Tuesday, June 12, 2012

တိုက်ပွဲများကြောင့် စောင့်ကြည့်နိုင်ခြင်းမရှိ၍ တနိုင်းဘိန်းစိုက်ခင်းများအထူးအောင်မြင်

Ever November | 6/12/2012 09:13:00 PM | Best Blogger Tips
ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့်မြန်မာအစိုးရတပ်ကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် တနိုင်းမြို့နယ် ဘိန်း စိုက်ခင်းများအား မဖျက်ဆီးနိုင်ခြင်းကြောင့် ဘိန်းအထွက်နှုန်းသည် ယခင်နှစ်များကထက် ပိုမိုအောင်မြင်ဖြစ် ထွန်းနေကြောင်း ဒေသခံများထံက သိရှိရသည်။
 
“နိုင်ငံရေးရှုပ်နေတော့ သူတို့က ဒီဘက်သိပ်မကြည့်နိုင်ဘူးလေ။ အရင်က ကေအိုင်အေလည်း အရမ်းဖမ်းတယ်။ အစိုးရလည်း ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ဒီနှစ်မဖမ်းနိုင်တော့ တနိုင်းဘိန်းပိုင်ရှင်တွေ အရမ်း ကောင်စားနေတယ်။”ဟု တနိုင်းဒေသခံတစ်ဦးက ပြောသည်။
 
တနိုင်းမြို့နယ်တွင် တ၀မ်မြစ်နှင့်တနိုင်းမြစ်ဆုံသည့် ဒေသတစ်လျှောက်နှင့် တရုန်မြစ်နှင့်တနိုင်းမြစ်ဆုံကြား တွင် ဘိန်းစိုက်ပျိုးနေ ကြခြင်းဖြစ်သည်။ ၎င်းနယ်မြေသည် အစိုးရလက်အောက်ခံနယ်မြေတစ်ခုဖြစ်သည်။
 
ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ပူတာအို၊ ဖားကန့်၊ တနိုင်းမြို့နယ်များတွင် ဘိန်းစိုက်ပျိုးပြီး၊  တနိုင်းသည် ဘိန်း စိုက်ပျိုးရာ အကောင်းဆုံးနယ်မြေတစ်ခုဖြစ်ကြောင်း ကိုလည်း ဒေခံတို့ကဆိုသည်။
 
“မြေဆီလွှာက အရမ်းကောင်းတယ်။ ကျွန်တော် ဆဒုံတို့ဘက်မှာ ကျောင်းဆရာတာဝန်ကျတုန်းက မြင်ခဲ့ရ တယ်။ အဲ့ဒီမှာ ဘိန်းစိုက် တယ်ဆိုတာ တနိုင်းကို မမှီဘူး။ တနိုင်းက ဘိန်းခင်းက အရမ်းလှတာ။”ဟု တနိုင်း မြို့တွင် တာဝန်ကျကျောင်းဆရာ တစ်ဦး က   ပြောသည်။
 
ဘိန်းစိုက်ခင်းများကို  နိုဝင်ဘာလပိုင်းမှ စတင်စိုက်ပျိုးကာ နွေရာသီအကုန်တွင် ဘိန်းခြစ်ယူနိုင်ကြောင်းသိရှိရသော်လည်း တနိုင်းမြို့  တွင်မူ   ဇွန်လပိုင်းတွင် ဘိန်းခြစ်ယူလေ့ရှိကြောင်း တစ်နေ့လျင် နေ့စားခ ကျပ်တစ်သောင်းသည့် ဒေသခံဘိန်းခြစ်လုပ်သားတစ်ဦးက ဆိုသည်။
ဂျာတော့(ပ်) (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1