Wednesday, June 13, 2012

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန် နာမည်ကျော် ကုမ္ပဏီကြီးအချို့နှင့် ၁၀၀ ဦးစာရင်းတွင် ပါဝင်သင့်သည့် ကုမ္ပဏီများပါဝင်လာမှု မရှိ

Ever November | 6/13/2012 01:05:00 PM | Best Blogger Tips
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ထားသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကုန်သွယ်လုပ်ငန်း
ခွန် အများဆုံး ပေးဆောင်ထားသည့် ၁၀၀ ဦးနှင့် ၀င်ငွေခွန် အများဆုံး ပေးဆောင်ထားသည့် ၁၀၀ ဦးဟု ခွဲနှစ်ပိုင်း ခွဲထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိ ထုတ်ပြန်ထားသည့် အခွန်ထမ်း စာရင်းများတွင် မြန်မာနိုင်ငံ၌ နာမည်ကျော်ကြားသည့် ကုမ္ပဏီကြီးအချို့၊ လူသိများသည့် လုပ်ငန်းရှင်နှင့် ကုမ္ပဏီအချို့၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အမြင့်ဆုံးဟူသည့် စီးပွားရေး အသင်းအဖွဲ့များတွင် အဓိက တာဝန်ယူထားသူများ ပါဝင်လာမှုမရှိကြောင်း သိရသည်။

ပါဝင်လာမှုရှိခြင်း၊ မရှိခြင်းထက်အချို့မှာ အဆိုပါစာရင်းတွင် ပါဝင်သင့်ပါလျက် မပါဝင်ခြင်းမျိုးမှာမူ မည်မျှ အခွန်ရှောင်လုပ်ကိုင်နေသည်ကို ပေါ်လွင်စေသကဲ့သို့ နိုင်ငံထက် ကိုယ့်အကျိုးသာ ကိုယ်ကြည့်သူများအဖြစ် ပေါ်လွင်စေခဲ့ကြောင်း အခွန်ပေးဆောင်ထားသူများက ပြောကြား ခဲ့သည်။

ဝင်ငွေခွန် အများဆုံးပေးဆောင်သည့် ထိပ်ပိုင်း ၁၀၀ ဦးစာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် ယခင်နှစ်က အတိုင်းပင် Myanmar Brewery Ltd ၊ ကမ္ဘောဇဘဏ်လီမိတက်၊  Mya- nmar CP Livestock Co.,Ltd  စသည့် ကုမ္ပဏီများ၊ စားသောက်ကုန် ကုမ္ပဏီများ၊ ဘဏ်များသာ အများစုပါဝင်ပြီး ထူးထူးခြားခြား အနေဖြင့် Max Myanmar Construction Co.,Ltd၊ Associate of Civil Engineering Construction Group Co.,Ltd နှင့် Information Technology Central Services Co.,Ltd  ကုမ္ပဏီသုံးခု အသစ်တိုးလာခြင်းသာရှိခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးဝင်သင့်သည့် ကုမ္ပဏီအုပ်စုကြီးအချို့ ကျန်ရှိခဲ့သည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ထားသည့် ထိပ်ဆုံး ၁၀၀ ဦးစာရင်း၏ ထိပ်ပိုင်း ၁၀ ဦးတွင်လည်း ယခင်နှစ်ကကဲ့သို့ပင် နာမည်ကျော် ကုမ္ပဏီအုပ်စုကြီးများ တစ်ခုမှ ပါဝင်လာခြင်းမရှိဘဲ စားသောက် ကုန်ကုမ္ပဏီများသာ ပေးဆောင်ထားကြောင်း တွေ့ရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက''ကျွန်တော်တို့ ၁၀၀ ဦးကို ရွေးချယ်တဲ့အခါ ဘယ်လိုရွေးသလဲ မေးလာကြလိမ့်မယ်။ နှစ်အဆက်ဆက် အခွန်ကို အပြေအကြေ သွင်းပြီးတဲ့သူ၊ အခွန်ကြွေးကျန် မရှိတဲ့သူ၊ ဒီနှစ် ချမှတ်တဲ့အခွန်ကို အပြေအကြေ သွင်းပြီးသားသူတွေ ဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ ကျွန်တော်တို့ ရွေးချယ်ထုတ်ပြန်တာပါ''ဟု ပြောပြခဲ့သည်။

