Wednesday, June 20, 2012

ရခိုင်ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်နေ၍ ဆေးဝါးနှင့် အစားအသောက်လိုအပ်ချက်မြင့်မားလာ

Ever November | 6/20/2012 09:39:00 AM | Best Blogger Tips
စစ်တွေမြို့ ကယ်ဆယ်ရေးဒုက္ခသည်စခန်းများတွင်  ဆရာဝန်နှင့်အတူ ဆေးဝါးပစ္စည်းများ၊ တစ်နေ့လျှင် ဆန်တစ်ပြည်သာထောက်ပံ့နိုင်သည့်အတွက်အစားအသောက်လိုအပ်ချက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံ
များက ဆိုသည်။

စစ်တွေမြို့မင်းဂံရပ်ကွက်တွင်အများစုမှာဆင်းရဲနွမ်းပါးကြသဖြင့်ဆန်နှင့်ဆေးဝါးတို့လိုအပ်နေကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိန်မောင်ကပြောသည်။“လက်ရှိအနေအထားအရမင်းဂံမှာ  ဒုက္ခသည်တွေအတွက် စားဝတ်နေရေးကမလုံလောက်သေးဘူး  ၊   ပြီးတော့ ဆေးဝါးပစ္စည်းတွေကလည်း လိုအပ်နေတယ်၊ဘာလို့ဆိုတော့ ဒုက္ခသည်စခန်းတွေမှာဝမ်းပျက် ဝမ်းဖော ၊ငှက်ဖျားရောဂါ တို့ ဖြစ်ပွားလာနေတယ်၊  ဒါကိုကျနော်တို့ အခမဲ့ ဆေးဝါးကုသပေးနေရပါတယ်၊ “ဟု ဦးအေးစိန်မောင် ကပြောသည်။
 
မင်းဂံရပ်ကွက်တွင် အကွက်ပေါင်း (၁၇)ကွက်ရှိပြီး  အိမ်ခြေ (၁၄၀၀)ကျော်ရှိရာ  ဒုက္ခသည် လူဦးရေ  (၁၆၀၀) ကျော်ရှိပြီး  ကယ်ဆယ်ရေးစခန်း (၃)ဖွင့်လှစ်ထားရကြောင်း ၄င်းက ဆက်ပြောသည်။
 
“ အခု ရပ်ကွက်မှာ ပုဂ္ဂလိကအလှူရှင်တွေကလဲ တစ်အိမ်ထောင်ကို တစ်ရက်လျှင် ဆန်တစ်ပြည်စီထောက်ပံ့ပေးနေတာ ရှိပါတယ်၊   မီးဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အဓိက ဖြစ်သလို အဝတ် အထည်တွေကလည်း လိုအပ်နေပါတယ် ၊ ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင် 09421714579 ကို ဆက်သွယ်နိုင်ပါတယ် ”ဟု ၄င်းက ပြောသည်။
 
မင်းဂံရပ်ကွက်တွင် ဒုက္ခများအတွက် အခမဲ့ဆေးကုသနိုင်ရန် အရေးပေါ်ဆေးကုသခန်းတစ်ခုကိုရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဖွင့်လှစ်ထားကြောင်း သိရသည်။
 
လက်ရှိအနေအထားအရ ဒုက္ခသည်စခန်းများအတွက် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအတွင်းရေးမှူးဦးခိုင်ပြည်စိုးက ပြောသည်။
 
“ဆရာဝန်ကတော့ လိုအပ်နေပါတယ်၊အခု ဆရာဝန်တစ်ယောက်နဲ့ သူနာပြုဆရာမ(၈)ယောက်က ဆေးဝါး ကုသပေးနေပါတယ်၊  အခု ဒုက္ခစခန်းတွေမှာ ငှက်ဖျားရောဂါတွေပိုဖြစ်ပွားနေတာတွေ့ရပါတယ်၊ ပြီးတော့ ဝမ်းဖော ဝမ်းရောင်   ရောဂါတွေလည်း   ဖြစ်ပွားလာနေတယ်၊  ဒါကို ကုသဖို့အတွက် ဆေးဝါးတွေ လိုအပ်နေပါ တယ်၊   အရေးကြီးတဲ့ ဆေးဝါးတွေလည်း မရှိသေးဘူး၊’’ဟု သူက ပြောသည်။
 
မင်းဂံရပ်ကွက်သည် ဆင်းရဲသည့် ရပ်ကွက်တစ်ခု ဖြစ်သဖြင့်  ဆေးဝါးကုသရန် ငွေကြေးမတတ်နိုင်သူ များပြီး တစ်နေ့လျှင် လူနာ ၃၀၀ ကျော်လာရောက် ကုသကြကြောင်း ၄င်းက ပြောဆိုခဲ့သည်။
 
အလားတူ  စစ်တွေမြို့  အုန်းတပင်ရပ်ကွက်၊ ကုန်တန်းရပ်ကွက် ရွှေစေတီကျောင်းတို့တွင်လည်း ဒုက္ခသည်များ အားနေရာချထား လျက် ရှိကြောင်း သိရှိရသည်။
မိုးဝေ- ရခိုင်ပြည်နယ်(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1