Wednesday, July 18, 2012

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ဖွင့်လှစ်ထား

Ever November | 7/18/2012 07:57:00 PM | Best Blogger Tips

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်း (ယခင်တာဝါလိန်းလမ်း)ရှိ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မေလမှစ၍ ကျဆုံးသည့် ၁၉-၇-၁၉၄၇ ရက်နေ့အထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်သုံးစွဲခဲ့သော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ်များ၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အထည်များ၊ ဗိုလ်ချုပ်စီးခဲ့သော မော်တော်ကားတို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စနစ်တကျထိန်းသိမ်း၍ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြည်သူလူထုနှင့် ပြည်ပလေ့လာသူများ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသလျက်ရှိသည်။ ယခင်က အာဇာနည်နေ့ တစ်ရက်တည်းသာ ဖွင့်လှစ်ပြသခဲ့ရာမှ ၂၀၁၂ ခုနှစ် မတ် ၅ ရက်မှစ၍ တနလာင်္၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။ ဝင်ကြေးမှာ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ လူကြီး ငွေကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင်၊ ကလေး ငွေကျပ် ၁၀၀ သတ်မှတ်ထားကြောင်း၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင်မူ အထူးအစီအစဉ်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1