Monday, July 23, 2012

ရခိုင်ပြည်နယ်ရှိဘင်္ဂလီမူဆလင်များသို့ ကုန်စည်စီးဆင်းမှု ၂ လ ရပ်တန့်ရန်သဘောတူညီချက်ရ

Ever November | 7/23/2012 04:08:00 PM | Best Blogger Tips

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်များသို့ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ သံဃာတော်များ၊ ကုန်သည်ကြီးများနှင့် မြို့မိ၊ မြို့ဖများ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရာ ရေတိုကာလအတွက် ၂ လရပ်ဆိုင်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသတင်းရရှိသည်။
နိုင်ငံခြားသားဘင်္ဂလီမူဆလင်များ ဇွန်လ အကြမ်းဖက်မှုကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အတွက် မူဆလင်ကုလားများ၏ ရန်ကို ကာကွယ်နိုင်ရန် မြို့မိ၊ မြို့ဖများ၊ ကျောင်းထိုင် ဆရာတော်များ၊ သံဃာတော်များ ကုန်သည်ကြီးများနှင့် မြို့သူ၊ မြို့သားများက အမျိုးသားရေးအမြင်ဖြင့် ညှိုနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သဘာပတိ ဆရာတော်ကြီးက လက်ရှိဖြစ်ပေါ်နေသောအရေးသည် သာမန်အရေးမဟုတ်သလို ဘင်္ဂလီမူဆလင်များအနေဖြင့် ရခိုင်တစ်မျိုးသားလုံးနှင့် သာသနာပျက်စီးရာပျက်စီးကြောင်းကို စီမံချက်ချကာ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် အမျိုးဘာသာ သာသနာ ရေရှည်တည်တံ့ရန်၊  အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက်  ရခိုင်တစ်မျိုးသားလုံးတွင်တာဝန်ရှိပါသဖြင့် အချင်းချင်း နားလည်မှုတည်ဆောက်ကာ လုပ်ဆောင်ရန်လိုအပ်ကြောင်း အစည်းအဝေးတွင် မိန့်ကြားခဲ့သည်။
ကုန်သည်ကြီးများဥက္ကဌ ဦးရွှေထွန်းအောင်က " အမျိုးသားရေးအရ မူဆလင်များအား ရောင်းဝယ်ရေးလုပ်ငန်းများ မလုပ်သင့်ဟုခံယူပါတယ်၊ ရောင်းဝယ်မှုဆိုတာမှာ ဆိုးကျိုးကောင်းကျိုးကို ကြည့်ရပါမယ်၊ အဆိုးဘက်က များလာပါက မရောင်းဝယ်ဘဲနေသင့်ပါတယ်၊ ကုန်သည်ထုထဲမှာလည်း ရောင်းဝယ်မယ်လို့ ခံယူထားတဲ့သူရှိသလို အမျိုးသားရေး စိတ်ဓါတ်နှင့် မရောင်းဝယ်ဘူးလို့ ခံယူထားတဲ့သူတွေလည်းရှိနေပါတယ်၊ ဒီနေ့အချိန်အခါမှာ ညီညွတ်မှုနဲ့တည်ဆောက်ရန်လိုအပ်ပါတယ်၊ ရေတို၊ ရေရှည်စီမံကိန်းချမှတ်ကာ လုပ်ဆောင်သွားရန်လိုအပ်ပါတယ်" ဟု ဆွေးနွေးပွဲ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ ကုန်သည်ကြီးများ၊ မြို့မိမြို့ဖများနှင့် မြို့သူ မြို့သားများကလည်း ဘင်္ဂလီမူဆလင်များအား ကုန်စည် စီးဆင်းမှုကို နည်းအမျိုးမျိုးဖြင့် ထိန်းချုပ်ရန်၊ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ရန်၊ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်နိုင်ရန် စသည့် ကိစ္စရပ်များကို မျိုးသားရေးအမြင်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဘင်္ဂလီမူဆလင်များအား ကုန်ပိစ္စည်းများရောင်းဝယ်ရေးဆိုင်ရာ ထိန်းချုပ်မှုကိစ္စရပ်များကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး သံဃာတော်များအဖွဲ့(စစ်တွေ) မှ အမျိုးသားရေး လုပ်ရပ်အဖြစ် တစ်လကျော်ကြာသည်အထိ ကြိုးစားခဲ့သော်လည်း အလုံးစုံအောင်မြင်မှုမရသည့်အပြင် ခြိမ်းခြောက်မှုမျိုးများကိုလည်း ခံလာရခြင်းကြောင့်   အဆိုပါသံဃာတော်များမှ ဦးဆောင်ကာ ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်သော အစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၂၂ ရက်နေ့က စစ်တွေမြို့ ဒက္ခောင်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ကျင်းပြခဲ့ကြောင်းသိရသည်။
ရခိုင်တိုင်းရင်းသားများအနေဖြင့် နိုင်ငံခြားသား ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကို အနှစ် ၇၀ ကာလအတွင်း တွင် အကြိမ်ကြိမ်ခံစားနေရခြင်း၊ ရခိုင်တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်မြေယာများကို ငွေအား၊ လူအားဖြင့် မတရားသိမ်းယူနေခြင်း၊ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံနေရခြင်းသည် ရခိုင်တိုင်းရင်းသားပြည်သူတို့၏မူလအခွင့်အရေးများဆုံးရှုံနေရခြင်း ဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့်လည်း တိုင်းရင်းသားအရေးသည် ပြည်ထောင်းစုအရေးဟု သတ်မှတ်ထားသော်လည်း ရခိုင်ပြည်နယ်သို့ လုံခြုံရေးတာဝန်အရ ရောက်ရှိနေသော စစ်တပ်တချို့၊ လုံးခြုံရေး ရဲဝန်ထမ်း အကြီးအကဲတချို့တို့မှာ ဘင်္ဂလီမူဆလင်များအား ဆန်အစရှိသော စားသောက်ဖွယ်ရာ ကုန်ပိစ္စည်းများကို စီးပွါးရေးအဖြစ် ဈေးကောင်းဖြင့် တင်ပို့ရောက်ချနေကြကြောင်း သိရသည်။
Arakans Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1