Tuesday, June 12, 2012

 နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြ

Ever November | 6/12/2012 08:39:00 PM | Best Blogger Tips
နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာအရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြသည်ကို တွေ့ရှိရပါသည်။

ဥပမာအားဖြင့် BBC သတင်းဌာနက ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြခဲ့သော သတင်းတွင် မောင်တောမြို့၌ ရဲများက ဆန္ဒပြသူများအား ပစ်ခတ်မှုပြုခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဘာသာရေး အခြေပြု ဖော်ပြခဲ့သည်။
ထို့ပြင် AFP  သတင်းဌာနက ဇွန်လ ၇ ရက်နေ့ ဖော်ပြခဲ့ရာတွင် ရဲများက မောင်တော၌ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မွတ်စလင်များနှင့် ပဋိပက္ခ ဖြစ်သကဲ့သို့ ဖော်ပြခဲ့သည်။

“သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”

ထို့အတူ The Nation Media ကလည်း "ရိုဟင်ဂျာ မျိုးသုဉ်း သတ်ဖြတ်မှုအတွက် ၀င်ရောက်စွက် ဖက်ရန် ကုလကို တောင်းဆို" ဟူသည့်သတင်းကို ဖော်ပြခဲ့သည်။ အဆိုပါ သတင်းဖော်ပြမှုတွင် Eleven Media Group မှ သတင်းဓာတ်ပုံကို  ပုံစာ ပါဝင်ခြင်းမရှိဘဲ ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံမှာ ဘင်္ဂါလီရိုဟင်ဂျာ များ၏ မီးရှို့မှုကြောင့် မီးလောင် ကျွမ်းနေသည့် ဒေသခံရခိုင်လူမျိုး များ၏ နေအိမ်များသာ ဖြစ်ပါသည်။ သို့သော် ယင်းသို့ဖော်ပြခဲ့ သည့် "ရိုဟင်ဂျာ မျိုးသုဉ်းသတ်ဖြတ်မှုအတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကို တောင်းဆို" ဟူသည့် သတင်းတွင် အဆိုပါဓာတ်ပုံကို ပုံစာမထိုးဘဲ ထည့်သွင်းဖော်ပြခဲ့ရာ နိုင်ငံတကာ စာဖတ်သူများအနေဖြင့် သတင်းပါ အကြောင်းအရာနှင့် ဓာတ်ပုံပူးတွဲဖော်ပြမှုက နိုင်ငံနှင့် လူမျိုးအပေါ် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
ထို့ကြောင့် Eleven Media Group အနေဖြင့် The Nation အား မေတ္တာရပ်ခံခဲ့ရာ ချက်ခြင်း ပြန်လည်ပြုပြင်ပေးခဲ့သည်
ထို့ကဲ့သို့ ရခိုင်ပြည်နယ် အတွင်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာအချို့က တစ်ဖက် စောင်းနင်းဖော်ပြလာမှုကြောင့် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံသားများက  ဇွန်လ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရေးသားဖော်ပြမှု များမှာ မှန်ကန်မှု မရှိ၍ ပြည်ပမီဒီ ယာအချို့အား ၎င်းတို့ ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးလည်း ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း  သိရသည်။
ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ကန့်ကွက်ဆန္ဒပြသူများက “BBC, VOA, RFA, DVB”၊ “ဘက်လိုက်သော ပြည်တွင်းပြည်ပ မီဒီယာများ အလိုမရှိ”စသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် Rohingya are Terrorists. Get Out of Our Country' ၊ “တရားလည်းသိ ဓားလည်း ရှိသည်။ ငါတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြ၏။ ဒို့နိုင်ငံ ဒို့ ယဉ်ကျေးမှု ဒို့သွေးချင်းများကို ကာကွယ်ပါ”၊ We Love Peace စသည့်စာတမ်းများ ကိုင်ဆောင်၍လည်း ကန့်ကွက်ဆန္ဒပြသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“Nation Website မှာ ဖော်ပြချက်အရ ရိုဟင်ဂျာအဖွဲ့အစည်းတွေ နဲ့ ထိုင်း NGOs တွေက ပြောတယ်။ ရိုဟင်ဂျာတွေ ၈၀၀ ကနေ ၁၀၀၀ ကြား ပျောက်နေတယ်။ ရခိုင် ပြည်သူ့စစ်တွေနဲ့ အကြမ်းဖက်သူတွေက