Monday, July 23, 2012

သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်းအထိမ်းအမှတ် ၀မ်းနည်းခြင်းအခမ်းအနားသို့ ဒေါ်စုသ၀ဏ်လွှာ ပေးပို့

Ever November | 7/23/2012 06:44:00 PM | Best Blogger Tips
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း (၄၈)နှစ်မြောက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌  ကျင်းပခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေခြင်းကြောင့်     သ၀ဏ်လွှာ ပေးပို့ကာ ဒီလှိုင်းစာစောင်အမှုဆောင် အယ်ဒီတာတစ်ဦးဖြစ်သူ ဖျာပုံ နီလုံဦးက ဖတ်ကြားခဲ့သည်။
 
“ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်မှာ ၄၈နှစ်ပြည့်သွားပြီဖြစ်သဖြင့် နိုင်ငံချစ်သူများ ငြိမ်းချမ်းရေးချစ်သူမြတ်နိုးသူများ၏ နှလုံးသားများအတွင်းက ဆရာကြီး၏ စိတ်ဓာတ်များ ရှင်သန်လျက်ပါ။ ဆရာကြီး၏ ဆုံးမသြ၀ါဒစာအုပ်များကို သတိရလျက်ပါ။” သ၀ဏ်လွှာအား ဒီချုပ်ပါတီထုတ် ဒီလှိုင်းစာစောင် အမှုဆောင်အယ်ဒီတာ ဖျာပုံနီလုံဦးမှ ဖတ်ကြားခဲ့သည်။
 
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာ.ယ.က ဦးတင်ဦး ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကဗျာဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်တို့နှင့် အခြားသောပါတီဥက္ကဌများ ၊ ကဗျာဆရာများ ၊ သတင်းစာဆရာကြီးများ တက်ရောက် ခဲ့သည်။
 
(၄၈)နှစ်မြောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၀မ်းနည်းခြင်းအခမ်းအနားကို အစီအစဉ်(၁၉) ခုဖြင့် ကျင်းပပြီး နိုင်ငံရေးပါတီဝင်များ ၊ စာပေချစ်မြတ်နိုးသူများ ၊ ငြိမ်းချမ်းရေးလိုလားသူများ တက်ရောက်ခဲ့ကာ နေ့လည်(၁၂)နာရီ ၀န်းကျင်အထိ ကျင်းပခဲ့ကြောင်းကိုလည်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1