Thursday, June 21, 2012

အနောက်ဘက်ပင်လယ်မှ မီးတောက်များ

Ever November | 6/21/2012 09:36:00 PM | Best Blogger Tips

ငါးချက်ခန့် ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ မလှမ်းမကမ်း တဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင် ပြန်လည်ဆုတ်ခွာသွားကြသည်။ သို့ သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊ မိမိတို့အသက်၊ မိမိတို့ ကျေးရွာလုံခြုံရေးအတွက် ရရာ လက်နက်များကို မလွတ်တမ်း ကိုင်စွဲထားဆဲပင် ဖြစ်သည်။
“ကျေးဇူးပြုပြီး လူစုခွဲပါ… မိမိတို့နေအိမ်ကို မိမိတို့ပြန်ဝင်ကြပါ… မဟုတ်ရင် ပစ်ရပါလိမ့်မယ်” ဟူသည့် လုံခြုံရေးလုံထိန်း တပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ်သတိပေးသံက များပြားလှသည့် လူထု၏အသံများနှင့်အတူ လယ်ကွင်း ပြင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။
တုတ်၊ ဓါးစသည့် ရရာလက်နက်ဆွဲကိုင်ကာ မိမိတို့ကျေးရွာများအတွက် ကာကွယ်ရန်စောင့်ရှောက်နေကြသည့် ဗျိုင်းဖြူ ရွာနှင့် အနီးတ၀ိုက်မှရွာသူရွာသားများ၏ မျက်နှာတွင် စိုးရိမ်စိတ် ကြောက်ရွံ့စိတ်၊ မခံချင်စိတ် ခံပြင်းစိတ်များ ပေါ်လွင် လျက်ရှိသည်။
အထက်ပါ မြင်ကွင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခပြဿနာများအတွင်း ဇွန်လ ၁၁ ရက် နေ့က ဖြစ် ပွားခဲ့သည့် ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားများ တိုက်ပွဲဖြစ်ပွားပြီး လူ ၇ ဦးသေဆုံးခဲ့ရသည့် စစ်တွေမြို့နယ် ဗျိုင်းဖြူ ကျေးရွာ (ရခိုင်) နှင့် သံတော်လီ (ဘင်္ဂါလီ) ကျေးရွာအနီး လယ်ကွင်းပြင်တွင် ဖြစ်သည်။
“ဒီကောင်တွေဖက်က ကျနော်တို့ကို သေနတ်တွေနဲ့ ပစ်တယ်။ ကျနော်တို့လူနှစ်ယောက် သေကျန်ရစ်ခဲ့တယ်။ ကျနော် တို့ လူနှစ်ယောက်ရဲ့အလောင်းကို ပြန်ယူပေးပါ” ဆိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အသံက လုံထိန်းတပ်ဖွဲ့ကို ဦး ဆောင်လာသည့် ရဲမှူးအနီးတွင် လွင့်ပျံလျှက်ရှိသည်။
ထိုအချိန်တွင် သံဃာတော် အပါး ၇၀ ခန့်ဦးဆောင်လာသည့် တထောင်ကျော်ပါဝင်သည့် လူအုပ်ကြီးက စစ်တွေမြို့တွင်း ဖက်ဆီမှ ချီတက်လာပြီး ရခိုင်လူမျိုးတို့ကို ကာကွယ်ရန် ဗျိုင်းဖြူကျေးရွာလူထုနှင့် ပူးပေါင်းသွားခဲ့ကြသည်။
“ဒီလူအုပ်ကြီးကို ဦးဇင်း ဦးဆောင်လာတာ။ ဦးဇင်းမလုပ်နဲ့ဆိုရင် ဘာမှမလုပ်ဘူး။ အခုဟာကလည်း ရခိုင်လူမျိုးတွေ အ သတ်ခံနေရတယ်လို့ ကြားလို့ ဦးဇင်းတို့ ရောက်ရှိလာတာဖြစ်တယ်” ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ ဦးဇင်းတပါးက လုံခြုံရေးတပ်ဖွဲ့ကိုဦးဆောင်လာသည့် ရဲမှူးအား မိန့်ကြားနေသည်ကို တွေ့ရသည်။
ထိုအချိန်မှာပင် အင်အားသုံးဆယ်ခန့်ပါဝင်သည့် စစ်ကြောင်းတကြောင်းက လယ်ကွင်းပြင်ကို ဖြတ်ကာ ပဋိပက္ခဖြစ်ပွား ရာနေရာကို ထိန်းသိမ်းရန် အပြေးချီတက်လာခဲ့ကြသည်။ မရှေးမနှောင်းပင် ရဲမှူးကြီးလှမိုး ဦးဆောင်သည့် လုံထိန်းတပ်ဖွဲ့ ၀င်များလည်း အမြန်ရောက်ရှိလာကာ လုံခြုံရေးအင်အားများ ပူးပေါင်းခဲ့ကြသည်။ သို့သော်လည်း အဆိုပါ လူအုပ်နှစ်ခု မှာ လူစုကွဲသွားခြင်းမရှိသေးသည့်အတွက် လုံထိန်းရဲများက သေနတ်ဖြင့် အချက်ငါးဆယ်ခန့်အထိ မိုးပေါ်ထောင်၍ ပစ် ဖောက်ပြီး လူထုကို ခြောက်လှန့်ထိန်းသိမ်းခဲ့ကြရသည်။
