Tuesday, June 12, 2012

ပြင်သစ်အိုးပင်း ချန်ပီယံ ဘွဲ့ကို ၇ ကြိမ်မြောက် ရယူနိုင်ခဲ့သည့် နာဒယ်

Ever November | 6/12/2012 09:10:00 PM | Best Blogger Tips
ရာဖေးလ်နာဒယ်ဟာ ဂျိုကိုဗစ်ကို အနိုင် ရရှိပြီး ပြင်သစ်အိုးပင်း ပြိုင်ပွဲ ချန်ပီယံ ဘွဲ့ကို ၇ ကြိမ်မြောက် ရယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ နာဒယ်ဟာ ဂျိုကိုဗစ်ကို၆-၄ ၊ ၆-၃ ၊ ၂-၆ ၊ ၇-၅ နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။ နာဒယ်ဟာ ပွဲအစမှာတော့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည် လက်စွမ်း ပြသပြီး ၁၁ ကြိမ်မြောက် ဂရန်းစလန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာဒယ်ဟာ ပြီးခဲ့တဲ့နှစ် ပြင်သစ် အိုးပင်း ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့စဉ်က ပြင်သစ်အိုးပင်း ချန်ပီယံ ဘွဲ့ကို ၆ ကြိမ်မြောက် ရရှိခဲ့ပြီး ဘီဂျွန်ဘော့ရဲ့ စံချိန်နဲ့ တူညီခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ၇ ကြိမ်မြောက် ချန်ပီယံဆုကို ရယူပြီး စံချိန်သစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရော်ဂျာ ဖက်ဒါးရားက ဂရန်းစလန်း ချန်ပီယံဆုကို ၁၆ ကြိမ် ရယူထားပြီး အအောင်မြင်ဆုံး ကစားသမား အဖြစ် ရပ်တည်နေတာ ဖြစ်ပြီး နာဒယ်ကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကလည်း အဆိုပါ ပွဲစဉ်ကို အနိုင် ရရှိခဲ့ပါက ဂရန်းစလန်း ဖလား ၄ လုံး ဗိုလ်စွဲနိုင်တဲ့ ကစားသမား အဖြစ် ရပ်တည်နိုင်မှာ ဖြစ်တာကြောင့် အကောင်းဆုံး ကြိုးစား ကစားခဲ့သော်လည်း မြေစေး ကွင်းဘုရင် နာဒယ်ကို ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1