Thursday, June 7, 2012

လီဗာပူးလ် အသင်းကို ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သည့် ဆီဂါဆင်

Ever November | 6/07/2012 09:37:00 PM | Best Blogger Tips
ဆွမ်ဆီး အသင်းရဲ့ ကွင်းလယ် ကစားသမား ဆီဂါဆင်ဟာ လီဗာပူးလ် အသင်းကို ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆီဂါဆင်ဟာ နည်းပြဟောင်း ဖြစ်သူ ရော်ဂျာရဲ့ စွမ်းဆောင်မှုနဲ့အတူ ဆွမ်ဆီး အသင်းကို ဟော်ဖန်ဟိန်း အသင်းကနေ ဆွမ်ဆီး အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရော်ဂျာဟာ လက်ရှိ အချိန်မှာတော့ လီဗာပူးလ် အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာကြောင့် ဆီဂါဆင် အနေနဲ့ နည်းပြဟောင်း ရော်ဂျာကို သူ့အား ခေါ်ယူရန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆီဂါဆင် လက်ရှိ အချိန်မှာတော့ ဆွမ်းဆီး အသင်းကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ယခုလို ပြောကြားခဲ့တာကြောင့် အသင်းရဲ့ ပရိတ်သတ်များ ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ ရော်ဂျာကလည်း လီဗာပူး အသင်းရဲ့ နည်းပြသစ် ဖြစ်လာလာခြင်းမှာ ကစားသမား ခေါ်ယူမှု အဖြစ် အသင်းဟောင်းမှ ကွင်းလယ် ကစားသမား ဆီဂါဆင်ကို ခေါ်ယူဖွယ် ရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဆီဂါဆင်က လီပါပူးလ် အသင်းကို ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပြီး သူ့အား ခေါ်ယူရန် တိုက်တွန်းခဲ့တာာ ဖြစ်ပါတယ်။ ဆီဂါဆင်ပာာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဟော့ဖန်ပိာန်း အသင်းကနေ ငှားလာရောက် ကစားခဲ့တာ ဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရာသီ အကုန်မှာတော့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့အတူ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်းလည်း သတင်းရရှိပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1