“ကျနော်တို့ ရွာသားတွေရဲ့ အလောင်းတွေ ကုလားရွာအပြင်က ရေကန်ဘေးမှာကျန်ရစ်ခဲ့တာ ကျေးဇူးပြုပြီး ယူပေးကြ ပါ” ဟု ဓားတလက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးတဦးက လုံထိန်းတပ်ဖွဲ့နှင့်ဝေးရာသို့ ပြန်လည်ဆုတ်ခွာရင်း အော် ဟစ်သွားခဲ့သည်။
နှစ်ဖက်ရွာသားများမှာ သေနတ်ပစ်ဖောက်မှုကြောင့် လယ်ကွင်းအတွင်းရှိ ရေကန်များ၊ ချောင်းများကို ဖြတ်ကူးပြီး မိမိတို့ ကျေးရွာဆီသို့ အသီးသီး ဆုတ်ခွာသွားကြသည်။
“သံတော်လီရွာထိပ်မှာ အလောင်းခြောက်လောင်း အသတ်ခံထားရတာ ကျနော်တို့တွေ့ရှိရပါတယ်။ နားလည် သူတွေ ပြောပြလို့ ရခိုင်အလောင်းငါးလောင်းနဲ့ ကုလားအလောင်း တလောင်းဖြစ်တယ်လို့ သိရပါတယ်” ဟု အခင်းဖြစ်ပွားရာ ယင်းနေရာတွင် ရောက်ရှိနေ သည့် ရဲမှူးကြီးလှမိုးက 7Day News ဂျာနယ်သို့ပြောသည်။ စစ်ကြောင်းမှ နောက်ချန်ရစ်ခဲ့ ကာ လုံထိန်းတပ်ဖွဲ့ဝင်များက သံတော်လီကျေးရွာသို့ ဆက်လက်ဝင်ရောက်ရှင်းလင်းရာ ကြားသိထားရသည့်အတိုင်း သေ နတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ သာမန်တုတ်ဓားများဖြင့်သာ ပြတ်ရှ သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့ကြ ရသည်။
“အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေကို ဖြစ်နေတာပဲ။ မျက်နှာလည်းတစစီရစရာမရှိဘူး။ တချို့အလောင်းဆို လက် ပြတ်ခြေပြတ်နဲ့။ ကျနော် သံဝေဂတရားတောင်ရသွားတယ်” ဟု လုံထိန်းတပ်ဖွဲ့တွင် ပါဝင်လာသူ တပ်ကြပ်အဆင့်ရှိ ရဲဝန် ထမ်းတဦးက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့များသည် သံတော်လီကျေးရွာအတွင်း ၀င်ရောက်ပြီး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများ၊ နေ အိမ် စွန့်ခွာနေ သူများအားစုဝေးစေပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည်များကို မှာကြားကာ တပ်မ တော်စစ်ကြောင်းမှ ယင်းကျေးရွာအနီးလုံခြုံရေးအတွက် တာဝန်ယူထိန်းသိမ်းထားခဲ့သည်။ ယင်းပဋိပက္ခအတွင်း မီး လောင်ဆုံးရှုံးမှုကြောင့် နေအိမ် ၇၀ ခန့်ပျက်စီးခဲ့ပြီး လူ ၇ ဦးသေဆုံးကာ အနည်းဆုံး လူငါးဦးဒဏ်ရာရရှိခဲ့ကြောင်း လုံ ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
“ကျမတို့ရွာက ကုလားရွာတွေကြားထဲမှာ ရှိနေတာဆိုတော့ ဒီပြဿနာတွေစဖြစ်တဲ့နေ့ကစပြီး ဒီနေ့အထိ တညမှ မအိပ် ရသေးဘူး။ နေ့တိုင်း ဘယ်အချိန်တက်လာပြီး မီးရှို့ပြီးရန်စမလဲဆိုတာကိုပဲ စိုးရိမ်နေကြရတယ်” ဟု ဗျိုင်းဖြူကျေးရွာမှ အသက်ငါးဆယ်ခန့်အရွယ် ဒေသခံအမျိုးသမီးတဦးက ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် နေ့ရက်တွင်ပင် စစ်တွေမြို့ရှိ စက်ရုံစု (နာဇီ) ကျေးရွာအတွင်းရှိ ရခိုင်ဗုဒဘာသာ ဘုန်းကြီး ကျောင်းလေးကျောင်းကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း အမှတ် (၁၂) ရဲတပ်ရင်း (စစ်တွေ) မှ လုံခြုံရေးတာ ၀န်ကျ ရဲဝန်ထမ်းများက 7Day News သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များမှ ထူးခြားဖြစ်စဉ် နေ့စွဲများ
