Wednesday, June 20, 2012

အင်တာနက်သုံးနိုင်သော တစ်သိန်းအောက် တရုတ်ဟန်းဆက် အရောင်းသွက်

Ever November | 6/20/2012 09:47:00 AM | Best Blogger Tips
မိုဘိုင်းဖုန်း(ဟန်းဆက်)ဈေးကွက်အတွင်းတရုတ်နိုင်ငံထုတ်ဖုန်းနှင့်အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သော ဟန်းဆက်များ အရောင်း အ၀ယ်ဖြစ်လျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များက သိရှိရသည်။
 
“ဆိုင်မှာတော့ Huawei ဖုန်းတွေထဲက ၅သောင်းကျော်ကနေ ၁သိန်းခွဲကျော်တန်တွေက အရောင်းသွက်တယ်။ CDMA ဖုန်းတွေကလည်း အင်တာနက်လိုင်း အသုံးပြုလို့ရပြီဆိုတော့ ဖုန်းထဲမှာ အင်တာနက် သုံးလို့ရတာမျိုး တွေ အ၀ယ်လိုက်လာတယ်” ဟု မင်္ဂလာဈေးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ မသူဇာဝင်းက ပြောသည်။
 
ဟန်းဆက်ဈေးကွက်တွင်းသို့ ပြည်ပနိုင်ငံအသီးသီးမှ ဟန်းဆက်များဝင်ရောက်နေပြီး လက်ရှိဈေးကွက်၌ တရုတ်ဟန်းဆက်များမှာ ၀င်ရောက်မှုများဆုံးဖြစ်ကြောင်း သိရသည်။
 
အဆိုပါဈေးကွက်တွင်း၌ တရုတ်နိုင်ငံထုတ် Huawei ဖုန်းများအရောင်းသွက်ပြီး U 8110 အမျိုးအစားမှာ ကျပ် (၆၇၀၀၀)၊ U 8100 အမျိုးအစားမှာ ကျပ် (၅၈၀၀၀)၊ U 8661 အမျိုးအစားမှာ ကျပ် (၉၀၀၀၀)၊ C 8810 အမျိုး အစားမှာ ကျပ် (၁၅၀၀၀၀) ၀န်းကျင်   ဈေးရှိကြောင်း သိရှိရသည်။
 
“ဟန်းဆက်တွေကတော့ အမျိုးအစားအများကြီးပါပဲ။ ဒါပေမယ့် အင်တာနက်သုံးတွဲသုံးဖို့ဆိုတာက မော်ဒယ် နိမ့်တွေဆိုရင် ကျပ် ၆သောင်းတန်ကနေ အများကြီးရှိပါတယ်။  အမျိုးအစားအကောင်းတွေလည်း ရှိပါတယ်။ Samsaung Galaxy ဆိုရင် ၆သိန်း ၇သိန်းလောက်ထိ ဈေးရှိတယ်”ဟု မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ကိုဝင်းထွန်းက ပြောသည်။
 
 
လက်ရှိ မိုဘိုင်းဖုန်းဈေးကွက်တွင်း၌ GSM မိုဘိုင်းဖုန်းများအတွက် Samsaung Galarxy Siii 16GB ဟန်းဆက် ကျပ် (၆၅၀၀၀၀) ၀န်းကျင်၊ Samsaung Galaxy Sii 16GB ဟန်းဆက် ကျပ် (၃၈၀၀၀၀)၊ I Phone 4S 16 GB ဟန်းဆက် ကျပ် (၅၈၀၀၀၀)၊ CDMA မိုဘိုင်းဖုန်းများအတွက် Samsaung Galaxy Ace ဟန်းဆက် ကျပ် (၂၆၀၀၀၀)၊ HTC EVO 4G ဟန်းဆက်ကျပ်(၂၀၀၀၀၀)၊ Huawei C8810 ဟန်းဆက်(၁၅၀၀၀၀)၀န်းကျင် ရှိသည်။
 
လက်ရှိ ဟန်းဆက်ဈေးကွက်တွင်း၌ ကျပ် (၈)သိန်းဝန်းကျင်အထိရှိသော အင်တာနက်သုံးနိုင်သည့် ဟန်းဆက်အမျိုးအစားများကိုလည်း   တွေ့ရှိရပြီး အခြားနိုင်ငံထုတ် အမျိုးအစားများမှာလည်း ဈေးကွက်အတွင်း ၀င်ရောက် လျက်ရှိကာ သုံးစွဲသူစိတ်ကြိုက် ဈေးနှုန်းနှင့် အမျိုးအစားအလိုက် အရောင်း အ၀ယ်ဖြစ်လျက်ရှိသည်။
 
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မိုဘိုင်းဖုန်း သန်း(၃၀)စီမံကိန်းတွင်  ရန်ကုန်တိုင်းဒေသကြီးတွင်း၌ လက်ရှိအချိန်တွင် မိုဘိုင်း ဖုန်းကဒ် (၄)သိန်းကျော် ချထားပေးပြီးဖြစ်ကြောင်း အလုံမိုဘိုင်းဆက်သွယ်ရေးရုံးက သိရှိရသည်။
အောင်ကိုကိုလတ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1