည့်ပေးပါလို့ တောင်းဆိုရင် ကျွန်တော်တို့က ထည့်ပေးရမှာပါပဲ။ 
ကြိုက်ရင်ရောင်း၊ မကြိုက်ရင် မရောင်းနဲ့ ကိုယ့်ကိစ္စပါပဲ။ ဒီလိုငါးထဲမှာ 
ရေခဲထည့်လိုက်လို့ ငါးအရသာပျက်သွားမှာတို့၊ စားသုံးသူ 
အန္တရာယ်ရာယ်ရှိမှာတို့တော့ မဖြစ်လာနိုင်ပါဘူး။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန အရည်အသွေး စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတင့်ငွေက ပြောသည်။ 
ထို့ပြင်
 မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ 
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာ 
ကုန်သွယ်မှုလုပ်ငန်းများတွင် ၀င်ရောက်ကြည့်ရှုနိုင်ရန်အတွက် (Trade Policy Review ) ၀က်ဆိုဒ်အား  သြဂုတ်လ(၁၈)ရက်နေ့တွင် အပြီးသတ်ရေးဆွဲမည်ဟု ဦးတင့်ငွေက ဆိုသည်။
ပြည်ပတင်ပို့သူ၊ မွေးမြူသူ၊ ငါးဖမ်းဆီးသူများနှင့် ပတ်သတ်သော ယှဉ်ပြိုင်မှုဥပဒေ( Competition Law)ကိုလည်း မူကြမ်းရေးဆွဲသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။   
ယမင်း(မြစ်မခ) 

No comments:
Post a Comment