(၃.၆.၂၀၁၂ ကြာသပတေးနေ့) တွင် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆူပူအကြမ်းဖက်မှုအသွင် ဆန္ဒပြဖော်ထုတ် မှု တရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှပစ်ခတ်လူစုခွဲမှုကြောင့် လူ ၁၂ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ၉ ဦး ထိန်းသိမ်းခံရကာ ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။
(၈.၆.၂၀၁၂- သောကြာနေ့) တွင် မောင်တောမြို့တွင် ပဋိပက္ခအဓိကရုဏ်းအသွင်စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နေအိမ်အများစု နှင့် ဘုန်းကြီးကျောင်း၊ ဆေးပေးခန်း၊ မီးစက်၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့ မီးရှို့ခံခဲ့ရကာ မောင်တောမြို့ဆေးရုံအုပ်ကြီးနှင့် ဇနီးအပါအ၀င် ရခိုင်လူမျိုး ၇ ဦး ဘင်္ဂါလီ ၂ ဦးသေဆုံးပြီး ရခိုင်လူမျိုး ၅ ဦး အနည်းဆုံး ဒဏ်ရာရရှိခဲ့သည်။
(၉.၆.၂၀၁၂-စနေနေ့) တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ဘုမေကျေးရွာတို့အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူ
မျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မင်းဂံရွာတွင် ရခိုင်လူမျိုး သုံးဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးလျှက် သုံးဦးဒဏ်ရာရရှိ ခဲ့သည်။ ဆေးရုံအရောက်တွင် ဒဏ်ရာရရှိသူတဦး ထပ်မံသေဆုံးခဲ့သည်။ မောင်တောမြို့တွင် ရခိုင်နေအိမ်တလုံး မီး လောင်ခဲ့ပြီး ဘင်္ဂါလီ ၁ ဦး သေဆုံးခဲ့သည်။
(၁၀.၆.၂၀၁၂-တနင်္ဂနွေနေ့) မောင်တောမြို့တွင် ဘင်္ဂါလီအိမ်တလုံးမီးလောင်ပြီး ဘင်္ဂါလီတဦး သေဆုံးကာ ဘူးသီး တောင်မြို့တွင် ဘင်္ဂါလီတဦး၊ ရခိုင်လူမျိုးတဦး သေဆုံးခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်နေအိမ် ၅၀ ကျော်၊ ဘင်္ဂါလီ နေ အိမ် ၆၀၀ ကျော် မီးလောင်ခဲ့ပြီး၊ ဘုန်းကြီးကျောင်းတကျောင်း၊ ဗလီတလုံး ပျက်စီးခဲ့ကာ ရခိုင်လူမျိုးတဦး၊ ဘင်္ဂါလီလူမျိုး နှစ်ဦး သေဆုံးခဲ့သည်။ စုစုပေါင်း ၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ စစ်တွေမြို့တွင် ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ အ မိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီး ညရှစ်နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေအ ဖြစ် ကြေငြာခဲ့ပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန် ပြည်သူလူထုသို့ မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။
(၁၁.၆.၂၀၁၂- တနင်္လာနေ့) မောင်တောမြို့တွင် ဘင်္ဂါလီနေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး စစ်တွေမြို့တွင် ရခိုင်နေအိမ် ၇၀၊ ဘင်္ဂါလီ နေအိမ် ၁၉၀၊ ဗလီတလုံး မီးလောင်ခဲ့ကာ ရခိုင်လူမျိုး ၅ ဦး၊ ဘင်္ဂါလီ ၂ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင် ပေါက် တောမြို့တွင် ရခိုင်အိမ် ၂၁ လုံး၊ ဘင်္ဂါလီအိမ် ၁၄ လုံး မီးလောင်ခဲ့ပြီး ရခိုင် ၅ ဦး၊ ဘင်္ဂါလီ ၁၁ ဦးဒဏ်ရာရ ရှိခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော် (တောင်) ရပ်ကွက်ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (AZG) ရုံးသို့ တပ်မတော်နှင့် လုံခြုံရေး အဖွဲ့ဝင်များက ည ၈ နာရီတွင် ၀င်ရောက်စစ်ဆေးခဲ့သည်။ ထိုညတွင် စစ်တွေရှိ အကြမ်းဖက် ဘင်္ဂါလီလက်ကျန် တချို့ကို ဖမ်းမိပြီး လက်နက်များသိမ်းဆည်းရမိသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သံတော်လီကျေးရွာ ဖြစ်စဉ်တွင် ဘင်္ဂါလီများ ဖက်မှ သေနတ်လက်နက်အသုံးပြုခဲ့သည်ဟု သိရသည်။ စစ်တွေ ဆင်တက်ဖော်ကျေးရွာသို့ ဘင်္ဂါလီအင်အားတထောင် ခန့် ပါဝင်သည့် စက်လှေ ၁၅ စီးဆိုက်ကပ်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခြင်း မရှိခဲ့ပေ။
(၁၂.၆.၂၀၁၂-အင်္ဂါနေ့) တွင် မြောက်ဦးမြို့နာရေးကူညီမှုအသင်းမှ နေအိမ်စွန့်ခွာခဲ့ရသည့် ရခိုင်ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်မျိုးစုံပေးပို့ခဲ့ပြီး ထိုနေ့တွင်ပင် ပဋိပက္ခဖြစ်ရပ်တချို့ကြောင့် စစ်တွေ၊ မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား ကိုလှဌေး ကျဆုံးခဲ့သည်။ ဘင်္ဂါလီအများစုနေထိုင်ရာ အင်ဘာလာရပ်ကွက်တွင် ပဋိပက္ခတချို့ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် တပ်မတော်သားတဦး သေနတ်ဒဏ်ရာရရှိခဲ့ကာ ရခိုင်အမျိုးသားတဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။ ရခိုင်နေအိမ် ၁၆၈ လုံး၊ ဘင်္ဂါလီနေအိမ် ၂၉၁ လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီတဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မြောက်ဦးမြို့တွင်လည်း ရခိုင်နေအိမ် ၁၅လုံး ဖြိုဖျက် ခံရပြီး ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီနေအိမ် ၄၆ လုံး ဖျက်ဆီးခံခဲ့ရသည်။
(၁၃.၆.၂၀၁၂) စစ်တွေမြို့တွင် ဘင်္ဂါလီနေအိမ် တလုံး မီးလောင်ခဲ့သည်။
(၁၅.၆.၂၀၁၂) ည သန်းခေါင်ကျော် တနာရီခွဲခန့်အချိန်တွင် စစ်တွေမြို့မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းတွင် ရခိုင်နေအိမ် ၇၀ မီးရှို့ခံခဲ့ရသည်။ ညမထွက်ရအမိန့်ကြောင့် မီးငြိမ်းသတ်ရန် ဒေသခံအင်အားမလုံလောက်ခဲ့ပေ။
ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်များ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှ သိန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်တို့ ဦးဆောင်ကာ ၁၄ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်ကယ်ဆယ်ရေးစခန်း ၃၇ ခုရှိပြီး ဒုက္ခသည်ပေါင်းသုံးသောင်းတထောင့်ရှစ်ရာရှစ်ဆယ့်လေးဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခုသာရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်သော်လည်း ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အ များစုတွင် အနိုင်ရရှိထားသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကမူ ဇွန်လ ၁၆ ရက်နေ့ နေ့လည်အ ထိ စစ်တွေမြို့တမြို့တည်းတွင် ဒုက္ခသည်စခန်း ၅၁ ခုရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တွေမြို့တွင် ဒုက္ခသည် ရခိုင်လူမျိုးပေါင်း ငါးထောင်ကျော်ရှိသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သော်လည်း RNDP ကမူ ဒုက္ခသည်ပေါင်း နှစ် သောင်း နီးပါးပင်ရှိနေပြီဖြစ်ကြောင်း ပြောသည်။
