Wednesday, June 20, 2012

အော့စ်ပရေး လေယာဉ် ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို ဂျပန်နိုင်ငံသားများ ဆန့်ကျင်လျက်ရှိ

Ever November | 6/20/2012 09:34:00 AM | Best Blogger Tips

ဂျပန်နိုင်ငံအိုကီနာဝါစီရင်စုရှိဖူတန်မာ လေတပ်စခန်းမှာအမေရိကန်အစိုးရက အော့စ်ပရေး လေယာဉ်တွေ
 ဖြန့်ကြက်ချထားမယ့် အစီအစဉ်ကို ဒေသခံတွေကဆန့်ကျင်နေကြ တယ်လို့ သိရပါတယ်။ အဆိုပါ ဖူတန်မာ လေတပ်စခန်းတည်ရှိရာ ဂီနိုဝမ်မြို့မှာ ယမန်နေ့က လူ ငါးထောင်ခန့် စုရုံးခဲ့ကြပြီး အော့စ်ပရေး လေယာဉ်အမျိုးအစားဟာ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် အခုလို ဖြန့်ကြက်ချထားမယ့် အစီအစဉ်ကို သဘောမတူခြင်း ဖြစ်တယ်လို့ ၎င်းတို့ကပြောပါတယ်။

ဂီနိုဝမ်မြို့တော်ဝန် အာဆူရှီ ဆာကီမာ ကလည်း ဖူတန်မာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လေတပ်စခန်းအဖြစ် ယူဆလို့ရပြီး အခုလို ထားရှိမယ့် အော့စ်ပရေး လေယာဉ်ရဲ့ လုံခြုံရေး အခြေအနေဟာလည်း သံသယ ဖြစ်စရာရှိ တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြို့တော်ဝန်က အဆိုပါ အမေရိကန်တို့ရဲ့ အော့စ်ပရေး လေယာဉ်ဖြန့်ကြက်ချထားမယ့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ပေးဖို့ အမေရိကန်နဲ့ ဂျပန်အစိုးရတွေထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1