ရိုဟင်ဂျာတွေကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေတယ်လို့ ရေးတယ်။ ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်မှ မရှိဘဲ။ ပြီးတော့ Eleven Media Group တင်ထားတဲ့ စစ်တွေမှာ ဘင်္ဂါလီတွေက ရခိုင် ရပ်ကွက်ကို မီးရှို့နေတဲ့ပုံနဲ့တွဲပြီး သတင်းတင် ထားတယ်။ ပြီးတော့ ကုလသမဂ္ဂ တပ်တွေ ၀င်ရောက်ဖို့ လိုလာပြီလို့ သတင်းရေးထားတယ်။ တစ်ဖက်က ဒီလို မဟုတ်မမှန် ၀ါဒဖြန့်ချိနေတာ ကို ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ ကိုယ့်ရဲ့အစွမ်းရှိသလောက် အသက်အန္တရာယ်ကြားက သတင်းရယူနေတာကို ပြည်ပမီဒီယာတွေက အလွဲအသုံးပြုထားကြတာ တွေ့ရတယ်။ အစိုးရအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်သင့်သလို သက်ဆိုင်ရာသံရုံးတွေ၊ သတင်းထောက် တွေကို ခေါ်ပြီး သတင်းစာရှင်းလင်း ပွဲတွေ လုပ်သင့်ပြီ။ ကမ္ဘာသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်ဟာက အမှန်တရားလည်း ဆိုတာကို ထင်ထင်ရှားရှား ပြသင့်ပြီ။ ကျွန်တော် တို့ Eleven Media Group ဟာ ဒီဒေသမှာ ယုံကြည်နိုင်လောက်တဲ့ သတင်းထောက် လေးဦး စေလွှတ် ထားပါတယ်။ သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။ ဒီလိုရယူ ခဲ့တဲ့ သတင်းဓာတ်ပုံတွေကို အလွဲသုံး ချခံရတဲ့အတွက် ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း Nation Media Group ကို အသိပေးထားပါတယ်။ ကျွန်တော်တို့ က မီဒီယာ ကဏ္ဍကနေ တိုင်းပြည်ကို ကာကွယ်နေတဲ့ နည်းတူ ပြည်သူတွေကလည်း ကူညီလုပ်ဆောင် ပေးစေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ ဓမ္မဓိဌာန်ကျကျ ရေးမှာပါ။ ပြည်သူလူထု အနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေအပေါ် အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်း လုပ်ဆောင်ကြစေချင်ပါတယ်။ ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များအား ပြည်ပမီဒီယာများ ဖော်ပြရာတွင် မမျှတမှုများ ဖြစ် နေကြောင်းကို Messenger ဂျာနယ် မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းက “လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ပြည်ပမီယာတချို့မှာ ရခိုင်မှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ဖော်ပြတာ ဖတ်ရလိုက်တာ မမျှတဘူး ဖြစ်နေတယ်။ သူတို့က သတင်းတွေကို ဖော်ပြတဲ့နေရာမှာ တကယ် ဖြစ်နေတာကို လွဲချော်နေတယ်။ ရည်ရွယ်ချက် မကောင်းဘူးပေါ့။ Retuers သတင်းဌာနမှာတွေ့လိုက်ရတဲ့ ပုံတွေဆိုရင် ရခိုင်လူမျိုးက မီးရှို့ပြီး ပြန်လာတယ်။ ရိုဟင်ဂျာတွေက မီးရှို့ခံ ရတာတွေကို ၀ိုင်းငြှိမ်းသတ်နေတာမျိုးတွေပေါ့။ သူတို့ ဖော်ပြနေတာက ရခိုင်လူမျိုးတွေ သိက္ခာကျပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။
“အရင်စစ်အစိုးရ လက်ထက်ကအစိုးရရဲ့ မကောင်းတဲ့ Bad Image အပေါ် အခြေခံပြီး ရိုဟင်ဂျာက နိုင်ငံတကာ မီဒီယာတွေမှာ Campaign လုပ်တာ တွေရှိတယ်။ စစ်အစိုးရဆိုရင် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်တယ်လို့ အမြင်ရှိတယ်။ အစိုးရရဲ့ Good Image နည်းတာကို အခွင့်ကောင်းယူပြီး နိုင်ငံတကာမီဒီယာ တွေကလည်း လူနည်းစုကို အမြဲဖိနှိပ်မှာပဲဆိုတဲ့ အမြင်နဲ့ကြည့်နေတယ်။ အစိုးရအသစ်ကလည်း အစိုးရအဟောင်းရဲ့ ဆိုးမွေကောင်းမွေကို လက်လွှဲယူရတော့ အဲဒီအရှိန်နဲ့ နိုင်ငံတကာ မီဒီယာတွေမှာ Campaign ကောင်းကောင်း လုပ်ထားတယ်။ ရိုဟင်ဂျာရှုထောင့်ကနေ Campaign လုပ်ထားတာများတော့ အဲဒီ Campaign  မိနေတဲ့ သဘောပါ။      အခုဖြစ်တဲ့ပြဿနာကတော့ ဘာသာရေး ပြဿနာမဟုတ်ပဲ Migration (ရွှေ့ပြောင်းအခြေချမှု ) ရှိတဲ့ နိုင်ငံတိုင်းမှာဖြစ်တဲ့ ဆက်စပ် ပြသနာပါ။ ဘင်္ဂါလီမှာ လူဦးရေ ပေါက်ကွဲမှုဖြစ်တော့ စိုက်ပျိုးမြေ နေရာမလောက်တာတွေဖြစ် လာတော့ ပတ်ဝန်းကျင် နိုင်ငံတွေက ခံရတာပေါ့။ အမှန်က ကိုယ့်ဘက် က ကိုယ့်တာကိုယ်လုံဖို့ လိုတယ်။ မူဝါဒတွေ၊ ဥပဒေ တွေ အားနည်းချက်တွေကြောင့် ဒါတွေက ဖြစ်ရတာ။ အနှစ် ၂၀ လောက် လူဝင်မှုကြီးကြပ်ရေးရဲ့ လျော့ရဲမှု၊ လာဘ်စားမှုတွေကြောင့် ဘင်္ဂါလီ တွေ တောက်လျှောက်ဝင် လာတာပေါ့။ ကျွန်တော်တို့မီဒီယာတွေ အနေနဲ့ကတော့ ဒီကိစ္စကိုတင်ပြရာမှာ အမျိုးသားရေးစိတ်ဓါတ် လည်းလိုသလို Professionally လည်း ဖြစ်ရမှာပါ။” ဟု ကိုကျော်မင်းဆွေ (တာဝန်ခံအယ် ဒီတာ) The Voice ဂျာနယ် မှ ပြောကြားခဲ့သည်။
“မီဒီယာတွေက အမှန်အတိုင်းဖြစ်ဖို့လိုတယ်။ တချို့ပြည်ပ မီဒီယာတွေမှာ ၂၀၀၇ အရေးအခင်းတုန်းက အဖြစ်အပျက်တွေကို စက္ကန့်နဲ့အမျှတင်ပေးနေခဲ့တာ တွေ့ရတယ်။ ဒီကနေ့ ရခိုင်ပြည်နယ် ကိစ္စမှာတော့ တင်ပေးဖို့ နေနေ သာသာ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေပြီဆိုတာလောက် တောင် မတွေ့ရဘူး။ မီဒီယာမှာ ဒါကိုမဖော်ပြတာကို သံသယ၀င်မိတယ်။ ဘီဘီစီမှာ မနေ့ညက ဖတ်လိုက်ရတာမှာ သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ရခိုင်တွေကို ရိုဟင်ဂျာတွေက ပစ်ခတ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားတာ တွေ့ရတယ်။ ဒါဟာအင်မတန်ကို ဆိုးရွားပါတယ်။ သမ္မတရုံးမှာလုပ်နေတဲ့ သူတစ်ယောက်က စွပ်စွဲပြောဆိုတယ်လို့ သုံးလာတာဟာ တော်တော်ကို အဆင်မပြေဘူး။ စာလုံးတွေရဲ့ အရေးအသားဟာ လူတွေရဲ့ သဘောထားကို အမျိုးမျိုး ပြောင်းလဲစေနိုင်တယ်။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူး။ ကြားမှာနေရမယ်။ အခုဖြစ်တာမှာ နိုင်ငံနဲ့ လူမျိုးကို အခြေခံပြီးဖြစ်တာမို့ နိုင်ငံရဲ့အရေးဖြစ်တယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန် ရပ်တည်ပေးရမယ်။ အခုဖြစ်နေတာဟာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ အဲသလိုရေးနေရင် တမင်မြန်မာနိုင်ငံကို ပြိုကွဲစေလိုတဲ့ စိတ်နဲ့ရေးတာပဲ။ လက်ရှိအစိုးရက နုနုလေးဖြစ်တာကို အခွင့်ကောင်းယူပြီး နင်းခြေလိုက်တယ်လို့မြင်တယ်။ ဒါဟာ ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ လူမျိုးရေး အဓိကရုဏ်း မဟုတ်ဘူး။ နိုင်ငံကို ကျူးကျော်ဖို့လုပ်တဲ့ဇာတ်လမ်းဖြစ်တယ်။ မီးတစ်စဖြစ်တယ်။ အဲဒါကို လူမျိုးရေးနဲ့ထိုးနှက်တာ၊ ဘာသာရေးနဲ့ ထိုးနှက်တာတွေ လုံးဝလက်မခံနိုင်ဘူး။” ဟု မမေငယ်(သတင်းထောက်ချုပ်) ပြည်မြန်မာ သတင်းဂျာနယ် မှလည်း ပြောကြားခဲ့ပါသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပအခြေစိုက် သတင်းဌာန တွေအနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို မကျေညက်ဘဲနဲ့ ရေးသားနေခြင်းဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်စေတယ်။ ပြည်ပအခြေစိုက် သတင်းဌာနတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကို လေးစား တန်ဖိုးထားတဲ့ နည်းတူ တိုင်းပြည်ကို ချစ်ဖို့လိုပါတယ်။ တိုင်းပြည်ကို ချစ်ဖို့ လိုသလို ကာကွယ်စောင့်ရှောက်ဖို့လည်း လိုပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တန် ဖိုးခေါင်းစဉ်အောက်က မကြည့်ဘဲ နဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကြည့်ဖို့ လိုတယ်”ဟု မြန်မာစာနယ်ဇင်း သမဂ္ဂပေါ်ပေါက်ရန် ဦးဆောင်ကြိုးပမ်းနေသူ ကိုဇော်သက်ထွေးက ပြောပါသည်။