“ဒုက္ခသည်တွေက အချိန်နဲ့အမျှ တိုးလာနေတယ်။ ၁၂ ရက် ၁၃ ရက်တုန်းက တသောင်းကျော်ပဲရှိပေမယ့် အချိန်နဲ့အမျှ တိုးလာတဲ့အတွက် အခုဆိုရင် လူနှစ်သောင်းနီးပါး ရှိနေပါပြီ။ ရန်ကုန်က ရခိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ၊ ကယ်ဆယ်ရေးဆေးခန်းတွေဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတဦးကဇွန်လ ၁၆ ရက် နေ့လည်ပိုင်းတွင် ပြောသည်။
ဒုက္ခသည်များ၏ လိုအပ်ချက်
လူမျိုးရေးပဋိပက္ခများကြောင့် ကျေးရွာနှင့် နေအိမ်ကိုစွန့်ခွာထွက်ပြေးလာကြရသော ဒုက္ခသည်များမှာ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းတို့တွင် အရေးပေါ်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ဇွန် ၁၆ ရက်အထိ တဖွဲဖွဲ ရောက်ရှိလာနေကြဆဲဖြစ်သည်။ ဒုက္ခသည်များမှာနေအိမ်ကို မီးရှို့ခံရမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် တိမ်းရှောင်လာ ကြသူများဖြစ်ပြီး ယင်းတို့အားလုံး၏ စိတ်ထဲတွင်ကြောက်ရွံ့ထိတ်လန့်မှုအစိုင်အခဲများ တည်ရှိနေဆဲဖြစ်သည်။ အများစု မှာ မိမိတို့ ကျေးရွာ၊ ရပ်ကွက်နေအိမ်များသို့ မပြန်ရဲဘဲ ဆင်းရဲဒုက္ခခံကာ ကယ်ဆယ်ရေးစခန်းများတွင် ပြွတ်သိပ်နေထိုင် နေကြဆဲ ဖြစ်သည်။ မိမိတို့၏ လက်ငုတ်လက်ရင်းအလုပ်အကိုင်များကို ရပ်နားထားကြရသည်မှာလည်း တပတ်ခုနှစ်ရက် ပင် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။
“အသက်ထက်ဘာမှအရေးမကြီးဘူး ထမင်းငတ်တာ ငတ်ပါစေ” ဟု ဒုက္ခသည်စခန်းတစ်ခုတွင် ရောက်ရှိနေသည့် အမျိုး သားတဦးက ပြောသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည် ထူထောင်ရေး ဆိုင်ရာအကူအညီများ လိုအပ်နေပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကုသဆွေးနွေးပေးရန် လိုအပ်လျှက်ရှိသည်။
“သူတို့ကျေးရွာ ရပ်ကွက်တွေကို ဥပဒေစိုးမိုးပြီး လုံခြုံပြီလို့ အာမခံချက်ကို အစိုးရကပေးနိုင်တဲ့ အချိန်မှ ပြန်ရဲကြမယ်။
အာမခံချက်မပေးရင် ဒီအတိုင်းပြန်နေရဲကြမှာ မဟုတ်ဘူး။ လူတွေက မီးဘေးထက် ကြောက်စိတ်ကြောင့် ထွက်ပြေးလာ တာများတယ်။ ဒါက လုံခြုံရေးတာဝန်ယူသူတွေရဲ့ အဓိကတာဝန်ပါ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အစိုးရက တာဝန်ယူထောက်ပံ့မှုများပြုလုပ်လျှက်ရှိပြီး လူမှုရေး အသင်း အဖွဲ့များကလည်း အသီးသီးလိုက်လံလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိသည်။ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြသော က လေးသူငယ်များအတွက် ပညာသင်ကြားရန် အစီအစဉ်များကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တာဝန်ယူပြီး ကျောင်းအပ်နှံထားပေးမည်ဟု စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ပြောခဲ့သည်။
“လက်ရှိကတော့ အလှူရှင်တွေလှူဒါန်းတဲ့ ထမင်းထုတ်တွေကို စားနေရပါတယ်။ ရေရှည်အနေနဲ့ကတော့ ကိုယ့်အိမ်မှာ ကိုယ်ပြန်ပြီးတော့ပဲ အရင်လိုအေးအေးဆေးဆေး ရှာဖွေစားသောက်ချင်ပါတယ်” ဟု ပဋိပက္ခဖြစ်ရပ်များတွင် မင်းဂံ ရပ် ကွက် ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အနှေးယာဉ်မောင်း ဦးအောင်ဝင်းက ပြောသည်။
