Sunday, July 22, 2012

ဆေးလိပ်ဖြတ် မရသူတို့ အတွက် အီလက်ထရွန်း နစ် E စီးကရက်

Ever November | 7/22/2012 11:18:00 PM | Best Blogger Tips

E စီး ကရက် သုံးစွဲမှု ဟာ ဆေးလိပ် အစားထိုး သောက်သုံး သူများ စွာရဲ့ လက်စွဲ တော်ဖြစ်နေ ပါပြီ။ ကမ္ဘာ ကျော် ရုပ်ရှင်သရုပ်ဆောင်တွေက စပြီး လူငယ်တွေအဆုံးE စီးကရက်ကို အသုံး ပြုနေကြပါပြီ။ ကျန်းမာရေးအရကော၊ စီးပွားရေး (ဆေးလိပ်သောက်တဲ့အတွက် ကုန်ကျစရိတ်)အရကော၊ အနံ့အသက်ဆိုး တွေမထွက်တာအရကော အဘက်ဘက်မှ အကျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ E စီးကရက်မှာ ဆေးလိပ်လို ကျောက် မီးသွေး၊ ဆေးရွက်ကြီး၊ ကာဗွန်မိုနောက် ဆိုဒ်ဒါမှမဟုတ် ပြာစတာတွေမပါဘူး။
စစ်တမ်းတစ်ခုအရ ဆေးလိပ်သောက်သူ တွေမှာE စီးကရက်အစားထိုးသုံးရင် ကုန် ကျစရိတ် ပျမ်းမျှ တစ်နှစ်ကို ဒေါ်လာ တစ်ထောင် သက်သာစေပါတယ်။ ခန္ဓာကိုယ်နဲ့ တခြားဝတ္တုပစ္စည်းတွေ အပေါ် ဆေးလိပ်နံ့လိုမျိုး စွဲကျန်ခြင်း မ ရှိနိုင်ပါဘူး။ E စီးကရက်မှာ အနံ့အရသာ မျိုးစုံရှိပါတယ်။ E စီးကရက်ဟာ ပုံမှန် စီးကရက်လို ဆေးလိပ်သောက်လိုက်ပြီး ရင် အဆုတ်က အငွေ့ပြန်ထွက်တာမျိုး မရှိပါဘူး။
"တကယ်ဆေးလိပ် သောက်သုံး သူအားလုံးဟာ E စီးကရက်ကိုပဲ ပြောင်း သောက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ တစ်နှစ်တာ ပျမ်းမျှ သေစာရင်းက သေဆုံး သူ လူပေါင်း လေးသိန်းကနေ လူပေါင်း လေးထောင်လောက်အထိတောင် ကျ ဆင်းသွားနိုင်တယ်" လို့ အမေရိကန်ပြည် သူ့ ကျန်းမာရေးဆိုင်ရာ သိပ္ပံပညာရှင် များအဖွဲ့မှ ဆေးရွက်ကြီး တိုက်ဖျက်ရေး ဌာနမှူး ဂျိုဝယ်နဇ်ကင် က ပြောပါတယ်။ E စီးကရက်မှာ နီကိုတင်းဓာတ် ပါဝင်ပေ မယ့် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နှုန်းမှာတော့ နီကိုတင်းဓာတ်နဲ့ ကဖင်းဓာတ် အတူတူပဲ ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှု တွေကနေ ဒီလို E စီးကရက်ရဲ့ဖန်တီးဖို့ အ ချက်အလက်တွေ ရလာတာဖြစ်ပါတယ်။
" E စီးကရက်မှာ ပုံမှန်တကယ့် ဆေး လိပ်တွေလို ကင်ဆာနဲ့ တခြားရောဂါ တွေ ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်း အမျိုးလေး ထောင်လည်း မပါဘူး"လို့ ဒေါက်တာထ ရက်ဗစ်စတော့က ပြောပါတယ်။ ဆေး လိပ်ငွေ့ပြန်ထွက်တာမျိုး မရှိလို့ ဆေးလိပ် သောက်ခြင်းကို တားမြစ်ထားတဲ့ နေရာ တချို့မှာ E စီးကရက် သောက်ခွင့်ပြုထား ပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာတင် ဆေးလိပ်အစားE စီးကရက်ပြောင်းပြီး သုံးစွဲသူ ခုနစ်သိန်း ကျော် ရှိသွားပါပြီ။ E စီးကရက်ကို ပုံမှန် စီးကရက် အ ရွယ်အစားအတိုင်း ပြုလုပ်ထားပါတယ်။
ပုံသဏ္ဌာန်နဲ့ သုံးစွဲသူရဲ့ ဟန်ကလည်း တ ကယ့် ဆေးလိပ်သောက်နေသူလို ဖြစ် စေပါတယ်။ E စီးကရက်ဟာ အပူစွမ်း အင်နဲ့ အလုပ်လုပ်တဲ့ ကိရိယာ ဖြစ်ပါတယ်။ E စီးကရက်မှာ သေးငယ်တဲ့၊ ဆေး ရည်ထည့်တဲ့ အကန့်လေးတွေပါပြီး အ များအားဖြင့် အဲ့ဒီအကန့်လေးတွေကို ပြန်သုံးလို့ရပါတယ်။ နောက်အပူထုတ် လုပ်မှု အစိတ်အပိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးရတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါ တယ်။ ဒီအစိတ်အပိုင်းတွေက ဆလင်ဒါ ပုံစံရှိတဲ့ ပုံမှန်စီးကရက် ပုံသဏ္ဌာန်ြွပန် ချောင်းငယ်ထဲမှာ တပ်ဆင်ထားပါတယ်။
လျှပ်စစ်ဓာတ်အားပေးမှုမှာ ဓာတ်ခဲ ဒါမှ မဟုတ် USB Adapter နဲ့ အားသွင်းရ တာဖြစ်ပြီး အလွယ်သယ်နိုင်ပါတယ်။ E စီးကရက် အလုပ်လုပ်ပုံက အနံ့ အရသာ အမျိုးမျိုးရှိတဲ့ ဆေးရည်ထည့် တဲ့ အကန့်ကို အပူပေးတဲ့အခါ ဆေးရည် က အငွေ့ပြန်ပြီး သုံးစွဲသူထံ အငွေ့အ ဖြစ် ရောက်ရှိစေပါတယ်။ ဆေးရည်တွေ ဟာ အနံ့အရသာ အမျိုးမျိုးရှိပြီး နီကို တင်းပါဝင်တဲ့ ဆေးရည်မျိုးအပြင် မပါ တာတွေလည်း ရှိပါတယ်။
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1