နေးရှင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းမှာ အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြအပ်ပါသည်။
 ရိုဟင်ဂျာ ‘မျိုးသုဉ်းသတ်ဖြတ်မှု’ အတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကိုတောင်းဆို
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကျပ်အတည်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသော အဖွဲ့အစည်း ၆ ခုက ရခိုင်တွင် ရိုဟင်ဂျာ တစ်သန်းခန့်ကို မျိုးသုဉ်းသတ်ဖြတ်ရန် စီစဉ်နေမှုမှ ကာကွယ်ရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက်စွက်ဖက်ရန် ဇွန်လ ၁၁ ရက်နေ့က အတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံ ပေးစာရေးသားတောင်းဆို ခဲ့သည်။
ထိုင်းရှိ မြန်မာရိုဟင်ဂျာအသင်း Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူ ၈၀၀ မှ ၁၀၀၀ ခန့်သည် မကြာသေးခင်က ပျောက်ဆုံးသွားကြောင်း၊ အသေအပျောက် စာရင်းများကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရိုဟင်ဂျာ အဖွဲ့အစည်းများ၊  People’s Empowerment Foundation ကဲ့သို့သော ထိုင်းအင်န်ဂျီအိုများက ပြည်သူ့စစ်များနှင့် လူမျိုးရေးအစွန်းရောက် ရခိုင်တို့က အိမ်များ မီးရှို့ပြီး လူများကို ပစ်ခတ်ခဲ့ကြောင်း အချို့သူများကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း စွပ်စွဲခဲ့သည်။
“ရိုဟင်ဂျာလူငယ်တွေက တောထဲမှာ ပြေးပုန်းနေကြရပါတယ်။ တချို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ပြေးကြတယ်။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေရဲ့အလောင်းတွေကို အစိုးရတပ်တွေက ရှင်းသွားပါတယ်” ဟု ဘန်ကီမွန်ထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ ‘မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အားလုံးကို သတ်ဖြတ်ရှင်းလင်းရန်စီစဉ်နေကြောင်း’ ထိုစာတွင် ထည့်သွင်းရေးသားခဲ့သည်။
“အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ ရခိုင်ကို ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ပြီး မျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ ရှင်းလင်းမှုတွေကို ရပ်တန့်ဖို့ အမြန်ဆုံးအရေးယူနိုင်ရန် ကျွန်ုပ်တို့က တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်က စိုးရိမ်ရတဲ့အခြေအနေတွေကို ထိန်း ချုပ်ဖို့၊ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို တတ်နိုင်သမျှ အမြန်ဆုံးကယ်တင်နိုင်ဖို့ ကုလသမဂ္ဂက မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု အဖွဲ့များက တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် နိုင်ငံတကာနှင့် အာဆီယံမှ ၀င်ရောက်စွက်ဖက်ရန် အရေးတကြီး လိုအပ်နေကြောင်း ရခိုင်ပြည်နယ်ရှိ စိုးရိမ်ရသည့် အခြေအနေကို နိုင်ငံတကာ မီဒီယာများမှလည်း အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြောင်း ထိုအဖွဲ့များက ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို မြန်မာအစိုးရက ရှင်းပြသင့်ကြောင်း လူသားချင်းစာနာမှု လုပ်ငန်းများအတွက် ထောက်ပံ့ရန် ရခိုင်တွင် လူ့အခွင့်အရေးအဖွဲ့များ တိုးမြှင့်ရှိသင့်ကြောင်း ကြေညာချက်က ပြောကြားခဲ့သည်။
“လူသားချင်း ရာဇ၀တ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားမျှတမှု ဖော်ထုတ်ရန်အတွက် ကုလသမဂ္ဂက လွတ်လပ်သည့် စုံစမ်းရေးကော်မရှင် အဖွဲ့တစ်ဖွဲ့ တည်ထောင်ရန်လည်း ကျွန်တော်တို့က တိုက်တွန်းကြောင်း” ထိုစာတွင် ဖော်ပြထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1