လုံခြုံရေးနှင့် ရှင်းလင်းရေးများ
စစ်တွေမြို့လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ရဲတပ်ရင်းအသီးသီးမှ လုံထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်
စစ်ကြောင်းများက ပူးပေါင်းတာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ ပဋိပက္ခထပ်မံဖြစ်ပွားနိုင်သေးသည့် ဘင်္ဂါလီ၊ ရခိုင်ကျေး ရွာ၊ ရပ်ကွက်အသီးသီးတွင် လုံခြုံရေးတာဝန်များအတွက် ရဲတပ်သားများ၊ တပ်မတော်သားများက ဒေသခံများနှင့်အတူ ပူးတွဲ၍ တာဝန်ယူထားကြသည်။ “ဘင်္ဂါလီတွေက လုံခြုံရေးနည်းနည်းလစ်ဟာတာနဲ့ လျှပ်တပြက်တက်လာပြီး မီးရှို့ကြ တယ်။ အခုလည်း မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းနားကို တက်ပြီးတော့ ကုလားပိုက်ဆိပ်က သူတို့အိမ်တွေကို မီးပြန်ရှို့ပြီး ပင်လယ်ဖက်ကို ထွက်ပြေးကြတယ်။ ဒီနေ့ မီးရှို့မှု ကြောင့် သူတို့အိမ် ငါးလုံးလောက်မီးလောင်ပေမယ့် ရခိုင်အိမ်တွေ အ ပါအ၀င် စုစုပေါင်း ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးပျက်စီးခဲ့ရတယ်” ဟု ဇွန်လ ၁၅ ရက်နေ့ အရုဏ် တနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော စစ်တွေမြို့မီးလောင်မှုအနီး နေထိုင်သူ ဒေသခံတဦးက အခင်းဖြစ်ရာနေရာတွင် ပြောသည်။
ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ သေကြေမှုများ၊ ပဋိပက္ခများနည်းပါးသွားခဲ့သော်လည်း၊ စစ်တွေမြို့နေရာတချို့တွင် မီး လောင်မှုများ ဇွန်လ ၁၆ ရက်နေ့အထိ ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းမှုရှိနေဆဲဖြစ်သည်။
“မီးရှို့တဲ့လူတွေက ကျနော်တို့ဖက်က မဟုတ်ဘူး။ ကိုယ့်ဖက်ကဆို ထိန်းလို့ရတယ်။ တဖက်တည်းကို ငြိမ်းအေးအောင် လုပ်နေလို့ မရဘူး။ သူတို့ဖက်က သူတို့လူတွေကို ထိန်းနိုင်ဖို့လိုတယ်။ မထိန်းနိုင်ရင်ဒီကိစ္စတွေ မငြိမ်းနိုင်ဘူး နှစ်ဖက်စ လုံးမှာရှိလူ လူထုတွေက ကြားမှာဓားစာခံဖြစ်သွားတာတွေရှိတယ်” ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးအောင်မြကျော်က ဆိုသည်။
ဘင်္ဂါလီဒုက္ခသည်များ အများဆုံးစုဝေးလျှက်ရှိသည့် စစ်တွေမြို့၊ သဲချောင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးရယူထားပြီး ယင်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို တပ်မတော်စစ်ကြောင်းများက တာဝန်ယူ ဆောင် ရွက်ပေးလျှက်ရှိသည်ကို တွေ့ရသည်။ ဘင်္ဂါလီဒုက္ခသည်စခန်းအနီးတွင် တည်ရှိသော သဲချောင်းဘုန်းတော်ကြီးကျောင်း အတွင်းရှိ ရခိုင်ဒုက္ခသည် ငါးရာခန့်အတွက်လည်း ယင်းတပ်မတော် စစ်ကြောင်းများကပင် လုံခြုံရေးရယူပေးလျှက်ရှိ သည်။
“ကျမတို့က ဖြစ်တဲ့နေ့ကတည်းက ဒီကိုရောက်လာတာ။ လုံခြုံရေးတွေအရောက်မြန်လို့ ဒီနားမှာ ဘာမှမဖြစ်ခဲ့တာ။ ကျမ တို့အတွက် စားဝတ်နေရေး၊ ကျန်းမာရေးတွေကို စစ်တပ်ကပဲ လုပ်ပေးနေတယ်။ ဘုန်းကြီးကျောင်းအပြင်ကိုတော့ လုံးဝမ ထွက်ရဲဘူး။ အပြင်မှာက ကုလားတွေချည်းပဲ ခုနှစ်သောင်းလောက်ရှိတယ်” ဟု သဲချောင်းဘုန်းတော်ကြီး ကျောင်းအ တွင်းရောက်ရှိနေသည့် ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရခိုင်အမျိုးသမီးဦးက ဇွန်လ ၁၄ ရက် တွင် 7Day News သို့ ပြောပြသည်။
