Thursday, June 7, 2012

ဆန္ဒပြပွဲများကြောင့် သမ္မတကြီး ထိုင်းခရီးစဉ်ဖျက်ရ ဟုဆို

Ever November | 6/07/2012 09:23:00 PM | Best Blogger Tips
သမ္မတ ဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ထိုရက်ပိုင်းအတွင်း
ဖြစ်ပွားနေသည့်အလုပ်သမားအခွင့်အရေး၊လျှပ်စစ်မီးအလုံအလောက်ရရှိရေးဆန္ဒပြပွဲများအား အေး
ချမ်းစွာဖြေရှင်းပေးနိုင်ရန်အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။“ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှု များကို အနီးကပ် ကြီးကြပ် လမ်းညွှန်မှု ပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ရခြင်း ဖြစ်ပါကြောင်း” နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းဖြင့် ဖြေကြားအကြောင်းပြန်ခဲ့သည်ဟု ဇွန်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သမ္မတသည် ထိုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ခရီးစဉ် နှစ်ကြိမ် ပယ်ဖျက်ခဲ့ရသည်။ ပထမ အကြိမ်မှာ မေလ ၃ဝ ရက်နေ့ တွင် သွားရောက်ရန်ဖြစ်ပြီး ရွှေ့ဆိုင်းလိုက်ကာ ဇွန်လ ၄ ရက်တွင် အလည်အပတ် သွားရောက်ရန် စီစဉ်ထားသော် လည်း ထပ်မံရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

သို့သော် ထိုင်းခရီးစဉ်ကို နှစ်ဖက် အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေးအတွက် စီစဉ်သွားမည်ဟု ဦးဝဏ္ဏမောင်လွင် က ပြောသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1