Monday, July 2, 2012

နှစ် ၆၀ ကြာ ထီးနန်းစံခဲ့သည့် အလိဇဘက်ဘုရင်မကို ဂုဏ်ပြုရန်အတွက် Big Ben ခေါင်းလောင်းရှိရာ နာရီစင်တာဝါကို အလိစ်ဇဘက်တာဝါဟု အမည်ပြောင်း

Ever November | 7/02/2012 10:40:00 AM | Best Blogger Tips

နှစ် ၆၀ ကြာ ထီးနန်းစံခဲ့သည့် ဗြိတိန်ဘုရင်မအလိဇဘက်ကို ဂုဏ်ပြုရန်အတွက် Big Ben ခေါင်းလောင်းရှိရာ နာရီစင်တာဝါကို အလိစ်ဇဘက်တာဝါဟု အမည်ပြောင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်ပါလီမန်၏ တာဝန်ရှိသူများက ထုတ်ပြန် ကြေညာခဲ့သည်။
ဗြိတိန်၏ လူသိအများဆုံး အထင်ကရ အဆောက်အအုံများထဲမှ တစ်ခုဖြစ်သည့် နာရီစင်၏အမည်ကို ပြောင်းလဲရန်အတွက် ပါလီမန်အဖွဲ့ဝင်များက အဆိုပြုခဲ့ပြီးနောက်တွင် အမည်ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
နာရီစင်တာဝါ(Clock Tower)ကို အမည်ပြောင်းရန် အဆိုပြုမှုကို ထောက်ခံသူသည့် အကြီးတန်း ပုဂ္ဂိုလ်များထဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ဒုတိယ၀န်ကြီးချုပ် နစ်ကလက်ခ်နှင့်  လေဘာပါတီခေါင်းဆောင် အက်ဒ်မီလီဘန်းတို့လည်း ပါဝင်ခဲ့သည်။ ပါလီမန်အဖွဲ့ဝင် ထက်ဝက်ကျော်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ မျှော်စင်အမည်ပြောင်းရန်အတွက် ဗြိတိန်ပါလီမန်၏ အောက်လွှတ်တော်ကော်မရှင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကိုးတို့ ဆွေးနွေးခဲ့ပြီးနောက်တွင် မီးစိမ်းပြခဲ့ခြင်း ဖြစ်သည်။
အလိဇဘက်မျှော်စင်ဟု ပြောင်းလဲခြင်းသည် အလိဇဘက်ဘုရင်မ၏ ထီးနန်းစံသက် နှစ် (၆၀) ပြည့်မှုကို အသိအမှတ်ပြုရန် ထိုက်တန်သည့် ဂုဏ်ပြုမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြောကြားခဲ့သည်။ ဘုရင်ကို ဂုဏ်ပြုရန်အတွက် Westminister နန်းတော်ရှိ အစိတ်အပိုင်းတစ်ခုကို အမည်ပြောင်းလဲမှုသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဗစ်တိုးရီးယားဘုရင်မ၏ ထီးနန်းစံသက်နှစ် (၆၀) ပြည့် စိန်ရတုကျင်းပခဲ့သည့် ၁၉ ရာစုနှစ် အတွင်းကလည်း Westminister ကို ဗစ်တိုးရီးယားတာဝါအဖြစ် အမည်ပြောင်းလဲခဲ့ဖူးသည်။
အလိဇဘက်မျော်စင်ဟု အမည်ပြောင်းခဲ့သည့် နာရီစင်ကို ၁၈၄၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ပါလီမန်၏ သမိုင်းအထောက်အထားများတွင် ဖော်ပြခဲ့သည်။ မျက်နှာလေးဖက်ပါဝင်သည့် နာရီစင်၏ခေါင်းလောင်းကြီးကို ၁၈၅၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ၁၃ တန်ခွဲ လေးသည့် ခေါင်းလောင်းအတွင်းဘက်ရှိ Big Ben အမည်ကို အစွဲပြုပြီး Big Ben ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၃၁၆ ရှိသည့် အဆိုပါမျှော်စင်သည် လန်ဒန်နှင့် ယူကေရှိ အထိမ်းအမှတ် သင်္ကေတများစွာထဲမှ တစ်ခုဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1