မီးလောင်မှုကြောင့် ရွှေ့ပြောင်းထားရသော လူမနေတော့သည့်ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ စစ်ကြောင်း နှင့်အတူ ရန်ကုန်မြို့ရဲတပ်ရင်း (၆) မှ တပ်ရင်းမှူး ဒုရဲမှူးကြီးဦးစီးသော ရှင်းလင်းရေးအဖွဲ့မှ ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရန်အ တွက် ၀င်ရောက်ရှာဖွေ ရှင်းလင်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။
“ဒီရပ်ကွက်ကလူတွေကို လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းထားပေမယ့်တချို့အိမ်တွေမှာ လူတွေကျန်နေ သေးတဲ့အ တွက် မလိုလားအပ်တဲ့ပြဿနာတွေ ထပ်ဖြစ်လာမှာစိုးတဲ့အတွက် အိမ်တိုင်းစေ့ဝင်ရှာပြီး ရှင်းလင်းနေတာပါ”ဟု စစ်တွေ မြို့၊ စက်ရုံစု (နာဇီ) ရပ်ကွက်သို့ ၀င်ရောက်ရှင်းလင်းခဲ့သည့် အထက်ပါရဲတပ်ရင်းမှ ရဲအရာရှိတဦးက ပြောသည်။
ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၀ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀ တို့နှင့်အတူ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ တပ် မတော်သားများ စုစုပေါင်းအင်အား ၄၆၀ တို့သည် မီးလောင်ပျက်စီးမှုများဖြစ်ပွားခဲ့သည့် နေရာများမှ အပျက်အစီးများ အား စနစ်တကျရှင်းလင်းလျှက်ရှိပြီး ၎င်းတို့အားဒေသခံပြည်သူများက အချိုရည်နှင့် သောက်ရေသန့်များ ပေးလှူလျှက်ရှိ သည်ကို တွေ့ရသည်။
ဘင်္ဂါလီဒုက္ခသည်စခန်းများမြင်ကွင်း
စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ ဖြတ်သန်းကာ စစ်တွေတက္ကသိုလ်ကိုကျော်လွန်လိုက်သည်နှင့် လမ်းတဖက်တချက်တွင် ကယ်ဆယ်ရေးရွက်ဖျင်တဲများ အစီအရီတွေ့လာရပြီး ယာယီဈေးငယ်လေးများကို လမ်းဘေးတွင် ရောင်းချ ၀ယ်ယူနေ သူများကို တွေ့ရှိရသည်။ လမ်းတဖက်တချက်ရှိ ဘင်္ဂါလီလူမျိုးအရွယ်စုံများမှာလည်း စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်နှင့်အတူ ရောယှက်နေသည့် ခံပြင်းစိတ်များက ၎င်းတို့မျက်နှာတွင် အတိုင်းသားပေါ်လွှင်လျှက်ရှိသည်။
“ကျနော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ တသောင်းခုနှစ်ထောင်ကျော်ရှိပါတယ်။ ဗလီကြီးခြောက်ခုမှာ ဖွင့်လှစ်ထားပါ တယ်။ တပ်မတော်က ဆန်တွေပေးတဲ့အတွက် စားသောက်နေရပါတယ်။ ဒီမှာ လက်ရှိ ရှိတဲ့လူဦးရေနဲ့ဆိုရင် လူဦးရေ စုစုပေါင်း ခုနှစ်သောင်းနီးပါး ရှိနေကြပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့် က
၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါလာကြသော မီဒီယာများသို့ ဇွန် ၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။
၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ရန်အများစုက ဆန္ဒရှိနေကြသော်လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက မည်သို့စီစဉ်နေရာချထားပေးမည်ကို မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများ စုက တညီတညွှတ်တည်း ပြောကြသည်။
