Wednesday, June 20, 2012

သီလရှင် ဝတ်မယ့် သင်ဇာဝင့်ကျော်

Ever November | 6/20/2012 10:56:00 PM | Best Blogger Tips
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများသွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရန်ပုံငွေဖျော်ဖြေပွဲအတွက်ဇာတ်တိုက်လေ့ကျင့်မှုများပြု
လုပ်နေသော သင်ဇာ ဝင့်ကျော် က ဇူလိုင်လအတွင်း သီလရှင်ဝတ်ရန် စီစဉ်ထားကြောင်း 7 Day News သို့ ပြောသည်။
"၇လပိုင်းလကုန်လောက်ဒါမှမဟုတ်လလယ်ပိုင်းလောက် ဖြစ်ဖြစ်သီလရှင်ဝတ်ဖြစ်မယ်။ မွေးနေ့ကြောင့်
လည်း မဟုတ်ပါ ဘူး။ ဒီတိုင်းပဲ ဝတ်ချင်လို့ ဝတ်ဖြစ်မှာပါ"ဟု သူမကပြောသည်။ ယခုနှစ်သင်္ကြန်ကာလအတွင်း သူမ၏ဝတ်စားဆင်ယင်မှု သတင်းများနှင့် သူမ၏ ဖခင်နှင့်ပတ်သက်သည့်သတင်းများအပေါ် သင်ဇာဝင့်ကျော်က "အဲဒီအကြောင်းတွေဘာမှမပြောချင်ပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝနဲ့ ပြင်ပကလူမှုဘဝကိုလည်းြေူ-ခေညန မျှအောင် ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝဆိုတာ တိုတိုလေး။ ကိုယ်နေနေကျ လိုက်ဖ်စတိုင်လ်အတိုင်းနေမယ်။ အဓိက အရေးကြီးတာက ကိုယ်ဒီလိုအလုပ်လုပ်နေတဲ့အတွက် ဒီအလုပ်ပေါ်စေတနာထားဖို့ အရေးကြီးတယ်" ဟု ဖြေကြားသွားခဲ့သည်။
မေလအတွင်း ဗီဒီယိုဇာတ်ကားတစ်ကားကိုလက်ကျန်ဇာတ်ဝင်ခန်းများ ရိုက်ကူးပေးရန်ရှိပြီး ပြင်ဦးလွင်တွင်ရိုက်ကူးခဲ့သော 'တက်တူး' ဗီဒီယိုဇာတ်ကား ဇာတ်ဝင်ခန်းအတွက် တက်တူးများထိုးခဲ့ရာ တက်တူးထိုးခြင်းအပေါ် သူမ၏ အမြင်ကိုမေးရာ၌ " တက်တူးကို ကြိုက်လို့ထိုးခဲ့တာပါ။ လူစိတ်ဝင်စားအောင်ထိုးတာမဟုတ်ပါဘူး။ ဒီဇာတ်ကားကာရိုက်တာဝင်အောင် ထိုးတာလည်းမဟုတ်ပါဘူး"ဟု ပြောသည်။
ကြူကြူဟန်
BY 7DAY NEWS

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1