အခွန်ထိပ်ပိုင်း ၁၀၀ ဦးစာရင်းမှာ ပါလာစရာအကြောင်းမရှိတဲ့ ကုမ္ပဏီ အလတ်တွေက တကယ် အခွန်ဆောင်ပြီး ၁၀၀ ဦးစာရင်းဝင်နေတယ်။ လူတိုင်းသိတဲ့ ကုမ္ပဏီကြီးတွေ ပါသင့်ရက်နဲ့ မပါတာ။ တချို့ မလေးရှား Casino မှာ တစ်ရက်တည်းနဲ့ ဒေါ်လာသန်း ၄၀ လောက် အရှုံးခံ ကစားပေမယ့် ဒီမှာတော့ တစ်နှစ် ဒေါ်လာလေးသန်းလောက်တောင် အခွန်မဆောင်ဘူး။
ပါသင့်လျက် မပါရှိသည့်အပေါ် အခွန်ပေးဆောင်ထားသူ တစ်ဦးကလည်း ''၁၀၀ ဦးစာရင်းထဲမှာတော့ ကုမ္ပဏီကြီးတွေ၊ ကုမ္ပဏီခွဲတွေအလိုက် ဆောင်ထားတာတွေ ပါလာတယ်။ အများသိထားတာ၊ ထင်ထားတာ လောက်တော့ ထိပ်ဆုံးမှာ ပါရမှာ ပါမလာဘူး။ ကုမ္ပဏီကြီး တချို့ပါ လာတယ်ဆိုပေမယ့် အပြည့်အ၀ ဆောင်တာမျိုး မဟုတ်လောက်သေးဘူးလို့ ပြောတာ။ နောက် မြန်မာနိုင်ငံမှာ UMFCCI ဆိုတာ စီးပွားရေး ခေါင်ချုပ်အဖွဲ့ပဲ။ UMFCCI ရဲ့ ထိပ်ပိုင်းမှာ တာဝန်ယူထားတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုမ္ပဏီတွေ၊ ပြည်ထောင်စုဝန်ကြီးတချို့ပိုင်တဲ့ ကုမ္ပဏီ ကြီးတွေ ပါမလာသေးဘူး။ ပြီးတော့ အဲဒီကုမ္ပဏီတွေနဲ့ နှိုင်းရင် အခွန်ထိပ်ပိုင်း ၁၀၀ ဦးစာရင်းမှာ ပါလာစရာအကြောင်းမရှိတဲ့ ကုမ္ပဏီအလတ်တွေက တကယ်အခွန်ဆောင်ပြီး ၁၀၀ ဦး စာရင်းဝင်နေတယ်။ လူတိုင်းသိတဲ့ ကုမ္ပဏီကြီးတွေ ပါသင့်ရက်နဲ့မပါတာ။ တချို့မလေးရှား Casino မှာ တစ်ရက်တည်းနဲ့ ဒေါ်လာသန်း ၄၀ လောက် အရှုံးခံ ကစားပေမယ့် ဒီမှာတော့ တစ်နှစ် ဒေါ်လာလေးသန်းလောက်တောင် အခွန်မဆောင်ဘူး။ သူတို့ကို အရေးမယူဘဲ အခွန်ကောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီစာရင်းကိုလည်း သတင်းစာမှာ ထုတ်ပြန်ရင် ထုတ်ပြန်ဦးမှာ။ အဲဒီကျရင် အားလုံး မြင်ကြရမှာပါ''ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၁၂၂၂ ဒသမ ၈၄၄ ဘီလျံရရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံရရှိကြောင်း၊ ထို့အတွက် ယခင်နှစ်ကထက် ကျပ် ၃၁၅ ဒသမ ၉၂၂ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၁၀၀ ဦးစာရင်းတွင် Eleven Media Group မှာ နံပါတ် ၈၄ တွင်ပါဝင်လာခဲ့ပြီး လာမည့်နှစ်တွင် လက်ရှိထမ်းဆောင်သည့် အခွန်ပမာဏထက် နှစ်ဆအထိတိုး၍ ပေးဆောင်သွားရန် လျာထားကြောင်း Eleven Media Gropu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်တဲ့စာရင်းမှာ ပါလာတယ်။ နံပါတ် ၈၄ နေရာမှာပါ။ အခုနှစ်မှာ အခုထက် နှစ်ဆအထိ အခွန်တိုးဆောင်ဖို့ ရှိပါတယ်''ဟု Eleven Media Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဒီမိုကရေစီအစိုးရဟူသည် အခွန်ငွေဖြင့်သာ ရပ်တည်ကာ အများပြည်သူ အကျိုးငှာ ပြန်လည်ခွဲဝေ သုံးစွဲရခြင်းဖြစ်ကြောင်း၊ ထို့အတွက် အခွန်ပေးဆောင်မှုများမှာ မိမိကုမ္ပဏီ မိမိရရှိသည့် အကျိုးအမြတ်နှင့် ထိုက်သင့်သည့် ပမာဏအထိ ပေးဆောင်ရန် လိုအပ်ကြောင်း သုံးသပ်ကြပါသည်။
၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး
၁။  Myanmar Brewery Ltd
၂။  KBZ Bank Ltd
၃။  Myanmar CP Live Stock Co.,Ltd
၎။  Associate of civil Engineering construction Group Co.,Ltd
၅။  Information Technology Central Services Co.,Ltd
၆။  nternational Beverages Trading  Co.,Ltd
၇။  Max Myanmar Construction Co.,Ltd
၈။  CB Bank Ltd
၉။  Dagon Beverages Co .,Ltd
၁၀။  A-1 Construction Co.,Ltd

၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး
၁။  Myanmar Brewery Ltd
၂။  Rothmans of Pall Mall Myanmar Pte.Ltd
၃။  Dagon Beverages Co .,Ltd
၎။  Myanmar CP Live Stock Co.,Ltd
၅။  မူဆယ်ကိုးကန့်ကုမ္ပဏီ
၆။  Diethelm & Co., Ltd
၇။  The First Automotive Co.,Ltd
၈။  Yathar Cho Industry Co.,Ltd
၉။  Traders Yangon Co.,Ltd
၁၀။  Straits Greenfield Ltd

၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦးကျပ်(သန်း)
၁။ Myanmar CP Live Stock Co.,Ltd ၇၈၀၃ .၆၅
၂။ KBZ Bank Ltd ၃၂၀၀ .၀၀
၃။ First Private Bank Ltd ၂၀၈၀ .၀၉
၎။ မွေးရေဘဏ် ၁၈၆၇ .၅၈
၅။ Dagon Brewery Co Ltd ၁၆၄၉ .၂၈

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦး ကျပ်(သန်း)
၁။ Myanmar CP Live Stock Co.,Ltd ၃၁၉၈ .၈၆
၂။ Myan Gon Myint Trading Co.,Ltd ၁၅၀၀ .၀၀
၃။ Co Operative Bank Ltd ၁၂၀၁ .၅၅
၎။ Htoo Trading Co., Ltd ၁၁၀၂ .၀၈
၅။ Shwe Thazing Co Ltd ၉၈၅ .၀၃

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦးကျပ်(သန်း)
၁။ KBZ Bank Ltd ၆၁၇၇ .၂၈၃
၂။ Myanmar Brewery Ltd ၃၅၅၃ .၅၀၅
၃။ Shew Me' Co.,Ltd ၃၁၄၇ .၄၇၁
၎။ Myanmar CP Live Stock Co.,Ltd ၃၀၀၀ .၀၀၀
၅။ CB Bank Ltd ၂၀၆၁ .၆၃၁
၆။ Dagon Brewery Co Ltd ၂၀၅၄ .၃၀၂
၇။ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ၁၅၉၈ .၁၆၈
၈။ Diethelm & Co., Ltd ၁၃၀၈ .၃၆၃
၉။ Yathar Cho Industry Co.,Ltd ၁၃၀၈ .၁၉၆
၁၀။ International Beverages Trading Co.,Ltd ၁၂၇၅ .၁၄၀

၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦးကျပ်(သန်း)
၁။ Myanmar Brewery Ltd ၆၈၄၂၇ .၈၅၁
၂။ Dagon Brewery Co Ltd ၉၀၅၁ .၉၄၀
၃။ Myanmar Winery & Distillery Co.,Ltd ၇၂၃၅ .၀၀၀
၎။ Rothmans of Pall Mall Myanmar Pte.Ltd ၃၇၀၄ .၃၂၄
၅။ Peace Myanmar Group Co.,Ltd ၂၉၀၇ .၂၆၁
၆။ Myanmar Ivanhoe Copper Co Ltd ၂၃၀၉ .၂၆၀
၇။ International Beverages Trading Co.,Ltd ၁၇၃၀ .၅၅၂
၈။ Diethelm & Co., Ltd ၁၂၄၇ .၂၈၅
၉။ မူဆယ်ကိုးကန့် ကုမ္ပဏီ ၉၆၀ .၁၆၈
၁၀။ Yathar Cho Industry Co.,Ltd ၉၂၁ .၆၅၈

ပြည်တွင်းအခွန်မှ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု
ပမာဏ(ကျပ်၊ သန်း)
ဘဏ္ဍာနှစ် အခွန်ရရှိမှုစုစုပေါင်း
၂၀၀၅-၂၀၀၆ ၄၄၇၉၆၄
၂၀၀၆-၂၀၀၇ ၆၇၆၇၄၂
၂၀၀၇-၂၀၀၈ ၈၃၈၂၅၇
၂၀၀၈-၂၀၀၉ ၉၅၅၃၁၅
၂၀၀၉-၂၀၁၀ ၁၀၃၆၈၀၈
၂၀၁၀-၂၀၁၁ ၁၂၂၂၈၄၈
၂၀၁၁-၂၀၁၂ ၁၅၃၈၇၆၆
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1