“ကျနော်တို့ နေထိုင်ဖို့အတွက် အရင်နေရာလေးတွေမှာ ပြန်ချပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျနော်တို့ အ တွက် သင့်တော်မယ့် နေရာလေးတခုခု စီစဉ်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒီပြဿနာ မှာ ကျနော်တို့ဖက်ကမှားခဲ့တယ်ဆိုရင်လည်း တောင်းပန်ပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးလှမြင့်က ဆိုသည်။
စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစုကြားတွင် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ တခြားဒေသများမှ ဘင်္ဂါလီများ လာရောက်စု ဝေးစုရုံးနေသည်ဟု သတင်းများထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး အကယ်၍ လာရောက်သည်ဆိုပါကလည်း ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်၍ပင်လယ်အတွင်း မျှောချပစ်မည်ဟု ပြောလေသည်။
လက်ရှိစစ်တွေမြို့ပေါ်အခြေအနေ(၁၇.၆.၂၀၁၂-တနင်္ဂနွေနေ့)
စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတချို့ ဖွင့်လှစ်ရောင်းချလာကြပြီး ပြည်သူအများစုမှာ ယခင်ပုံမှန်နီးပါးအတိုင်း သွားလာ လှုပ်ရှားနေကြပြီဖြစ်သည်ကို တွေ့ရသည်။ မော်တော်ယာဉ်အများစုမှာ ကယ်ဆယ်ရေးစခန်းများအတွက် စားနပ်ရိက္ခာနှင့် ထမင်းထုတ်များ၊ ရေသန့်ဘူးများတင်ဆောင်ကာ မြို့တွင်းလမ်းမများတွင် သွားလာနေကြသည်။
စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများအတွက် အလှူငွေနှင့်စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာများကို အသီးသီးတွေ့မြင်နေရသည်။ ယခင်တွေ့မြင်နေကျ မြင်ကွင်းများနှင့် ခြားနားသည်မှာ စစ်တွေမြို့လမ်းများပေါ်တွင် ဘင်္ဂါ လီ လူမျိုးများကို မတွေ့မြင်ရခြင်းပင် ဖြစ်သည်။
ပုဒ်မ ၁၄၄ ကို ယခု ၁၇ ရက်နေ့အထိ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီး ယင်းဥပဒေရုပ်သိမ်းပါက နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာမည်ကို ရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
“မာရှယ်လောက အခုရုပ်သိမ်းလို့ မဖြစ်သေးဘူး။ ညဘက် မာရှယ်လောရှိနေလို့လည်း ဒီလောက်ငြိမ်နေတာ။ မရှိရင် ဟို ဘက်ဒီဘက် ပြဿနာတွေ ဖြစ်နိုင်သေးတယ်။ အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀ မရှိတာရယ်၊ လုံခြုံရေးယူ ထားတဲ့လူတွေ မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကို စစ်တပ်လုံခြုံရေးအပြည့်ချ ထားတဲ့အတွက် ပြဿနာတွေ မရှိပါဘူး” ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်း ပြန်လည်ထွက်လာကြပြီဖြစ်ပြီး စာသင်ကျောင်းများမှာတော့ ဆက် လက်ပိတ်ထားဆဲ ဖြစ်သည်။
ယနေ့ ၂၀.၆.၂၀၁၂
တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေဖြစ်ပေါ်လာမှုအရ တည်ငြိမ်စပြုလာပြီဟု ယူဆရသော်လည်း ဒေသခံရခိုင်တိုင်းရင်း သားများမှာ သတိတရား လက်ကိုင်ထားကာ သွားလာနေကြဆဲပင် ဖြစ်ပါသည်။
ဥက္ကာကိုကို၊ ဖိုးသီဟ(မြောက်ဦး)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1