ဆရာတော်မှာဘုရင့်နောင်လက်ထက်ကတည်းက မြန်မာတွေတည်ထားကိုးကွယ်ခဲ့တဲ့
ရှေးဟောင်းအမွေ
အနှစ်များအား ထိန်းသိမ်းစောင့်ရှောက်သွားကြရန်ရည်ရွယ်၍
တရားဟောခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ရှေးဟောင်းအမွေအနှစ်များအားထိန်းသိမ်းစောင့်ရှောက်ရာ၌ ငွေကြေး၊ရုပ်ဝတ္တု၊လူသားအရင်းအမြစ်နှင့်
တွေးခေါ်မျှော် မြင်မှုသည်အဓိကကျကြောင်း၊အခြားနိုင်ငံတွင်စည်းကမ်းရှိရှိညီညီညွတ်ညွတ်ငြိမ်းချမ်းစွာဖြင့် ထိန်းသိန်းကြရန်အတွက်
မြတ်စွာဘုရားဟောကြားဆုံးမခဲ့သောတရားတော်များအတိုင်း အထောက်အထားဖြင့်
ဟောကြားခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော်သည်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဇူလိုင်လ(၁၅)ရက်နေ့တွင်
ရောက်ရှိခဲ့ခြင်းဖြစ်ပြီးချင်းမိုင်
သို့ ကြွရောက်ခြင်းမပြုမီ မဲဆောက်ရှိ
မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း တရားပြခဲ့၍ ဒေါက်တာ စင်သီယာမောင်
ဆေးခန်းသို့ ထိုင်းဘတ်ငွေ(၅၀၀၀၀)လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
‘’ဒီမှာရောက်နေတဲ့ မြန်မာတွေဆရာတော်ရဲ့တရားပွဲကိုလာတာတော်တော်များတယ်၊
မြန်မာဒကာဒကာ
မတွေကော၊ မီဒီယာသမားတွေနဲ့ ဒီမှာရောက်နေတဲ့
မြန်မာလူမျိုးအားလုံးနီးပါးလာရောက်ဖူးမျှော်ကြတယ်၊ ကျွန်တော့်ဘ၀မှာ
သီတဂူဆရာတော်ရဲ့ တရားကို ကိုယ်တိုင်ကိုယ်ကျ နားထောင်းဖူးတာ
ဒါပထမဆုံးပါပဲ”ဟုချင်းမိုင်ရှိမီဒီယာအဖွဲ့အစည်းတစ်ခုတွင်တာဝန်ထမ်းဆောင်နေသော မြန်မာလူမျိုး
တစ်ဦးက ပြောသည်။
ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းမှ
ကျောင်းထိုင်ဆရာတော် ဦးသြဘာသပျံလွန်တော်မှုပြီးနောက် အဆိုပါကျောင်းတွင်
ထိုင်းကျောင်းထိုင်ဘုန်းကြီးတစ်ပါးကျောင်းထိုင်ရန်အတွက်
ထိုင်းသံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့၍
ကျောင်းအပ်ပွဲကျင်းပရန်စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရောက်
မြန်မာဒကာ၊ဒကာမများက ကန့်ကွက်ဆန္ဒပြခဲ့ ကြသည့်အတွက်
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းသာသနာ့ရေးရာမှ တာဝန်ရှိသူများ
ဆက်လက်ဆွေးနွေးဆဲ ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
လက်ရှိအချိန်တွင်
မြန်မာသံယာများသီတင်းတသုံးနေသည့်ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းတွင်
မြန်မာ
ဘုန်းတော်ကြီးများ ကျောင်းထိုင်နိုင်ရေးအတွက်ဘန်ကောက်သံရုံးကလိုက်လံဆောင်ရွက်ပေးလျက်
ရှိကြောင်းကိုလည်း သိရှိရသည်။
သီတဂူဆရာတော်သည်ယနေ့
ဇူလိုင်လ(၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်
ကော့စမွေကျွန်းနှင့် ဇူလိုင် ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖူးခတ်နှင့်
ဖန်ငခရိုင်တွင် တရားဟောကြားမည်ဖြစ်ပြီး ဘန်ကောက်သို့ ပြန်လည် ရောက်ရှိကာ ဇူလိုင် ၁၉ ရက်နေ့တွင် အမေရိကားသို့ ပြန်လည်ကြွချီမည်ဖြစ်သည်။
အောင်အောင်-ချင်းမိုင်(မြစ်မခ)
No comments:
Post a Comment