Saturday, June 30, 2012

ဝိညာဉ်နဲ့ပတ်သက်တဲ့ ခံယူချက်အကြောင်းအေးမြတ်သူပြော

Ever November | 6/30/2012 09:06:00 AM | Best Blogger Tips

"ဝိညာဉ်တစ်ကောင်ရဲ့ တမ်းချင်း" ဇာတ်ကားမှာ Laurel Art Academy သင်တန်းဆင်း ကျောင်းသားတွေနဲ့ ရိုက်ကူးနေ တဲ့အေးမြတ်သူ က ဒီဇာတ်ကားထဲ မှာ မကျွတ်မလွတ်သေးတဲ့ တစ္ဆေတစ် ကောင်နေရာက အမျှအတန်း လိုချင်နေတဲ့ပုံစံနဲ့ သရုပ်ဆောင်နေပါတယ်။ ကိုယ် ကိုယ်တိုင် တစ္ဆေနေရာက ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ရှိပေမယ့် ထူးထူးခြားခြား တော့တစ်ခါမှ မကြုံဖူးဘူး ဆိုတဲ့ အေးမြတ်သူ ကသူ့မှာ ဝိညာဉ် တွေနဲ့ပတ် သက်ပြီး ခံယူချက် တစ်ခုရှိကြောင်း အခုလိုပြောပြ ပါတယ်။
"ဝိညာဉ်ဆိုတဲ့အရာ၊ မမြင်ရတဲ့လောက ရှိတယ်ဆို တာ ကျွန်တော် လက်ခံ တယ်။ အဲဒါကြီးကို ရှိတယ်ဆို ပြီး တအား ယုံကြည်မှုလွန်ကဲနေ တဲ့လူထဲ မှာတော့ အေးမြတ်သူ မပါဘူး။ ရှိလည်း သူ့ဟာ သူရှိ နေလိမ့်မယ်။ ကိုယ့်ကိုလာမ နှောင့်ယှက်ဘူး" လို့ပြောပါတယ်။ ဒီ ဇာတ်ကားရဲ့ နာမည် ဟာ "ဝိညာဉ် တစ် ကောင်ရဲ့တမ်းချင်း" ဖြစ်ပြီး ဝိညာဉ်ဆို တဲ့စကားလုံး အပေါ် ဆင်ဆာ မပေးကြောင်း ကြားသိရတာကြောင့် ဒီဇာတ်ကား မှာပါဝင် သရုပ်ဆောင်တဲ့ အေးမြတ်သူကို မေးကြည့်တော့...
"အဲဒါဆို ဘယ်လိုသုံးမှာလဲ။ သရဲလို့သုံး ရမှာလား။ သရဲဆိုတဲ့ စကားလုံး ကိုတော့ ကြမ်းတယ်လို့ ထင်တယ်။ သရဲဆိုတာကို လူတွေက မကောင်းဘူး၊ ကြောက်အောင် ခြောက်တယ် လို့မြင်ကြတာလေ။ ဝိညာဉ် ဆိုတဲ့ဟာကို ကျွန်တော်ထင်တယ် ပိုပြီး နူးညံ့မှု ရှိမလားပေါ့။ ပြီးတော့ မကျွတ်မလွတ်သော ပုဂ္ဂိုလ်လို့သုံးမှာ လားပေါ့။ ဝိညာဉ် ဆိုတဲ့စကားလုံး မသုံးဘဲ ဘာသုံးမလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အခုက တော့ ဒီလိုသရဲကားတွေ အရိုက်များလာ တယ်။ တချို့ဆိုပြောကြတယ်။ ၃၅ လမ်းထဲ ကိုဖြတ်မလျှောက်နဲ့၊ သရဲခြောက်ခံရမယ် တဲ့။ အဲဒီလောက်တောင် ရိုက်လာကြတာ။ အရင်တုန်းကလည်း ဟာသဆို ဟာသတစ် ခေတ်ဖြစ် ပါသေးတယ်။ ရာသီစာပေါ့။ အခု တော့ ပရိသတ်က သရဲဇာတ်လမ်းတွေ ကြည့်ချင်ကြပြန်ရော။ ကြာရင်တော့လည်း ပရိ သတ်တွေ အာရုံညောင်း မှာပေါ့။ ဒါပြီးရင် ဒရာမာခေတ်လည်း ရောက်ချင်ရောက်လာမှာပဲ။ လည်ပတ် နေတာပါပဲ။ အဓိကက ပရိသတ်တွေကို မက်ဆေ့ခ်ျ တစ်ခုခုရ ဖို့ပါပဲ။ အခုဒီကားမှာတော့ အဖြူရောင် အင်္ကျီနဲ့ ထဘီဝတ်ထားတယ်။ သရဲကား အများစုက ဂါဝန်တွေ ဝတ်ကြတော့ ဒီလိုပဲ ဝတ်ဖြစ် သွားတာပါ" လို့ ပြောပြပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၈ရက်နေ့က ကျရောက်ခဲ့ တဲ့ အေးမြတ်သူရဲ့မွေးနေ့ပွဲ မှာတော့ အေးမြတ်သူက သူကိုးကွယ်တဲ့ ဘုန်းကြီးကျောင်း မှာ အလှူ လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မွေးနေ့ပွဲကို ထွေထွေထူးထူး မကျင်းပဖြစ် ခဲ့ဘဲအလှူလေးလုပ်ပြီးပဲဖြတ်သန်းခဲ့ကြောင်း အေးမြတ်သူကဆိုပါတယ်။
ဝဿန်(popular facebook)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1