ဘယ်သူကဖြင့် တမူးသာမလဲ... 
ပြည်သူတွေကို ရူးနေတာပါလို့ စော်ကားသူ 
အနှီပုဂ္ဂိုလ်တို့ မိမိတို့ ကိုယ်တိုင် ဥစ္စာရူး၊ အာဏာရူး၊ ဘဝင်ရူး၊ 
စည်းစိမ်ရူးရူး နေလား ဘာလားဆိုတာ မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ဖို့ 
လိုပါလိမ့်မယ်..။ ဘယ်သူကဖြင့် တမူးသာနေပါသလဲ..။
ဓာတ်ပုံကတော့ မြန်မာပြည်ရဲ့ 
နာမည်ဆိုးနဲ့ ကျော်ကြားသူတွေထဲမှာ ပါဝင်တဲ့ ဦးအောင်သောင်း အလယ်နဲ့ 
ဦးအောင်သိန်းလင်း ညာအစွန်တို့ ၂ဦးရဲ့ လောဘဇောတိုက်နေတဲ့ မြင်ကွင်းကို 
သမ္မတဦးသိန်းစိန် စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေသလားပဲ.. (တရုတ်ကုန်စည်ပြပွဲ 
မြင်ကွင်း)
အောက်မှာတော့ ဇေယျာချောရဲ့ အောင်သိန်းလင်းအတွက် ရှေ့ဆုံးစာလုံးလေးတွေနဲ့ ဂုဏ်ပြု ကဗျာလေး တပုဒ်ကို ဖော်ပြလိုက်ပါတယ်..။ 
အောင်နိမိတ် အောင်တိတ်ဆောင်
သိန်းသန်းရာ ထောင်မေတ္တာများနဲ့
လင်းလင်းပပ ၀င်းဝင်းပပ နိုးထ
ချီးပမြှောက်စား 'က၀ိ' ကျင့်တရားဖြင့်
ပေအက္ခရာနှင့် ထုထွင်း
ကြီးမြတ်တဲ့ မနက်ခင်း။ ။
ချစ်ခြင်းမေတ္တာအားဖြင့် 
ဇေယျာချော
၂၂။၇။၂၀၁၂
Demowaiyan 



No comments:
Post a Comment