Tuesday, June 12, 2012

ယခင်ကထက်လိုင်းဆွဲအား ပိုကောင်းသော အင်တာနက်ရရှိနိုင်တော့မည့် CDMA 800 MHz ဖုန်းများ

Ever November | 6/12/2012 08:33:00 PM | Best Blogger Tips
လက်ရှိချထားပေးလျှက်ရှိသော CDMA 800 MHz ဖုန်းများအား အင်တာနက်လျှောက်ထားမှု ကို ဇွန်လ (၁၂) ရက်နေမှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြေင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
 
အဆိုပါ လျှောက်ထားမှုကို ယခင်ချထားပေးသောမိုဘိုင်းဖုန်းများကဲ့သို အင်းတာနက်လျှောက်ထားနိုင်မည်ဖြစ်သည်။
 
“အခု ရှိချထားပေးသော CDMA 800 MHz ဖုန်တွေက EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုခွင်ရမှာဖြစ်တယ်၊ ဒါပေမယ် ခုလောလောဆယ်တော့ အသုံးပြုလိုရမှာမဟုသေးဘူး၊ ” ဟု မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

CDMA 800 MHz ဖုန်းများအတွက် အင်တာနက် အသုံးပြုခွင့်ပေးရာတွင် EVDO စနစ်ဖြင့် အင်တာနက် အသုံး ပြုခွင့်ပေး မည်ဖြစ်ပြီး လောလောဆယ်တွင် အင်တာနက်ကိုသာ အသုံးပြုလိုရမည်ဖြစ်သည်။ ယခင်ကလည်း အဆိုပါဖုန်းများတွင် အင်တာနက်အသုံးပြုခွင့် ပေးပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
 
ယခုချထားပေးသော CDMA 800 MHz ဖုန်းများသည် ယခင်ချထားပေးသော်  မိုဘိုင်းဖုန်းများထက် အင်တာ နက် လိုင်းဆွဲအားပိုမိုကောင်မွန်ကြောင်းသိရှိရသည်။
 
“အခုက တစ်သောင်းပဲ ပေးရတော့တယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ လျှောက်မယ်လို့ စဉ်းစားထားပါတယ်၊ အင်တာနက် အမြန်နှုန်းကလည်း EVDO စနစ်နဲ့ ပေးတာဆိုတော့ မြန်မယ်လို့ ထင်ပါတယ် EVDO စနစ်က လောလောဆယ်သုံးလို မရသေးပေမဲ့ နောက်ရမှာပါ ” ဟု အင်တာနက်အသုံးပြုလိုသူ ကိုသားငယ် က ပြောသည်။
 
အဆိုပါ ဖုန်းများအတွက် အင်တာနက် လျှောက်ထားရာတွင် ယခင်က ကျပ်သုံးသောင်းဖြင့် လျှောက်ထား ရခြင်းဖြစ်ပြီး ယခုပြန်လည်ချ ထားပေးရာတွင် ကျပ်တစ်သောင်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်းသိရှိရသည်။

အင်တာနက်လိုင်း လျှောက်ထားမှုအား တိုင်ဒေသကြီးများနှင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ဆက်သွယ်နေရး မန်နေဂျာရုံးများတွင် လျောက်ထားနိုင်ကြောင်း သိရှိရသည်။ 
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1