Sunday, July 22, 2012

လွှတ်တော်သည် အတိုက်အခံပြု၊ ရန်ဖြစ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Ever November | 7/22/2012 11:41:00 PM | Best Blogger Tips

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ ၉-၇-၂၀၁၂ ရက်နေ့ က စ၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လျက်ရှိရာ ယင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါလီမန်တွင်း ပါတီကော်မတီ အဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဖြေကြားရာတွင်
"အခုပြုလုပ်တဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အစည်းအဝေး တက်နေတဲ့ လွှတ်တော်အမတ် အားလုံးပေါင်း ၄၄ ဦးစလုံးနဲ့ တွေ့တာပါ။ အဲဒီမှာ ဥက္ကဋ္ဌ ပြောခဲ့တဲ့အထဲက ထူးခြားတာကတော့ လွှတ်တော်မှာ မေးခွန်းတွေ မေးကြတာတွေ ရှိကြမယ်။ အဆိုတင်တာတွေလည်း ရှိမယ်။ ပြီးတော့ လွှတ်တော်မှာ တင်ထားတဲ့ အဆိုတွေကို ဆွေးနွေး ပြောဆိုတာတွေလည်း ရှိမယ်။ အဲဒါနဲ့ပတ်သက်လို့ ထားရမယ့် သဘောထားကို သူပြောတာက ငါတို့လာတာဟာ အတိုက်အခံလုပ်ဖို့ မဟုတ်ဘူး၊ ရန်ဖြစ်ဖို့လည်း မဟုတ်ဘူး အတူပူးပေါင်း ဆောင်ရွက်ပြီးတော့ ရှိတဲ့အင်အားစုတွေနဲ့ လွှတ်တော်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ၊ တခြား နိုင်ငံရေးပါတီက အင်အားစုတွေနဲ့အတူ နားလည်စွာ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင် ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လာတာဖြစ်တယ်။ အဲလိုသဘောထားနဲ့ ဆွေးနွေးတဲ့နေရာမှာ မေးတဲ့နေရာမှာ အဲဒီလို လုပ်ကြပါတဲ့။ ဒီနေရာမှာ စကားလုံး အသုံးအနှုန်းကအစ ဥပဒေနဲ့အညီ၊ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဖြစ်ဖို့လည်း လိုအပ်တယ်။
ဘယ်သူပဲ အဆိုတင်ချင်တင်ချင်ပေါ့၊ ကန့်သတ်ချင်လို့ မဟုတ်ဘူးတဲ့။ ပါလီမန်တွင်း ပါတီကော်မတီကို ကြိုပြီးတော့ ပွင့်ပွင့်လင်းလင်း တင်ပြကြပါ။ အချင်းချင်း ညှိနှိုင်းကြပါ။ ဥပဒေ အယူအဆချင်း တူနေတယ်၊ တင်ဖို့ အချက်အလက်ချင်း ဆင်တူယိုးမှား ဖြစ်နေတယ်ဆိုရင် ပူးပေါင်းပြီး အချိန်လည်း သက်သာအောင် လုပ်ကြရအောင်ပါ။ လွှတ်တော်မှာလည်း တခြားတခြား အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိတဲ့အတွက် အချိန် သက်သာအောင်လို့ပါတဲ့၊ အဲဒါတွေ ဆွေးနွေးကြပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်မြန်မာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1