အာရပ်နိုင်ငံများနှင့် အနောက်နိုင်ငံများက ဆီးရီးယားနိုင်ငံ၏
ပဋိပက္ခအတွက် နိုင်ငံတကာမှ ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုမျိုး
ဆောင်ရွက်ရန် တောင်းဆိုနေချိန်တွင် တရုတ်နှင့် ရုရှားတို့က ဆီးရီးယားတွင်
အစိုးရ အပြောင်းအလဲအတွက်နှင့် ၀င်ရောက် စွက်ဖက်မှုတို့ကို ဆန့်ကျင်ကြောင်း
ဇွန်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။၁၅ လကြာနေပြီဖြစ်သည့် ဆီးရီးယားအရေးကို ဇွန်လ ၆ ရက်နေ့က အစ္စလာမ်ဘူတွင် ဆွေးနွေးခဲ့ရာ ရုရှားနှင့်တရုတ်တို့၏ ရပ်တည်မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စိတ်ပျက်နေခဲ့ကြောင်း တူရကီသံတမန် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီးတွင် သူပုန်တိုက်ခိုက်ရေးသမားများက တိုက်ခိုက်မှုအရှိန် မြှင့်တင်နေရာ ဆီးရီးယားတွင် အစိုးရအပြောင်းအလဲသည် အရှေ့အလယ်ပိုင်းအား ကမောက်ကမ ဖြစ်သွားစေနိုင်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က သတိပေး ခဲ့သည်။
AFP
No comments:
Post a Comment