ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ
ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။
“ဘယ်မှ သွားဖို့ မရှိဘူး။ပစ္စည်းတွေချပြီးဒီနားမှာပဲထိုင်နေဖို့ပဲရှိတယ်။ကလေးတွေကလည်း ကျောင်းတဖက်
တွေနဲ့ အိမ်ငှားတော့လည်း သူများတွေလို အိမ်ငှားခ မတတ်နိုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံးသိန်း တောင်းတဲ့ အိမ်ရှင်တွေလည်း ရှိတယ်။ လခကလည်း နှစ်သောင်း၊ သုံးသောင်း ထပ်ပေးရမှာဆိုတော့ မတတ်နိုင်ဘူး” ဟု အဖျက်ခံရသော အိမ်ဘေးတွင်ထိုင်လျက် ကိုသိုက်စောလင်း က ပြောသည်။
ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့်
ပေးပါရန် အသနားခံစာကို နေပြည်တော်သို့ တင်ထားစဉ် ဖျက်သိမ်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရသောနေအိမ် တအိမ်မှ ဒေါ်ဝါက မဇ္ဈိမကို ပြောသည်
“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ်။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။
လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေဖုန်းတခုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။
လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ်ရှားခိုင်းခဲ့သည်။
ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင်ဆိုင်ရလျက် ရှိသည်။
မဇ္ဈိမ
No comments:
Post a Comment