Wednesday, June 13, 2012

Huawei Ascend P1

Ever November | 6/13/2012 07:32:00 PM | Best Blogger Tips
အားသာချက် - သပ်ရပ်ကျော့ရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ထုတ်လုပ်ထားတဲ့ Huawei Ascend P1 မှာ Android 4.0 Ice Cream Sandwich နဲ့ 1.5GHz dual-core ပရိုဆက်ဆာတို့အပြင် 8-megapixel ကင်မရာနဲ့ full HD ဗီဒီယိုတို့ကို အထောက်အပံ့ပေးထားပါတယ်။
အားနည်းချက် - ဖုန်းရဲ့ကင်မရာနဲ့ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ ကုမ္ပဏီက ကတိပေးပြောဆိုထားတဲ့အတိုင်း အရည်အသွေးပြည့်မီခြင်းမရှိပါဘူး။ တောက်ပတဲ့ ပလပ်စတစ်ကိုယ်ထည်နဲ့ပြုလုပ်ထားတဲ့ Huawei Ascend P1 ရဲ့အရွယ်အစားကတော့ အမြင့် ၅ လက်မ၊ အနံ ၂.၆ လက်မနဲ့ အထူ ၀.၃ လက်မဖြစ်ပြီး အရွယ်အစားကြီးမားတဲ့ ဖုန်းဖြစ်ပေမယ့် အလေးချိန် ၃.၉ အောင်စသာရှိတဲ့အတွက် သယ်ဆောင်သွားတဲ့အခါမှာ ပေါ့ပေါ့ပါးပါးရှိစေပါတယ်။

၎.၃ လက်မအရွယ် Super AMOLED display ကို Gorilla Glass နဲ့ကာကွယ်ပြုလုပ်ထားပြီး ၎င်းဟာ 540x960 pixel resolution နဲ့ဖော်ပြပေးနိုင်တာကြောင့် ၀က်ဘ်ဆိုက်များကို အလွယ်တကူ ဖတ်ရှုနိုင်စေမှာဖြစ်ပါတယ်။ Android  4.0 Ice Cream Sandwich ကိုအသုံးပြုထားတဲ့အတွက် ICS စံသတ်မှတ်ချက်များအပြင် စက်ဝိုင်းပုံစံ lock screen ပုံစံသစ်ကဲ့သို့သော အပိုဆောင်း feature များနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display ရဲ့အပေါ်ဘက်တွင် မိမိကိုယ်မိမိ ဓာတ်ပုံရိုက်နိုင်စေမယ့် 1.3-megapixel front-facing ကင်မရာကိုတွေ့ရမှာဖြစ်ပြီး display ရဲ့အောက်ဘက်မှာတော့ touch-sensitive ခလုတ်များဖြစ်တဲ့ menu, home screen နဲ့ back တို့ကိုတွေ့ရမှာပါ။ SIM card slot, Micro-USB အားသွင်းပေါက်နဲ့ ၃.၅ မီလီမီတာနားကြပ်ပေါက်တို့ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တွေ့ရမှာဖြစ်ပြီး ဖုန်းရဲ့ညာဘက်ဘေးမှာတော့ power ခလုတ်နဲ့ 32GB အထိသိုလှောင်သိမ်းဆည်းနိုင်တဲ့ microSD card slot တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတော့ volume rocker ခလုတ်ကို တပ်ဆင်ပေးထားပြီး 8-megapixel ကင်မရာနဲ့ dual-LED flash ကိုတော့ ဖုန်းရဲ့ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့အနောက်ဘက်အဖုံးကို ဖြုတ်လို့မရသလို ဘက်ထရီကိုလည်း ဖယ်ရှားလို့မရပါဘူး။ ကြိုးမဲ့ဆက်သွယ်မှုစနစ်များအနေနဲ့ GPS, Wi-Fi, Bluetooth 3.0 နဲ့ hot-spot တို့ကိုအထောက်အပံ့ပေးထားပြီး productivity app များအနေနဲ့ calculator, calendar, clock, notes, File Manager, FM radio နဲ့ flashlight တို့နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android ICS ကိုအသုံးပြုထားတာကြောင့် ကင်မရာကိုအသုံးပြုရာမှာ HDR, burst mode, panorama, low-light mode တို့နဲ့ ရိုက်ကူးနိုင်တဲ့အပြင် အခြားသော setting များနဲ့လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးရာမှာလည်း 1080p HD ဗီဒီယိုများကို ရိုက်ကူးနိုင်ပါတယ်။ Huawei Ascend P1 ကို GSM 850/900/1800/1900; WCDMA 850/900/1900/2100/AWS နဲ့အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာအနေနဲ့ Texas Instruments ရဲ့ OMAP 4460 1.5 GHz Cortex-A9 dual-core ကိုအသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 1,670 mAh Li-ion ဖြစ်ပါတယ်။

ရေးသားသူ -နောင်နောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1