Monday, July 2, 2012

နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးမည့်စနစ် တိုးချဲ့မည်

Ever November | 7/02/2012 10:22:00 AM | Best Blogger Tips

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လက်ရှိ၌ဆိုက်ရောက်ဗီဇာစနစ်ဖြင့် နိုင်ငံခြားသားများအား ပြည်ဝင်
ခွင့်ပေးသည့်စနစ်ဖြင့် ခွင့်ပြုပေးထားပြီး နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ တိုးချဲ့သွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်မှ Arrival Visa ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ခွင့်ပြုလျက်ရှိရာ Business Visa အမျိုးအစားတစ်မျိုးကိုသာ Arrival Visa ထုတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ခွင့်ပြုပေးထားကြောင်း သိရသည်။
''Arrival Visa ကို ဇွန်လ ၁ ရက်နေ့မှ စလုပ်ခဲ့တယ်။ Business Visa ကို စပြီးခွင့်ပြုပေးတာ။ သက်ဆိုင်ရာသံရုံးက ဗီဇာယူစရာ မလိုဘူး။ ဒီကိုလာခဲ့လိုက်။ တန်းပြီးထုပြီး အစစ်အဆေးမရှိပေးတယ်။ သူ့မှာ Black List ပါရင်တောင် နောက်မှ လိုက်စစ်တဲ့စနစ်ပါ။ ဇွန်လ ၁ ရက်နေ့ကစပြီး ဇွန်လ ၃၀ ရက်နေ့အထိ ၉၁၄ ယောက်ကို ပေးပြီးဖြစ်ပါတယ်။ အခုဆို တစ်ရက်ကို ပျမ်းမျှ ၅၀ ကျော်လောက် လာနေပါတယ်။ လုပ်ငန်းတွေကို ရန်ကုန်လေဆိပ်မှာပဲ စလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ မန္တလေး၊ နေပြည်တော်လေဆိပ်တွေမှာပါ တိုးချဲ့ပါမယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1