ရုရှားနိုင်ငံသည် ဂြိုဟ်တုငါးလုံး သယ်ဆောင်ထားသည့် ဆိုယုဇ်-အက်ဖ်ဂျီ ဒုံးပျံအား ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ဇူလိုင် ၂၂ ရက်က မော်စကိုစံတော်ချိန် နံနက် ၁၁ နာရီ ၄၁ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုငါးလုံးတွင် ရုရှားနိုင်ငံ၏ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ဂြိုဟ်တု Canopus-B နှင့် သုတေသန ဂြိုဟ်တု MKA-PNI၊ ဘယ်လ်လာရုဖ် နိုင်ငံ၏ ကမ္ဘာမြေစောင့်ကြည့် လေ့လာရေးဂြိုဟ်တု BKA၊ ကနေဒါနိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တု ADS-IB နှင့် ဂျာမနီနိုင်ငံ၏ ဂြိုဟ်တုအသေးတစ်လုံးဖြစ်သည့် TET-l တို့ပါဝင်ကြောင်း ရုရှားအာကာသအေဂျင်စီမှ ပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းဆိုယုဇ်-အက်ဖ်ဂျီ ဒုံးပျံသည် ရုရှားနိုင်ငံ၏ ဆိုယုဇ်-ယူဒုံးပျံကို အဆင့်မြှင့်တင်ထားသည့် ဒုံးပျံဖြစ်ပြီး ၂၀၀၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ် လွှတ်တင်ချိန်မှစ၍ ယခု (၂၃)ကြိမ်မြောက် လွှတ်တင်ချိန်မှစ၍ ယခု(၂၃)ကြိမ်မြောက် လွှတ်တင်မှုအထိ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။
(ဆင်ဟွာ)
naytthit.net
No comments:
Post a Comment