Monday, July 2, 2012

ဆက်သွယ်ရေးကဏ္ဍ၏ Mobile Banking နှင့် Postal Banking ၀န်ဆောင်မှုများဆောင်ရွက်မည်

Ever November | 7/02/2012 10:55:00 AM | Best Blogger Tips

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ Mobile Network နှင့် Postal Network တို့ကိုအသုံးပြု၍ Mobile Banking၀န်ဆောင်မှုလုပ်ငန်းနှင့်PostalBanking၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်
ဖြစ်ကြောင်းသိရှိရသည်။အဆိုပါဆောင်ရွက်ချက်အတွက်စိတ်ပါဝင်စားသည့်ဘဏ်များနှင့် ငွေကြေး
အဖွဲ့အစည်းများအနေဖြင့်

အဆိုပြုလွှာများတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။ “အရင်တုန်းက ငွေစုဘဏ်လုပ်ငန်းဆိုတာရှိခဲ့တယ်။ Postal Banking ဆိုတာက ငွေစုရုံတင်မကဘဲ ငွေလွှဲတာတွေပါ လုပ်နိုင်မှာဖြစ်တယ်။ အီလက်ထရောနစ်စနစ်သုံးပြီး ငွေလွှဲတာမျိုးဖြစ်ပါတယ်။ Postal Network ရှိတဲ့မြို့ကြီးတွေအချင်းချင်း ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု Postal Banking နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။ Mobile Banking မှာ Mobile ဖုန်းများအား အသုံးပြု၍ Balance Checks, Account Transcation, Payments, Credit Applications များနှင့် အခြားဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Mobile Banking နှင့် Postal Banking ၀န်ဆောင်မှုများဆောင်ရွက်ရန်အတွက် အဆိုပြုလွှာများဖိတ်ခေါ်ခြင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Mobile နှင့် Postal Infrastructure တို့ကိုအသုံးပြုရန်သာဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဥပဒေဌာနများနှင့် ဦးစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသိပေးကြေညာထားသည်။ Mobile Banking အဆိုပြုလွှာများကို အင်ဂျင်နီယာချုပ်၊ ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်း၊ ရန်ကုန်မြို့သို့လည်းကောင်း၊ Postal Banking အဆိုပြုလွှာများကို စီမံကိန်းနှင့်လေ့ကျင့်ရေးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော်စာတိုက်ကြီးသို့လည်းကောင်း ချိတ်ပိတ်တင်ဒါ ပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း-၀၆၇-၄၂၀၆၁၁၊ ၀၁-၅၄၀၁၉၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1