၁ ။ သတ္တုတွင်းလုပ်ငန်း
၂ ။ သစ်ထုတ်လုပ်ငန်း
၃ ။ ရေအားလျှပ်စစ်လုပ်ငန်း ဟု ကျွှန်တော်ထင်ပါသည် ။
အထက်ပါလုပ်ငန်းကြီးများမှာ
သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုး ဝါးဝါး ထိခိုက်နေသိဟု ကျွန်တော် ယူဆမိပါသည် ။
ကျွှန်တော့်ရဲ့ အယူအဆသည် လိုကောင်းလိုမည်ကို ကျွန်တော်သိပါသည် ။
ကျွန်တော် တတ်သိနားလည်သူ မဟုတ်ကြောင်းကို ဝန်ခံအပ်ပါသည် ။
ကိုယ်ကျိုးရှာ အာဏာပိုင်အဖွဲ့
အစည်းများနှင့် ခရိုနီ လုပ်ငန်းရှင်များကြောင့် တိုင်းပြည်ရဲ့ 
သဘာဝသံယာဇာတများ တစ်နေ့တစ်ခြား ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကို
ကျွန်တော်တို့ လက်ပိုကကြည့်မနေသင့်ဟု ကျွှန်တော်ပြောချင်ပါသည် ။ ထိုလူတစ်စု
ရဲ့  ထင်ရာစိုင်းလုပ်ဆောင်နေမှု များသည် လက်လွတ်စပါယ်နိုင်လွန်းလှပါသည်။
ကျွန်တော်တို့ နိုင်ငံသားများ အနေဖြင့် ထိုကိစ္စကို
တွန်းလှန်တိုက်ဖျက်ဘို့ အချိန် ရောက်နေပြီဟုလဲ ယူဆမိပါသည်။
နိုင်ငံအနှံ့ အပြားမှာ အထက်ပါ
လုပ်ငန်းကြီးများ လုပ်ကိုင်နေမှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်
အားလုံးကန့်ကွက်သွားဖို့ နိုင်ငံသားအားလုံးကို တိုက်တွန်းချင်ပါသည်။
ထိုလုပ်ငန်းကြီးများ လုပ်ဆောင်နေမှုသည် နိုင်ငံသားများအတွက် အကျိုးအမြတ်
မရှိရုံသာမက ဆိုးကျိုးများကို ပင် စတင်ခံစားနေရသည်ကို ကျွန်တော်တို့
အားလုံးအသိပင်ဖြစ်ပါသည် ။
ယနေ့ကဲ့သို့  သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းရေးနေ့များတွင် ဘယ်အာဏာပိုင် ဘယ်ခရိုနီက မှ သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းဖို့ တစ်လုံးမှမဟ။ သစ်တစ်ပင် စိုက်ကြောင်းလဲ မပြော။ တော်တော်
အံ့သြဘို့ကောင်းပါသည်။ ထိုသူများရဲ့ လုပ်ဆောင်နေမှုများသည်
တစ်တိုင်းပြည်လုံးကို သဘာဝ ဘေးအန္တရာယ် ချောက်ထဲကို ဆွဲသွင်းနေသော
လုပ်ဆောင်ချက်များဟု ထင်မိပါသည် ။
ကျွန်တော်တို့တစ်တွေ သဘာဝဘေးအန္တရာယ် ချောက်ထဲကို မကျအောင် အချိန်မှီ ကာကွယ်ဆန့်ကျင်ကြဘို့ တိုက်တွန်း လိုက်ချင်ပါသည် ။
by - zawmoehetet
Demowaiyan
No comments:
Post a Comment