Monday, July 2, 2012

MSI WINDTOP AE 2070

Ever November | 7/02/2012 10:43:00 AM | Best Blogger Tips

ဒီတစ်ပတ် နေပြည်တော်ဈေးကွက်ထဲကို MSI WINDTOP AE 2070 All in One PC (Entertainment Series) ၀င်ရောက်လာပါတယ်။ CPU ကို Intel Sandy Bridge G620 (2.6 GHz) 2Core 4Threads အသုံးပြုထားပြီး Graphic ပိုင်းကိုတော့ Intel H61 Express Chipset အသုံးပြုထားတာကို တွေ့ရပါတယ်။

Memory ပိုင်းကိုတော့ DDR3 2GB (1066 MHz) တစ်ချောင်းထည့်သွင်းထားပြီး လိုအပ်ရင် 8GB အထိ ထပ်မံထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် 500GB (SATA) ပမာဏရှိတဲ့ Hard disk ထည့်သွင်းပေးထားပါတယ်။ 20" 1600x900 Wide Screen Multi-Touch Panel ကိုအသုံးပြုထားတာကြောင့် Touch စနစ်မှာလည်း သွက်လက်မြန်ဆန်နေမယ်လို့ သိရပါတယ်။ Microphone တပ်ဆင်ထားတဲ့ 1.3 Megapixel Webcam, Mini PCIE
X2, 6 in 1 CardReader, 2 USB 3.0, 4 USB 2.0, HDMI Port တို့ပါဝင်ပါတယ်။ SRS Premium Sound Audio စနစ်ထည့်သွင်းပေးထားတဲ့ 3W Speaker နှစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ ပါဝါစားသုံးမှုက 35 watt ရှိပြီး 7.31 Kg ပဲရှိပါတယ်။ ပါးလွှာပြီး နေရာယူမှုမရှိသလို အမြင်ဆန်းပြီးစွဲမက်အောင် ဒီဇိုင်းတီထွင်ထားတဲ့အတွက် ရုံးသုံး၊ လုပ်ငန်းသုံးတွေသာမက အိမ်တွင်းသုံး ဖျော်ဖြေရေးကိရိယာအဖြစ်ပါ အသုံးပြုနိုင်မယ့် All in One PC ဖြစ်ပါတယ်။ နေပြည်တော် ပျဉ်းမနား ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Smart Computer ဖုန်း၊ ၀၆၇-၂၁၂၇၆ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ 
ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1