ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့ နယ် အမှတ်(၂)ရပ်ကွက်၊ မိသားစုလမ်းအတွင်း၌ အသက် (၁၉)နှစ် အရွယ် အမျိုးသမီတစ်ဦး ဇွန်လ(၂၉)ရက်နေ့က ဓါးချက်(၁၁)ချက်ဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သည့် နေရာက သိရသည်။
 ဖြစ်စဉ်မှာ
 သေဆုံးသူ မပိုးပိုးမော်သည် နေ့ ခင်း (၁၀)နာရီကျော်တွင် 
သမိုင်းကုန်းတံတားထိပ်တွင် ပန်းရောင်း၍   ဈေးမှ ခေတ္တသိမ်းဆည်းကာ 
 အိမ်ကိုပြန်လာစဉ် အိမ်အတွင်းရှိ လူတစ်ဦးမှ စောင့်၍ ဓါးဖြင် 
့ထိုးသတ်ခဲ့ကြောင်းသေဆုံးသူ၏ မိခင် ဒေါ်ဝင်း၏ပြောကြားချက်အရ သိရသည်။
“ကောင်မလေးက မိုးရေထဲကပြန်လာပြီး အိမ်ပေါ်တက် အ၀တ်လဲပြီးမှ အသက်ခံရတာပါ။ 
သူသေတာက အိမ်နောက်ဘက်ကို   ခေါင်းပြစ်ပြီးတော့ ။ အခန်းထဲမှာ လည်ပင်းကို 
လှီးခံထားရတယ်။ ဗိုက်မှာလည်း အူတွေ ထွက်အောင် ဓါးနဲ့ ထိုးထားတယ်။”  ပာု 
ဒေါ်ဝင်းက ပြောသည်။
 သေဆုံးသူမပိုးပိုး အသက်ခံရစဉ်က မိုးကြီးနေ၍ မည်သည့် အသံမှမကြားရဘဲ 
မိဘနှစ်ဦးပန်းရောင်း၍ ပြန်လာစဉ်အချိန် (၁၁)နာရီ(၄၅)မိနစ်မှ သေဆုံးမှုအား 
ပတ်ဝန်းကျင်က သိရှိရသည်။
 “ကျွန်တော်တို့က အလုပ်သွားနေတာ။ အိမ်မှာက သမီးတွေဘဲ ကျန်ခဲ့ တယ်။ 
သူတိုပြောတာတော့ ဘာသံမှ လည်းမကြားရဘူး။ မပိုးပိုးပြန်လာတာဘဲ 
တွေ့လိုက်တယ်လို့ ပြောတယ်”ပာု အဆိုပါအခင်းဖြစ်ပွားသည့်အိမ်နှင့်အနီးရှိ   
ဦးကျော်ကျော်  ကပြောသည်။
 မပိုးပိုးသေဆုံးနေစဉ် ၎င်းပိုင်ဆိုင်သော နားကပ်၊ဆွဲကြိုး၊စက်ဘီးတို့  
ပျောက်ဆုံးနေ၍ သတ်ဖြတ်သူမှ ယူဆောင် သွားဖွယ်ရှိကြောင်းကိုလည်း သေဆုံးသူ၏ 
မိသားစုဝင်များက ဆိုသည်။ 
 သေဆုံးသူ၏ ဓါးချက်များမှာ များပြားသော်လည်း သေစေနိုင်သည့် ဓါးချက်မှာ 
ဝမ်းဗိုက်မှ(၁)ချက်နှင့်  ကျန် ဒဏ်ရာများသည်  နက်နဲစေသော 
ဒဏ်ရာများသာဖြစ်ကြောင်း မရမ်းကုန်းမြို့ နယ် 
အမှတ်(၂)ရပ်ကွက်မိသားစုလမ်းအပိုင်   ရဲအရာရှိ နယ်ထိန်းတစ်ဦးက ပြောသည်။
 “ကျွန်တော်တို့ ဒီသတင်းကြားကြားခြင်း အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတာပါ။
 တရားခံကိုလည်း  တိုင်းကနေ ဆင်းပြီး ရှာဖွေနေပါတယ်။”ပာု အဆိုပါ 
နယ်ထိန်းကပြောသည်။
 ထိုပြင် အဆိုပါအမှုအတွက် တရားခံရှာဖွေရေးလုပ်ငန်းများကို 
 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အစည်း အဝေးများပြုလုပ်၍ အဆင့်ဆင့် 
ဆွေးနွေးရှာဖွေနေဆဲဖြစ်ကြောင်း မရမ်းကုန်မြို့ နယ် ရဲတပ်ဖွဲ့ က သိရသည်။
 အဆိုပါအမှုအား ဥပဒေပုဒ်မ(၃၀၂) ဖြင့် မရမ်းကုန်းရဲစခန်းမှ အမှုဖွင့် ထားပြီး 
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ သည့် လူသတ်တရားခံကိုလည်း 
လိုက်လံစုံစမ်းလျက်ရှိကြောင်းနှင့် သေဆုံးသူအား ယနေ့ ဇွန်(၃၀)ရက်နေ့ 
နေ့လည်(၂း၀၀)အချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
စောဇင်ညီ(မြစ်မခ) 

No comments:
Post a Comment