Thursday, June 21, 2012

ဘာသာရပ်အသစ်များ သင်ကြားပို့ချပေးရန် Manchester Metropolitan University နှင့် စင်ကာပူအခြေစိုက် PSB Academy တို့လက်မှတ်ရေးထိုးခဲ့

Ever November | 6/21/2012 08:54:00 PM | Best Blogger Tips

စင်ကာပူအခြေစိုက်PSBAcademyတွင် နိုင်ငံတကာကျောင်းသားများအတွက်သြစတြေးလျတက္ကသိုလ်
များဖြစ်သောUniversityofNewcastle နှင့်UniversityofWollongongတို့မှဘွဲ့များကို လေ့လာသင်ယူနိုင်
ရန် စီစဉ်ထားရှိပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပို့ချပေးနိုင်ရန်

PSB ၏ယူကေ Partner University အသစ်အဖြစ် Machester Metrpolitan University ဖြင့်လက်မှတ်ရေးထိုးခဲ့ကြောင်း CROWN Education မှသိရသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအနေဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ Bachelor of Arts (Honours) Accounting and Finance, Bachelor of Arts (Honours) Business Management, Bachelor of Arts (Honours) International Business စသည့်ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး Direct Honours Degree ပရိုဂရမ်ဖြစ်ကာ ဘာသာရပ် ၁၂ ခုကို ၂ နှစ်အတွင်း လေ့လာသင်ယူနိုင်မည်ဖြစ်သည်။ PSB တွင်တက်ရောက်၍ Machester Metropolitan University မှပေးအပ်မည့် အဆိုပါဘွဲ့ဒီဂရီများမှာ အင်္ဂလန်နိုင်ငံတွင် သွားရောက်ယူရသည့်ဘွဲ့နှင့် ထပ်တူညီမျှစွာရရှိမည်ဖြစ်ပြီး အင်္ဂလန်မှဆရာများနှင့် PSB မှ အရည်အချင်းပြည့်ဝသည့် ဆရာများမှ သင်ကြားပေးမည်ဖြစ်သည်။ “ဒီပညာရေးလမ်းကြောင်းရဲ့ ထူးခြားချက်က မြန်မာပြည်မှာ တက္ကသိုလ်တစ်နှစ်တက်ပြီးတဲ့သူတွေ၊ LCCI (III) တို့ ABE တို့ NCC IDBA တို့ပြီးဆုံးထားတဲ့သူတွေအတွက် Foundation မလိုဘဲ Year 1 ကိုတန်းတက်နိုင်ပါတယ်။ ABE Higher Diploma ပြီးဆုံးထားသူတွေဆိုရင် Year 2 ကိုတန်းလျှောက်ထားနိုင်ပါတယ်။ အင်္ဂလန်ကျောင်းနဲ့လည်း ကျွန်တော်တို့ချိတ်ဆက်ထားတဲ့အတွက်အင်္ဂလန်မှာ နောက်ဆုံးနှစ်သွားရောက်တက်ရောက်မယ်ဆိုရင်လည်း ဘယ်လိုဝန်ဆောင်ခမှမယူဘဲ ယူကေဗီဇာလျှောက်ထားတာတွေ၊ အင်္ဂလန်မှာ နေဖို့ထိုင်ဖို့ကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးမှာပါ” ဟု ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ၎င်းတို့၏ ၀န်ဆောင်မှုနှင့်ပတ်သက်ပြီးပြောသည်။ အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့် IELTS 6.0 တင်ပြရန်လိုအပ်ပြီး၊ အဆိုပါ ၂ နှစ်ဒီဂရီအတွက် ကုန်ကျစားရိတ်မှာ အခွန်အခများ အပါအ၀င် စင်ကာပူဒေါ်လာ ၃၂,၁၀၀ မြန်မာကျပ်ငွေသိန်း ၁၉၀ ကျော်ခန့်ကုန်ကျမည်ဖြစ်ကာ ၅ ကြိမ်မှ ၆ ကြိမ်အထိ အရစ်ကျပေးသွင်းနိုင်သည့်အပြင် အင်္ဂလန်တွင် သင်ယူမည့်ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းသက်သာကြောင်း သိရသည်။ စက်တင်ဘာလ 2012 Intake အတွက်လျှောက်ထားသူများ အထူးအခွင့်အရေးအဖြစ်မည်သည့်ဝန်ဆောင်ခအခကြေးငွေ၊ ကျောင်းလျှောက်လွှာကြေးမှ ပေးဆောင်ရန်
မလိုဘဲ ကျောင်းသားဗီဇာရရှိသည့်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။ CROWN Education ဖုန်း-၀၉-၇၃၂၇ ၃၂၇၇ နှင့် ၀၉-၅၀၈ ၅၁၈၅ တွင် ဆက်သွယ်စုံစမ်းနိုင်သည်။

ရေးသားသူ -စိုးမြင့်ထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1