Thursday, June 21, 2012

USB MINI SYCN/Charger Cable သစ်များဝင်

Ever November | 6/21/2012 09:12:00 PM | Best Blogger Tips
ဒီတစ်ပတ် IT ပစ္စည်းဈေးကွက်ထဲကို USB အသုံးပြုပြီး DATA Transfer နဲ့အားသွင်းပြုလုပ်နိုင်တဲ့ Cable သစ်တွေဝင်လာပါတယ်။ တစ်မျိုးက Samsung Galaxy TAB အတွက်ဖြစ်ပြီး မော်ဒယ် SK-04 ဖြစ်ပါတယ်။

တစ်မျိုးက iPad, iPad 2, New iPad, iPod, iPhone 4, iPhone 4S စတဲ့ Apple Product တွေအတွက်ဖြစ်ပြီး မော်ဒယ် 1K-06 ဖြစ်ပါတယ်။ အရှည်တစ်မီတာစီရှိပြီး တစ်ဖက်က ကွန်ပျူတာ USB Port မှတပ်ဆင်ရပြီး တစ်ဖက်ကသုံးမယ့်ပစ္စည်းတွေမှာ တင်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ Data နဲ့ Charger နှစ်မျိုးသုံးနိုင်ပေမယ့် တစ်ချိန်တည်းမှာတော့ သုံးနိုင်တာမဟုတ်ပါဘူး။ တစ်မျိုးတည်းပဲ သုံးနိုင်ပါတယ်။ Data Transfer လုပ်နေစဉ် Charger မသုံးနိုင်ပါဘူး။ Data Transfer နှုန်းက USB 2.0 နဲ့ပဲအလုပ်လုပ်ပေးပါတယ်။ တန်ဖိုးအနေနဲ့ Samsung က ကျပ်သုံးထောင့်နှစ်ရာဖြစ်ပြီး iPad က ကျပ်လေးထောင့်နှစ်ရာ ဖြစ်ပါတယ်။ လိုအပ်ရင် ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ရနိုင်ပါတယ်။ 
ရေးသားသူ -အောင်အောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1