Wednesday, June 13, 2012

Gmail အသုံးပြုသူများထံ malware တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း Google သတိပေး

Ever November | 6/13/2012 08:12:00 PM | Best Blogger Tips
Gmailအွန်လိုင်းအီးမေးလ်ဝန်ဆောင်မှုအသုံးပြုနေသူများထံတွင်အစိုးရကျောထောက်နောက်ခံပြုထားသည့် malware တိုက်ခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း Google က သတိပေးပြောကြားခဲ့သည်ဟု သိရသည်။ Googleအနေဖြင့်၎င်း၏စနစ်ပေါ်တွင်အန္တရာယ်ဖြစ်စေနိုင်သည့်လှုပ်ရှားမှုများကိုအမြဲစောင့်ကြည့်လျက်ရှိရာ
ယင်းကဲ့သို့အပြုအမူ၊ လှုပ်ရှားမှုမျိုးကို စစ်ဆေးတွေ့ရှိခဲ့ပါက အဆိုပါဝန်ဆောင်မှု အသုံးပြုနေသူများထံသို့ သိသာထင်ရှားသည့်သတိပေးမှုများ ပြုလုပ်လေ့ရှိကြောင်း Google ကုမ္ပဏီ၏ လုံခြုံရေးပိုင်းဆိုင်ရာ တွဲဖက်ဥက္ကဌ Eric Grosse ကပြောကြားခဲ့သည်။ ယခုကိစ္စတွင်လည်း Google ၏ Gmail စာမျက်နှာထိပ်ပိုင်းတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer." ဟူသည့် သတိပေးစာတန်းကို ဖော်ပြပေးထားပြီး အဆိုပါသတိပေးစာတန်းပေါ်လာပါက ယင်း account သည် တိုက်ခိုက်ခြင်းမခံရသေးဘဲ တိုက်ခိုက်ခြင်းခံရတော့မည့်၊ တိုက်ခိုက်ရန်ရည်ရွယ်ခံထားရသည့် account တစ် ခုဖြစ်သည့်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ Password ဖန်တီးရာတွင် ပိုမိုလုံခြုံမှုရှိစေရန်အတွက် အင်္ဂလိပ် အက္ခရာစာလုံးအကြီးနှင့် အသေးကို တွဲဖက်အသုံးပြုသင့်သည့်အပြင် ဂဏန်းများ၊ သင်္ကေတများကိုလည်း ထည့်သွင်းပြုလုပ်သင့်ကြောင်းနှင့် two-step verification စနစ်ကိုအသုံးပြုသင့်ကြောင်း Google ကအကြံပြုထားသည်။ Google account အတွက် တရားဝင် log-in ဆိုက်တွင် https:// accounts.google.com ဟူ၍ browser bar ၌ဖော်ပြထားကြောင်း သိရသည်။

ရေးသားသူ -ဟေမာ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1